xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ညီမအငယ်ဆုံး ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် အရွေးခံမည်

Monday, May 16, 2011

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ညီမအငယ်ဆုံး ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် အရွေးခံမည်



ရာထထူးမှဖယ်ရှားခြင်းခံရသူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ ညီမအငယ်ဆုံး ဖြစ်သူ Yingluck Shinawatra ဟာ ထိုင်းနိုင်ငံရဲ့အဓိက ပါတီးကြီး ဖြစ်တဲ့ Phue Thai  ပါတီရဲ့ အကြီးအကဲအဖြစ်အတည်ပြု ရွေးချယ် လိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါတယ် ။ ဒါဟာ သူမအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး ၀န်ကြီးချုပ်အဖြစ် ပါဝင်အရွေးခံဘို့ အဆင်သင့် ဖြစ်နေပြီဆိုတာ ပြသ လိုက်တာလဲဖြစ်ပါတယ် ။

ဒီနေ့ (တနင်္လာ) နေ့မှာပြုလုပ်တဲ့ Pheu Thai  ပါတီရဲ့ ယခင်ခေါင်းဆောင်ဟောင်းနဲ့ အမှုဆောင်များ အစည်းအဝေးအပြီးမှာ အခုလိုထုတ်ပြန်ကြေငြာလိုက်တာလည်းဖြစ်ပါတယ် ။ Pheu Thai ပါတီရဲ့ ယခင်ခေါင်းဆောင်ဟောင်းဖြစ်သူ Chalerm Yubamrung  ကတော့ သူမကိုအခုလိုရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ၀မ်းမြောက်ကြောင်း မီဒီယာများကို ပြောကြားခဲ့ပါတယ် ။

သူမဟာ မိသားစုမှာ အငယ်ဆုံးဖြစ်ပြီး ယခုအခါ အသက် ၄၄ နှစ်အရွယ် ရှိပြီဖြစ်ပါတယ် ။ ချင်းမိုင်တက္ကသိုလ်မှ ၁၉၈၈ ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပြီး ၊ အမေရိကန်ပြည်ထောင်စု  Kentucky State မှ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ကို ရရှိထားသူဖြစ်ကြောင်းသတင်းရရှိပါတယ် ။

Voice Of Myanmar