xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နိုင်ငံရေးပါတီအသစ် လျှောက်ထားမှုများ လက်ခံလျှက်ရှိ

Thursday, June 2, 2011

နိုင်ငံရေးပါတီအသစ် လျှောက်ထားမှုများ လက်ခံလျှက်ရှိ

နိုင်ငံရေး ပါတီ တည်ထောင်လိုသူများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေး ပါတီ တည်ထောင် လိုကြောင်း လျှောက်ထားလျက် ရှိကြရာ မေလ ၂၄ ရက်တွင် ဦးကောင်းမြင့်ထွဋ် အပါအ၀င် ပုဂ္ဂိုလ် ၁၆ ဦးက မြန်မာ အမျိုးသား ကွန်ဂရက် (Myanmar National Congress) ကို တည်ထောင်လို သည်ဟု လာရောက် လျှောက်ထားခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာ အရသိရှိရပါသည် ။


ယင်းလျှောက်ထားချက်နှင့် ပတ်သက်ပြီး ပါတီ တည်ထောင်လိုသူ ပုဂ္ဂိုလ်များသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄ နှင့် ပုဒ်မ ၆ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ်ပေးနိုင်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ ၀န်ကြီးဌာနများထံ မေတ္တာရပ်ခံ ညှိနှိုင်းထားကြောင်းလည်းသိရပါသည် ။

ဒါဟာ လက်ရှိတရားမ၀င်ကြောင်းကြေငြာခံထားရတဲ့ NLD ပါတီအနေနဲ့ ဆက်လက်ရပ်တည်ရေး ကြိုးစားမှုများ ဆက်လက်လုပ်ဆောင်နေစရာမလိုဘဲ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ မှတ်ပုံတင်ချင်တယ် ၊ ၊ တရားဥပဒေလမ်းကြောင်းကနေ ဆောင်ရွက်ချင်တယ်ဆိုရင် မှတ်ပုံတင်နိုင်တဲ့အခြေအနေမျိုးရှိတယ်ဆိုတာ အစိုးရက တရားဝင် ဖေါ်ပြလိုက်တဲ့ သဘောပင် ဖြစ်ကြောင်း သုံးသပ်ပြောဆိုလျက်ရှိကြောင်း သတင်းရရှိပါတယ် ။

Voice Of Myanmar