မည်သို့ပင် ဘတ်ဂျက်ပြဿနာ ရှိရှိ၊ လိုငွေ ဘယ်လောက်ပြပြ၊ အမေရိကန် ပြည်ထောင်စုသည် စစ်ရေး အသုံးစရိတ်ကို ၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၇၀၀ ဘီလီယံ ခန့် သုံးစွဲခဲ့ပါသည်။ တရုတ်၊ ရုရှား အပါအ၀င် အခြား စစ်ရေး အကြီးမားဆုံး တည်ဆောက်နေသည့် နိုင်ငံ ၁၇
နိုင်ငံ စုစုပေါင်း သုံးစွဲမှုထက် ပင်သာလွန်နေသည်ကိုတွေ့ရပါသည် ။
အထက်ပါ ပုံတွင် ၂၀၁၀ ခုနှစ် အမေရိကန် စစ်ရေး အသုံးစရိတ် ဒေါ်လာ ၇၀၀ ဘီလီယံနှင့်
အခြားနိုင်ငံများ၏ သုံးစွဲမှု ဒေါ်လာ ဘီလီယံများကို နှိုင်းယှဉ်ပြထားပါသည်။
ထိုနိုင်ငံများရဲ့ ကာကွယ်ရေး အတွက် ဂျီဒီပီ သုံးစွဲမှု
ရာခိုင်နှုန်းများကိုလည်း ယှဉ်တွဲ ဖော်ပြထားပါသည်။
ထိုသို့ စစ်စရိတ်များစွာ သုံးစွဲနေသော အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ၏ စစ်အသုံးစရိတ် ၂ ဘီလီယံကို များသည်ဟုဆိုကာ ကန့်ကွက်ပြောဆိုမှုများရှိခဲ့ပြီး ဒေါ်စုကြည်ဦးဆောင်သော မြန်မာအတိုက် အခံများကလည်း ထောက်ခံခဲ့ကြသည် ။

Voice Of Myanmar