xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဂျာနယ် ၆ မျိုး စိစစ်ရေး ကြိုတင်စရာမလိုဘဲထုတ်ဝေနိုင်ပြီ

Thursday, June 9, 2011

ဂျာနယ် ၆ မျိုး စိစစ်ရေး ကြိုတင်စရာမလိုဘဲထုတ်ဝေနိုင်ပြီ


လာမယ့် ဇွန်လ ၁၀ ရက် သောကြာနေ့ကစလို့ ဂျာနယ် ၆ မျိုးဟာ စာပေစိစစ်ရေး တင်စရာမလိုဘဲ ထုတ်ဝေခွင့် ရကြတော့မှာ ဖြစ်ပါကြောင်း  ဒီဂျာနယ်တွေအတွက် ထုတ်ဝေခွင့်ဆိုင်ရာ စည်းကမ်းချက်တွေ ထုတ်ပြန်ထားသလို အဲဒီထဲမှာ ပြဿနာ ဖြစ်လာတဲ့ ဂျာနယ်အတွက် ငွေဒဏ်ကနေ ထုတ်ဝေခွင့် ပိတ်တဲ့အထိ အရေးယူ ဆောင်ရွက်သွားမယ့် အဆင့်တွေကိုလည်း အသေးစိတ်လည်းဖေါ်ပြထားကြောင်း သတင်းရရှိပါတယ်။
အဲဒီဂျာနယ်အမျိုးအစားတွေကတော့ အားကစား၊ ကလေးစာစောင်၊ အနုပညာနဲ့ ဂမ္ဘီရအပြင် ကျန်းမာရေးနဲ့ နည်းပညာဆိုင်ရာတွေ အတွက် ထုတ်ဝေနေတဲ့ ဂျာနယ် ၆ မျိုး ဖြစ်ပြီး လာမယ့် သောကြာနေ့ကစလို့ စာပေစိစစ်ရေးကို တင်စရာမလိုဘဲ ထုတ်ဝေပြီးမှ တင်ပြတဲ့ ထုတ်တင်စနစ်နဲ့ စတင်တော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယမန်နေ့ နေ့လယ်က ရန်ကုန် ပြန်ကြားရေးဌာနမှာ သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတွေ၊ သတင်းထောက်တွေကို ခေါ်ပြီး ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
တင်ပြစရာ မလိုတဲ့ အတွက်ကြောင့် သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ သက်သာခွင့် ရသွားတယ်ဆိုတော့ အဲဒါကတော့ ကောင်းမွန်ပါကြောင်း ဒါပေမဲ့ လက်တွေ့မှာ ဒီလိုမျိုး မူတွေ ချထားပေမဲ့ ဘယ်လိုဖြစ်လာမလဲ၊ လက်တွေ့ ဘယ်လိုမျိုး အရေးယူ ဆောင်ရွက်မလဲ၊ ဘယ်ဟာက စည်းကမ်းချက်နဲ့ ငြိတယ်၊ မငြိစွန်းဘူး၊ ဘယ်ဟာတွေကို ငွေရေးကြေးရေးနဲ့ အရေးယူမယ်၊ မယူဘူး ဆိုတဲ့ဟာကတော့ လက်တွေ့ကျမှပဲ ကျနော်တို့ သိနိုင်မှာဖြစ်ကြောင်း ပြည်တွင်းဂျာနယ် သတင်းထောက်တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါတယ် ။
 လက်ရှိ တင်းကျပ်ထားသည့် ပုံနှိပ်ထုတ်ဝေရေးဆိုင်ရာ မူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဆင့်လိုက် ဖြေလျော့ပေးသွားရန် ရှိကြောင်းနှင့် အစိုးရသစ် ပေါ်ပေါက်ပြီးပါက ဂျာနယ်၊ မဂ္ဂဇင်း၊ ၀တ္ထု၊ ရုပ်ပြ၊ ပုံပြင် စသည်တို့ထဲမှ အမျိုးအစားအချို့ စိစစ်ရေး တင်ရခြင်းမှ ကင်းလွတ်ခွင့် ရလာတော့မည် ဖြစ်ကြောင်း စာပေစီစစ်ရေးမှ အစိုးရသစ်ကျမ်းသစ္စာ မကျိမ်ဆိုမီ ကတိပေးပြောဆိုခဲ့ပါတယ် ။

သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လိုတယ်လို့ ပြောခဲ့ပြီးနောက်ပိုင်းခုလို စာပေစီစစ်ရေးဆိုင်ရာ အလျှော့ပေးမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာတာဖြစ်ကြောင်းလဲသိရပါတယ် ။ခုထုတ်ပြန်တဲ့ အမိန့်ကြောင့် လက်ရှိ ထုတ်ဝေနေသော ဂျာနယ် ၁၇၂ စောင် အနက် ၈၄ စောင်၊ မဂ္ဂဇင်း ၁၈၄ စောင်အနက် ၁၁၃ စောင်တို့ စိစစ်ရေးတင်ရခြင်းမှ ကင်းလွတ်ခွင့် ရလာမည် ဖြစ်ကြောင်း သိရသည်။
Voice Of Myanmar