xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အီကိုလိုင် ရောဂါပိုးကြောင့် EU မှဟင်းသီးဟင်းရွက် တင်သွင်းမှု ပိတ်ပင်ထားခြင်းအား ရုရှားပြန်လည်ရုပ်သိမ်း

Saturday, June 11, 2011

အီကိုလိုင် ရောဂါပိုးကြောင့် EU မှဟင်းသီးဟင်းရွက် တင်သွင်းမှု ပိတ်ပင်ထားခြင်းအား ရုရှားပြန်လည်ရုပ်သိမ်း


European Commission President Jose Manuel Barroso (R), Russian President Dmitry Medvedev (C) and EU President Herman Van Rompuy (L) attend a press conference after the end of Russia-European Union (EU) talks in Nizhny Novgorod, Russia, on June 10, 2011.
 

လူတွေကို သေစေခဲ့တဲ့ အီးကိုလိုင် (E.Coli) ရောဂါ ပြန့်ပွားမှုကြောင့် EU ဥရောပသမဂ္ဂက ဟင်းသီးဟင်းရွက် တင်ပို့မှုကို ယာယီအားဖြင့် တားမြစ်ခဲ့တာကို ရုရှားနိုင်ငံက ပြန်လည် ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိပါတယ် ။

ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) နဲ့ ဥရောပသမဂ္ဂ ကော်မရှင် အကြီးအကဲတို့ဟာ ရုရှားအလယ်ပိုင်း မြို့ကြီး နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ် (Nizhny Novgorod) မှာ ၂ ရက်ကြာ ဆွေးနွေးခဲ့အပြီး ရုရှားနဲ့ ဥရောပတို့က ပူးတွဲ ကြေညာချက်ထုတ်ပြီး အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

 
ဒီသဘောတူညီချက်ကြောင့် ဥရောပသမဂ္ဂဘက်ကလည်း ရုရှားကိုပို့မယ့် ဟင်းသီးဟင်းရွက်တွေအပေါ် လုံခြုံစိတ်ချမှုအတွက် အာမခံပေးရမှာ ဖြစ်ပါတယ်။ ရုရှားဟာ ဥရောပသမဂ္ဂက ဟင်းသီးဟင်းရွက်တွေ အများဆုံး တင်သွင်းတဲ့ နိုင်ငံများထဲက တစ်နိုင်ငံဖြစ်ပါတယ် ။