xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဘန်ကီမွန်း ဒုတိယသက်တမ်း အတည်ဖြစ်ပြီ

Tuesday, June 21, 2011

ဘန်ကီမွန်း ဒုတိယသက်တမ်း အတည်ဖြစ်ပြီ

 
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက လက်ရှိ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကို နောက်ထပ် ၅ နှစ် ဆက်ခန့်ထားဖို့ မဲပေး ဆုံးဖြတ်လိုက်ကြပြီဖြစ်ကြောင်းသိရပါတယ် ။ နိုင်ငံပေါင်း ၁၉၂ နိုင်ငံပါတဲ့ ဒီညီလာခံကြီးက ဇန်န၀ါရီလ ၁ ရက်နေ့မှာစမယ့် ဘန်ကီမွန်းရဲ့ ဒုတိယသက်တမ်း အတွက် မနေ့က  ဆုံးဖြတ်လိုက်ကြတာဖြစ်ကြောင်းလဲသိရပါတယ်။

အသက် ၆၇ နှစ် ရှိပြီဖြစ်တဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာဘန်ကီမွန်းဟာ အခုလို ထောက်ခံမှုတွေ ရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူမိကြောင်း ပြောခဲ့ပါတယ်။ သူဟာ ၂၀၀၇ ဇန်န၀ါရီလ ၁ ရက်နေ့ကတည်းက အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့တာဖြစ်ပြီး ခုရွေးချယ်ခံရတဲ့ ဒုတိယသက်တမ်းကတော့ ၂၀၁၆ မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
 
သူ့ကိုထောက်ခံသူတွေကတော့ သူဟာ ပြီးခဲ့တဲ့ သက်တမ်းအတွင်း ရာသီဥတု ပြောင်းလဲမှု၊ လက်နက်လျှော့ချရေး၊ ကျား မ ညီမျှမှုနဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိစ္စတွေကို သူ့ရဲ့ ဦးစားပေး လုပ်ငန်းတွေအဖြစ် လုပ်ကိုင်ခဲ့တယ် ၊  ဒီကာလအတွင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အနေနဲ့ ဒုက္ခရောက်နေ တဲ့ နိုင်ငံတွေကို အကူအညီပေးတဲ့ အနေနဲ့ ပုဂ္ဂိုလ်ရေးအရလည်း အဆက်မပြတ် ဆောင်ရွက် ခဲ့သူ ဖြစ်တယ် ဆိုပြီး ပြောဆိုကြပါတယ် ။



ဝေဖန် ကန့်ကွက်သူတွေကတော့ သူဟာ အမေရိကန်လိုလားသူဖြစ်တယ် ၊ အမေရိကန်ပြောသမျှ လိုက်လုပ်နေသူဖြစ်တယ် ၊ သူ့လက်ထက်မှာ UN ကို US အဖြစ် ကမ္ဘာက မြင်လာကြတယ် ၊ သူ့လက်ထက်မှာ အာဖရိကတိုက်ကြီး တစ်တိုက်လုံးနီးပါး ငြိမ်းချမ်းရေးပျက်ပြားခဲ့တယ် ၊ အီရတ် အရေး ၊ အာဖဂန်အရေးစတဲ့ ကမ္ဘာ့အရေးတွေဘာမှ မပြေလည်သွားတဲ့အပြင် လစ်ဗျားလိုအရေးတွေတိုးလာတယ် ၊ တောင်မြောက် ကိုရီးယားအရေးတွေ ပိုဆိုးလာတယ် ၊ ၀ီကီလိကဖွင့်ချခဲ့တဲ့ ကြေးနန်းတွေအရ သူ့ရဲ့ ကုလလက်အောက်ခံအဖွဲ့အစည်းတွေဟာ အမေရိကန်သံတမန်တွေရဲ့အမိန့်အတိုင်း လုပ်နေတယ် ဆိုတာ ပေါ်ပေါက်ခဲ့ဘူးတယ် ၊ အခြေအနေတစ်ခုမှာ မြောက်ကိုရီးယား ကို အမေရိကန်ဦးဆောင်တဲ့တပ်တွေ စစ်ရေးအရ ၀င်ရောက်လိုရင် အလွယ်တကူအဆင်ပြေအောင် ကြိုရွှေ့ထားတဲ့ အမေရိကန်ရဲ့ နယ်ရုပ်ကလေးတစ်ရုပ်သာ ဖြစ်တယ် စသည်ဖြင့် ပြောဆိုလျှက်ရှိ တယ်လို့သတင်းရရှိကြောင်း တင်ပြအပ်ပါသည် ။


Voice Of Myanmar