xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ခိုက်ရန်ဖြစ်ပွားခဲ့သောတရုတ်လူငယ်များအား တရုတ်ပြန်ပို့ မန်းကျောက်ဝိုင်း ပုံမှန်အတိုင်းဖွင့်လှစ်

Thursday, June 30, 2011

ခိုက်ရန်ဖြစ်ပွားခဲ့သောတရုတ်လူငယ်များအား တရုတ်ပြန်ပို့ မန်းကျောက်ဝိုင်း ပုံမှန်အတိုင်းဖွင့်လှစ်


 
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကျောက်မျက် ရတနာဈေးတွင် ဇွန် ၂၇ ရက်နေ့ နံနက်ပိုင်းက ကျောက်ကုန် သည်များ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကျောက်ဝိုင်းအား ယာယီပိတ် လိုက်သော်လည်း ဇွန်လ ၂၈ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါရန်ပွဲမှာ တရုတ်ကျောက် ကုန်သည်ငါးဦးမှ မြန်မာကျောက်ပွဲစားတစ်ဦးအား ကျောက် အရောင်းအဝယ်ကိစ္စနှင့် ပတ်သက်၍မကျေနပ်ရာမှ ဝိုင်းဝန်းထိုး ကြိတ်ကြရာမှတစ်ဆင့် ဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး ဘေးပတ်ဝန်းကျင်ရှိ လူများက ဝင်ရောက်ဖျန်ဖြေရာမှတစ်ဆင့် ရန်ပွဲမှာ ကြီးထွားလာ ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် မဟာအောင်မြေရဲစခန်းနှင့် အမှတ် ၇ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လူစုခွဲခဲ့သည့်အတွက် ရန်ပွဲမှာပြီးဆုံးသွားခဲ့ကြောင်း၊ အဆိုပါရန်ပွဲကြောင့် မြန်မာကျောက်ပွဲစားဖြစ်သူ အသက် ၄ဝ နှစ် အရွယ်ခန့်ရှိ ကိုမော် ဆို သူမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း၊ မြန်မာကျောက်ပွဲစား အား ဝိုင်းဝန်းထိုးကြိတ်ခဲ့သော တရုတ်ကုန်သည်ငါးဦးကိုမူ တရုတ်သံရုံးနှင့်ဆက်သွယ်ကာ အဆိုပါနေ့ညနေပိုင်း၌ တံတားဦးလေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ သက်ဆိုင်ရာမှပြန်လည် ထွက်ခွာသွားစေခဲ့ကြောင်း မန္တလေးကျောက်ဝိုင်းရှိ ကျောက်ကုန်သည်တစ်ဦးက ပြောသည်။
 
 ”စဖြစ်တာက ကျောက်ဖြတ်ဝိုင်းမှာ ကိုမော် ဆိုတဲ့ပွဲ စားက တရုတ်ကုန်သည်တွေကို မနက် ၈ နာရီခွဲလောက်မှာ ဖြတ်စတစ်ခု လာပြပြီးဈေးစကားပြောတယ်။ တရုတ်တွေက အဲဒီကျောက်ကို ၄၂ သိန်းပေးမယ်ဆိုပြီး ပြောတယ်။ ပထမတော့ ဈေးအဆင်ပြေပြီးကျောက်ကို ချိပ်စည်းပြီးပြီ။ ဒီအချိန်မှာပဲ တခြားကုန်သည်တစ်ယောက်က ၄၅ သိန်းပေးမယ် ပြောတော့ ကိုမော် က စောစော တုန်းက သူ့ကို ၄၂ သိန်း ပေးတဲ့ကုန်သည်ကို ဈေးထပ်တိုးပေးမလားမေးတယ်။ သူတို့က ဒီဈေးပဲပေးနိုင်မယ်ပြောလို့ ချိပ်စည်းထားတာကို နှစ်ဦးသဘောတူ ပြန်ဖျက် လိုက်တယ်။ ဒီနောက် ကို—က ၄၅ သိန်းပေးတဲ့ ကုန်သည်နဲ့ အရောင်းအဝယ်သွားလုပ်နေတုန်း ၄၂ သိန်းပေးတဲ့ တရုတ်ကုန်သည်တွေက ကို— ကို ဖုန်းဆက်ခေါ်ပြီး သူတို့ဆိုင်ထဲလည်း ရောက်ရောဝိုင်းထိုးကြတာပဲ။ ဒါကိုမြင်တဲ့သူတွေက ဝိုင်းဆွဲတော့ ဆွဲတဲ့သူတွေကိုပါ လိုက်ထိုးတယ်။ အရင်တုန်းက တရုတ်ကုန်သည်နဲ့ မြန်မာကုန် သည်တွေ ရန်ဖြစ်တဲ့အခါ မှားမှားမှန်မှန် မြန်မာတွေပဲအရေးယူခံရမှာဆိုတော့ ဘယ်သူမှမလုပ်ရဲဘူး။ နောက်တော့ ရဲတွေရောက်လာပြီး ရန်ဖြစ်တဲ့လူတွေကို အမှတ် ၇ ရဲစခန်းကိုခေါ်သွား သလို ကျောက်ဝိုင်းကိုလည်းလုံခြုံရေးအရ ခဏပိတ်လိုက်တယ်။
ပြည်ပအသံလွှင့်မီဒီယာတွေကနေ ထုတ်လွှင့်ပေးသလိုမျိုးတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျောက်ဝိုင်းက လူတွေအကြား ခိုက်ရန်ဖြစ်ပွားတယ်ဆိုတာ မဟုတ်သလို ကျောက်ဝိုင်းကို သုံးရက်ပိတ်ထား တယ်ဆိုတာလည်း မဟုတ်ပါဘူး” ဟု ဆိုသည်။ ယခုအခါ ကျောက်ဝိုင်းအား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရောင်းချလျက်ရှိသည့်အပြင် ထိုကဲ့သို့ဖြစ်ရပ်မျိုးထပ်မံမဖြစ်ပွားစေရန် အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အချို့အား သက်ဆိုင်ရာမှ လုံခြုံရေးချ ပေးထားကြောင်း၊ ထို့အပြင် အခြားတရုတ်ကုန်သည်များမှာလည်း ပုံမှန်အတိုင်း ကျောက်ဝိုင်းသို့ ဝင်ထွက်သွားလာ၍ အရောင်းအဝယ်ပြု လုပ်လျက်ရှိကြောင်း၊ ခိုက်ရန်ဖြစ်ပွားခဲ့သော ကျောက်ဖြတ်ဝိုင်းရှိ ဆိုင် အမှတ် ၈ နှင့် ၉ တို့အား သက် ဆိုင်ရာမှ ချိတ်ပိတ်ထားကြောင်း သိရသည်။
Credit : ပေါ်ပြူလာ