xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အစိုးရ၏သတိပေးချက်ကို NLD က စာတစ်စောင်ပေးပို့၍ မေတ္တာရပ်ခံ

Wednesday, June 29, 2011

အစိုးရ၏သတိပေးချက်ကို NLD က စာတစ်စောင်ပေးပို့၍ မေတ္တာရပ်ခံ

ဇွန်လ ၂၉ ရက်နေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ပြည်ထဲရေး ၀န်ကြီးဌာနက ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ သတိပေးတဲ့ အကြောင်းကြားစာပေးပို့ခဲ့ပါသည် ။

အဆိုပါသတိပေးချက်နှင့် ပတ်သက်၍ NLD က ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီးထံသို့ လိပ်မူ၍ စာတစ်စောင်ထုတ်ပြန်ကာ မေတ္တာရပ်ခံခဲ့ကြောင်းသတင်းရရှိပါသည် ။အဆိုပါစာကို ဒေါ်စုကြည်မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြောင်းလည်းသိရပါသည် ။

အဆိုပါစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း တရားဥပဒေစိုးမိုးရေးကို အလေးထား ပါကြောင်း တူညီသောလိုလားချက်များအပေါ် ညှိနှိုင်းဆွေးလိုပါသဖြင့် စီစဉ်ပေးနိုင်ပါရန် မေတ္တာရပ်ခံ ထားကြောင်း သိရပါသည် ။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှထုတ်ပြန်သောစာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။