xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မန္တလေးမြို့ကျောက်ဝိုင်းတွင် မြန်မာနှင့် တရုတ်လူငယ် အချို့ ခိုက်ရန်ဖြစ်ပွား

Monday, June 27, 2011

မန္တလေးမြို့ကျောက်ဝိုင်းတွင် မြန်မာနှင့် တရုတ်လူငယ် အချို့ ခိုက်ရန်ဖြစ်ပွား

 
မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်အတွင်းရှိ ကျောက်မျက် အရောင်းအဝယ် ဈေးကွက်အတွင်း မြန်မာနှင့် တရုတ်လူငယ်အချို့အချင်းများရာမှ ရန်ပွဲဖြစ်လာ သောကြောင့်  ရဲတပ်ဖွဲ့ဝင်များက အချိန်မီ ထိန်းသိမ်း ခဲ့ရကြောင်း သတင်းရရှိပါသည် ။


အခင်းဖြစ်ပွားရာဆိုင်နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့်ဆိုင်ရှင်များ 
 
ဖြစ်ပွားပုံမှာ အဆိုပါကျောက်ဝိုင်းအတွင်းရှိ တရုတ်လူမျိုးပိုင် Path Travels & Tour မှ ဆိုင်ရှင် တရုတ်လူငယ်အချို့နှင့် မြန်မာလူမျိုးကျောက်ရောင်းသူ လူငယ်အချို့ ကျောက်အရောင်းအ ၀ယ်ပြုလုပ်ကြရမှ စကားများပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာသို့ အနီးနားရှိလူများ ၀ိုင်းလာပြီး လူစုလူဝေးဖြစ်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ထိန်းသိမ်းခဲ့ရကြောင်း သိရပါသည် ။

မန္တလေးမြို့ခံတစ်ဦးက" မနက်ကိုးနာရီလောက်က စဖြစ်တာ ကိုမော်ကြီးဆိုတဲ့ကျောက်သမား ဆီက သိန်းလေးဆယ်နဲ့ဈေးဖြတ်ထားတဲ့ ကျောက်ကိုတရုတ်တွေမယူလို့ စကားများပြီး တရုတ်တွေက ကိုမော်ကြီးကိုဝိုင်းထိုးတာကနေစတာ အဲဒီမှာ မြန်မာတွေအများကြီးဝိုင်းလာပြီးထုကြနှက်ကြပေါ့။ ခဏနေတော့ ရဲတွေရောက်လာတယ်။ " ဟုပြောဆိုသွားပါသည် ။

တရုတ်လူငယ်များအား ရဲတပ်ဖွဲ့မှခေါ်ထုတ်သွားစဉ်
 
အခြားဒေသခံတစ်ဦးက "ရဲတပ်ဖွဲ့အင်အားအများကြီးပဲ  ၁၀၀ကျော် လောက်ရှိမယ်ထင်တယ် လာပြီးကာထားပေးရတယ်။သူတို့အရောက်မြန်လို့ နို့မို့ဒီထက်ဆိုးတာပေါ့ ၊ အုပ်ချုပ်ရေးရုံးကနေ လည်း မြန်မာတွေလူစုခွဲဖို့ မိုက်နဲ့ အဆက်မပြက်အော်ပေးတယ် ဒါပေမယ့် မြန်မာတွေ လူစုမခွဲပဲ များများလာတယ်။ နောက်ပိုင်းတော့ တရုတ်တွေကို ရဲကားနဲ့ထုတ်သွားရတယ်။ အားလုံးပေါင်း တရုတ် ၆ ယောက်ကိုလက်ထိပ်ခက်ပြီးခေါ်သွား တယ်။ အထိုးခံရတဲ့ ကိုမော်ကြီးကိုတော့ ဆေးရုံပို့လိုက်ရတယ်လို့ သိရပါတယ်။ " ဟုပြောဆိုသွားခဲ့ပါသည် ။

ယခုအခါ အဆိုပါကျောက်မျက်ရောင်းဝယ်ရာနေရာကိုပိတ်ထားလိုက်ပြီး လုံခြုံရေးတာဝန်ရှိသူများက အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည် ။