xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တရုတ်ဟက်ကာများက အမေရိကန်အရာရှိများ၏ဂျီမေးလ် များကို ထိုးဖေါက်ဝင်ရောက်မှုများ ရှိနေ ဟု ဂူဂယ်ကစွပ်စွဲ

Friday, June 3, 2011

တရုတ်ဟက်ကာများက အမေရိကန်အရာရှိများ၏ဂျီမေးလ် များကို ထိုးဖေါက်ဝင်ရောက်မှုများ ရှိနေ ဟု ဂူဂယ်ကစွပ်စွဲ


အမေရိကန် အရာရှိတွေ၊ တရုတ်နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ စာနယ်ဇင်းသမားတွေ အပါအ၀င် လူရာပေါင်းများစွာရဲ့ E-mail တွေကို တရုတ်နိုင်ငံက ကွန်ပြူတာစနစ်ထဲ ၀င်ရောက် တိုက်ခိုက်သူ hacker တွေက ထိုးဖောက် ၀င်ရောက်ခဲ့တယ်လို့ Google အင်တာနက် ကုမ္ပဏီက စွပ်စွဲထားတာတွေကို အမေရိကန် အာဏာပိုင်တွေက စုံစမ်း စစ်ဆေးသွားမယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။

တိုက်ခိုက်မှုတွေကို စုံစမ်းသွားဖို့ Google ကုမ္ပဏီနဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) အဖွဲ့ဝင်တွေ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်းသူမက ပြောပါတယ်။

ဂျီမေးလ်အကောင့် သုံးစွဲသူတွေရဲ့ လျှို့ဝှက် password တွေကို ခိုးယူဖို့ ကြိုးပမ်းမှုတွေဟာ တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျီနန် (Jinan) ဒေသက မြစ်ဖျားခံလာတယ်လို့ Google ကုမ္ပဏီကစွတ်စွဲ  ပြောဆိုထားပေမဲ့လည်း ဘယ် E-mail တွေကို ထိုးဖောက် ၀င်ရောက်ခဲ့သလဲ ဆိုတာကိုတော့ ပြောဆိုတာမရှိပါဘူး။ဒါ့အပြင် ဘယ်အမေရိကန် အရာရှိတွေရဲ့ E-mail တွေ အဖောက်ခံရတယ်၊ ဘယ်လောက်ကြာကြာ ၀င်ရောက်ခဲ့တယ် ဆိုတာတွေကိုလည်း Google ကုမ္ပဏီက အတိအကျပြောဆိုခြင်း မရှိကြောင်းလည်း သိရပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကတော့ အစိုးရ E-mail အကောင့်တွေကို တိုက်ခိုက်ခံရတယ်လို့ ယုံကြည်ရလောက်တဲ့ အကြောင်းရင်းမျိုး လောလောဆယ် မတွေ့ရဘူးလို့ အစောပိုင်းမှာ ပြောဆိုထားပေမယ့် ၀င်ရောက်ထိုးဖေါက်မှုတွေရှိနိုင်ကြောင်း ကျွမ်းကျင်သူ အကဲခတ်များက သုံးသပ်နေကြပါတယ် ။

တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူကတော့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို အပြစ်ဖို့တာဟာ လက်ခံနိုင်စရာ မရှိကြောင်း ဒါဟာ ဂူဂဲကုမ္ပဏီရဲ့တာဝန်သာဖြစ်ကြောင်း ကြာသပတေးနေ့ကပဲ သတင်းစာ ရှင်းလင်းပွဲအတွင်း တုံ့ပြန် ပြောဆို ထားကြောင်း သတင်းရရှိပါတယ် ။