xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရန်ကုန် - မန္တလေး ရထားဗုံးခွဲခဲ့သည့် တရားခံမိပြီ

Wednesday, June 8, 2011

ရန်ကုန် - မန္တလေး ရထားဗုံးခွဲခဲ့သည့် တရားခံမိပြီ

မေလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သော ရန်ကုန်-မန္တလေး အမြန်ရထား ပေါ်တွင် ဗုံးဖေါက်ခွဲခဲ့သည့် တရားခံ အား သက်ဆိုင်ရာမှ ပြည်သူများ၏ အကူအညီဖြင့် ဖမ်းဆီးရမိကြောင်း ယနေ့ထုတ်ကြေးမုံ သတင်းစာ တွင် ဖေါ်ပြထားပါသည်။

တရားခံမှာ ကရင်ပြည် နယ်သံတောင်မြို့နယ် လိပ်သိုရာဒို အုပ်စု ဒ၀ါလော်ချီးကျေးရွာမှ အဖ ဦးဖူးတဲ၏သား ကျော်ဒီ (ခ) မာရီနိုဖြစ်ကြောင်း ၄င်းသည် KNU သောင်းကျန်းသူများ ထံတွင် ဖေါက်ခွဲရေးသင်တန်း တက်ရောက်ကာ ၂နှစ်ခန့်တာဝန်ထမ်းဆောင်ဘူးသူဖြစ်ကြောင်း  ၊ ယခုအခါ KNU တပ်မဟာ ၂ ရင်း ၅ မှဖေါက်ခွဲရေးတာဝန်ခံ ဗိုလ်အဆင့်ရှိ ရှာလစ်ခွေနှင့် ဆက်သွယ်မိပြီး ၄င်း၏စေခိုင်းချက်အရ ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့် ၄င်း၏ ဖေါက်ခွဲရေးဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်ကို  နိုင်ငံပိုင် သတင်းစာများတွင် အကျယ်တ၀င့်ဖေါ်ပြ ထားပါသည် ။

တရားခံ ကျော်ဒီ (ခ) မာရီနိုသည် ဖေါက်ခွဲမှု ပြုလုပ်ပြီးထွက်ပြေးလွတ်မြောက်ရန် ပင်လောင်းလမ်းအတိုင်း ပုန်းရှောင်ထွက်ပြေးစဉ် သက်ဆိုင်ရာလုံခြုံရေးဝန်ထမ်းများက ပြည်သူများ၏ ပူးပေါင်း ကူညီမှုဖြင့် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပါသည် ။ 

ရထားဗုံးပေါက်ကွဲစဉ်က အစိုးရ၏ လုံခြုံရေးပေါ့လျှော့လေဟန် ၊ ပြည်သူများမလုံမခြုံနေရလေဟန် ညတွင်းချင်း သတင်းများဝေေ၀ဆာဆာထုတ်လွှင့်ခဲ့သော ပြည်ပမီဒီယာအသီးသီးဟာ တရားခံ မိချိန် မှာတော့ နှုတ် ဆိတ်နေတာကိုကြည့် ခြင်းအားဖြင့် ဒီအသံလွှင့်ဌာနတွေဟာ ရည်ရွယ်ချက်ကောင်း မရှိတာ ပေါ်လွင်နေတယ်လို့ သုံးသပ်ပြောဆိုမှုများရှိကြောင်း လည်းသိရပါတယ် ။

 
အဆိုပါ ဗုံးဖေါက်ခွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးပြီး  ၉ ဦးဒါဏ်ရာ ရရှိခဲ့ပါသည် ။ တရားခံ အားတရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာမှ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည် ။

Voice Of Myanmar