xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒေါက်တာဦးမြင့်၏ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးလမ်းပြစာတမ်း မြန်မာပြန်

Monday, June 20, 2011

ဒေါက်တာဦးမြင့်၏ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးလမ်းပြစာတမ်း မြန်မာပြန်

စာတမ်းရှင် ဆရာဒေါက်တာဦးမြင့်ကို သမ္မတကြီးဦးသိန်းစိန်နှင့်အတူ စာတမ်းဖတ်ပွဲတွင် တွေ့ရစဉ်
 
နိဒါန်း
  မြန်မာနိုင်ငံတွင်ဆင်းရဲနွမ်းပါးမှုလျော့ကျရေးအတွက် အောက်ဖော်ပြပါကိစ္စငါးရပ်ကိုထည့်သွင်းစဉ်းစားမည်။

ပထမဦးစွာ ရှေ့ဆက်ဆင်းရဲနွမ်းပါးမှုလျော့ကျရေး ဆောင်ရွက်ရန် မိမိတို့၏လက်ရှိအခြေအနေကို သိထားရ မည်။ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသူတို့၏ဘ၀ကိုမြှင့်တင် ပေးနိုင်ရေးအတွက် ဆင်းရဲသူတို့နှင့်ပတ်သက်သည့် လက်ရှိ အခြေအနေ၊ လိုအပ်ချက်နှင့် သူတို့၏လိုအင်ဆန္ဒများကို သိထားရန်လိုအပ်ပါသည်။ သူတို့၏လူနေမှုဘ၀တိုးတက် ကောင်းမွန်လာစေရေးအတွက် အရပ်ဘက်ဆိုင်ရာလူမှု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အစိုးရအရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင် များ၊ ပြည်တွင်းပြည်ပမှ အသိပညာရှင်အတတ်ပညာရှင် များ၏ နိုင်ငံတွင်းရှိ ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အတွေ့ အကြုံများ၊ သင်ခန်းစာများကို ထုတ်နုတ်ရယူရန် လိုအပ် မည်ဖြစ်ပါသည်။ အထူးသဖြင့် ကျေးလက်နှင့်နယ်စပ်ဒေသ တို့တွင် တာဝန်ယူဆောင်ရွက်နေကြသည့် အဖွဲ့အစည်းတို့၏ အတွေ့အကြုံများသည်လည်း အရေးပါပါသည်။ ဖွံ့ဖြိုးမှု အခွင့်အလမ်းနည်းပါးသည့် တိုင်းရင်းသားလူမျိုးစုနှင့်နယ်စပ် ဒေသတွင် လူမှုဒုက္ခကြုံတွေ့နေရသည့် လူမှုအဖွဲ့အစည်း များ၏ အထူးလိုအပ်ချက်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်မည်။

ဒုတိယအချက်မှာ မိမိသွားလိုရာပန်းတိုင်ကိုသိရှိပြီး ပန်းတိုင်သို့ရောက်အောင်သွားရန် နည်းလမ်းကို တွေးတော ကြံဆရပါမည်။ တစ်နည်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကို စနစ် တကျနှင့်ထိရောက်စွာလျော့ကျနိုင်စေရေးအတွက် မဟာ ဗျူဟာတစ်ရပ်ရှိရမည်ဖြစ်ပါသည်။ မဟာဗျူဟာချမှတ်ဆောင် ရွက်ရာတွင် ကာယကံရှင်ဆင်းရဲနွမ်းပါးသူတို့၏ ပြောကြား ချက်များ၊ လက်တွေ့ဆောင်ရွက်နေကြသူတို့၏ ဥာဏ်ပညာ များအပေါ်တွင်အခြေခံရမည်။ အလားတူပင် အိမ်နီးချင်း နိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့မှ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်ပတ်သက်၍ စီမံဆောင်ရွက် ခဲ့သည့် အတွေ့အကြုံကောင်းများမှတစ်ဆင့် သင်ခန်းစာယူ ရမည်လည်းဖြစ်ပါသည်။ ထိုနည်းတူစွာပင် ကုလသမဂ္ဂအဖွဲ့ ကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ပြုစုရေးသားထားကြ သော သုတေသနစာတမ်းများကလည်း များစွာအထောက် အကူပြုနိုင်ပါမည်။ ယခုအခါ ကုလသမဂ္ဂက ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက် Millennium Development Goals(MDGs)2 ကို ဆင်းရဲမှုလျော့ပါးစေရေးအတွက် ကြိုးပမ်းချမှတ်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ထိုရည် မှန်းချက်များ အကောင်အထည်ဖော်ရေးအတွက် ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ ယခုကြိုးပမ်းအားထုတ်နေသော ဆင်းရဲနွမ်းပါးမှုလျော့ကျရေး မဟာဗျူဟာသစ်သည် အခွင့် အလမ်းသစ်များရယူနိုင်မည်ဖြစ် သကဲ့သို့ မြန်မာနှင့်ကမ္ဘာ တစ်ဝန်းတွင် ကြုံတွေ့နေရသောစိန်ခေါ်မှုအသစ်များကိုလည်း တုံ့ပြန်ဖြေရှင်းနိုင်ဖွယ်ရာရှိပါသည်။ ဆင်းရဲနွမ်းပါးမှုလျော့ ကျရေးမဟာဗျူဟာသစ်ကြောင့် နိုင်ငံအတွင်းရှိ ဆင်းရဲနိမ့်ကျ နေသော ပြည်သူလူထု၏ လူနေမှုဘ၀မြင့်မားစေရေးကို အထောက်အကူပြု လာမည်ဖြစ်ပါသည်။

တတိယအချက်မှာ မဟာဗျူဟာရှာဖွေဖော်ထုတ်ပြီး သည့်နောက်တွင် နောက်တစ်ဆင့်၌ မဖြစ်မနေလုပ်ဆောင် ရမည့်လုပ်ငန်းစဉ်များကိုဖော်ထုတ်ရပါမည်။ ဆင်းရဲနွမ်းပါး မှုလျော့ကျရေး မဟာဗျူဟာကို လက်တွေ့လုပ်ငန်းအစီအစဉ် (Action Programme) ရေးဆွဲရန်ဖြစ်ပါသည်။ လက်တွေ့ လုပ်ငန်းအစီအစဉ်တွင် မဟာဗျူဟာ၌ ချမှတ်ထားသော အထူးကိစ္စများ၊ အကြံပြုချက်များနှင့် ဆက်စပ်သည့်လုပ်ငန်း စီမံကိန်းများပါဝင်ပါမည်။ လုပ်ငန်းစီမံကိန်းများသည် ရည် မှန်းချက်များ၊ လျာထားချက်များကိုသတ်မှတ်ထားပြီး အချိန် ကာလတစ်ခုအတွင်း တိကျစွာအကောင်အထည်ဖော်ရပါ မည်။ စီမံချက်များမှရလဒ်များထွက်ပေါ်လာပြီး ထွက်ပေါ် လာသောရလဒ်များကို တိုင်းတာပြနိုင်ရမည်။ ဆင်းရဲနွမ်းပါး သူတို့၏ဘ၀အခြေအနေ တိုးတက်ကောင်းမွန်လာကြောင်း ပြနိုင်ရမည်။ အချိန်ကာလအတိုင်းအတာဆိုသည်မှာ သတ် မှတ်ကာလအတွင်း လျာထားချက်များကို အပြည့်အ၀အ ကောင်အထည်ဖော်ဆောင်ရေးဖြစ်သည်။ ဥပမာ-ကျေးလက် ဒေသရှိကျောင်းနေ အရွယ် ကျောင်းမနေနိုင်သော ကလေး အရေအတွက် သုံးနှစ်အတွင်း ထက်ဝက်လျှော့ချနိုင်ရေး လျာထားချက်မျိုးဖြစ်ပါသည်။

စတုတ္ထအချက်မှာလုပ်ငန်းအစီအစဉ်များကို အကောင် အထည်ဖော်ရာတွင် စောင့်ကြည့်လေ့ လာခြင်းနှင့် ပြန်လည် သုံးသပ်ခြင်း(Monitoring and Review) ရှိရေးပင်ဖြစ် သည်။ လုပ်ငန်းစဉ်များသည် ရည်မှန်းချက်အတိုင်း ထမြောက် အောင်မြင်ပြီးစီးမှု ရှိ၊ မရှိနှင့် အကယ်၍မအောင်မြင်ပါက အဘယ်ကြောင့်မအောင်မြင်ရသည်၊ အောင်မြင်ရန် မည်သို့ ဆက်လက်လုပ်ဆောင်မည်ကိုသိရှိရပါမည်။ သို့မှသာလျှင် ရည်မှန်းထားသည့် လျာထားချက်များနှင့် ရလဒ်အကြား ကွဲလွဲမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကွဲလွဲရခြင်း၏အ ကြောင်းအရင်းကို အလျင်အမြန်ရှာဖွေဖော်ထုတ်နိုင်မည် ဖြစ်ပါသည်။ ထိုကွဲလွဲမှုများသည် မူဝါဒရေးရာအားနည်းချက် ကြောင့်သော်လည်းကောင်း၊ အကောင်အထည်ဖော်ရာ တွင်  ကြုံတွေ့ရသောအခက်အခဲများကြောင့်သော်လည်း ကောင်း၊ အချိန်နှင့်အမျှပြောင်း လဲနေသော နိုင်ငံ၏ လိုအပ် ချက်များနှင့် ဆီလျော်မှုမရှိသောကြောင့်သော် လည်းကောင်း ပေါ်ပေါက်လာခြင်းဖြစ်နိုင် ပါသည်။ ပြန်လည်သုံးသပ်သူတို့ အနေဖြင့်လည်း ပြင်ဆင်ရန်လိုအပ်နေသည်များကို တွေ့ရှိ ပါက ယင်းတွေ့ရှိချက်များနှင့် အကြံပြုချက်များကို သင့် လျော်ရာ အာဏာပိုင်အဖွဲ့အစည်းများထံသို့ အချိန်မီတင်ပြ ရမည်ဖြစ်ပါသည်။
 
နောက်ဆုံးအနေဖြင့် အထက်တွင်ဖော်ပြခဲ့သည့်လုပ် ငန်းတာဝန်လေးရပ်ကိုဆောင်ရွက်ရန် မည်သို့သောစီစဉ် ဆောင်ရွက်မှုများ၊ ယန္တရားများဖွဲ့စည်းရမည်ကို စဉ်းစားရန် ဖြစ်ပါသည်။ လက်ရှိကာလတွင် ဤလုပ်ငန်းတာဝန်များကို နိုင်ငံတော်သမ္မတရုံးနှင့်ပူးတွဲထားသော စီးပွားရေးအကြံ ပေးအဖွဲ့က အခြားသက်ဆိုင်ရာ အစိုးရအာဏာပိုင်များနှင့် အနီးကပ်တိုင်ပင် အကြံဥာဥာဏ်ရယူကာ တာဝန်ယူဆောင်ရွက် နိုင်ပါသည်။ သို့သော်လည်း ဆင်းရဲမှုပြဿနာအပေါ် ဘက်စုံ ထောင့်စုံမှ ထိရောက်စွာတုံ့ပြန်နိုင်ရန်နှင့် ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှု ပင်မရေစီးကြောင်းတွင် မြန်မာနိုင်ငံကိုပြန်လည် ပေါင်းစည်းပေးမည့် စီးပွားရေးပြုပြင်ပြောင်းလဲ မှုများကို ဆောင်ရွက်ရန်အတွက် လွတ်လပ်သည့်နိုင်ငံရေးသဘော မဆောင်သော တရားဝင် အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်း လုပ်ဆောင်ရန်အကြံပြုလိုပါသည်။ ယင်းအဖွဲ့အစည်းကို ''မြန်မာဖွံ့ဖြိုးရေးအရင်းအမြစ်ဆိုင်ရာအဖွဲ့အစည်း'' Mya-nmar Development Resource Institute(MDRI)ဟု ခေါ်ဆိုဖွဲ့စည်းပါမည်။ အာရှ-ပစိဖိတ်ဒေသအတွင်းရှိ အခြား နိုင်ငံများကဲ့သို့ပင် MDRIအဖွဲ့တွင် ဘုတ်အဖွဲ့ဝင် ဒါရိုက်တာ များ၊ အမှုဆောင်ဒါရိုက်တာများက ဦးဆောင်ကြီးကြပ်မည့် စီမံခန့်ခွဲရေးနှင့် အမှုဆောင်အဖွဲ့တို့ပါရှိမည်ဖြစ်ပါသည်။ MDRI အနေဖြင့် မူဝါဒရေးရာသုတေသန လုပ်ငန်းများ၊ ကျယ်ကျယ်ပြန့်ပြန့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်စေမည့် စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများပေါ်ပေါက်စေ မည့်စီမံကိန်းများ၊ အစီအစဉ်များနှင့်စီမံချက်များကို ကူညီ ပံ့ပိုးပေးမည်ဖြစ်ပါသည်။ ပုဂ္ဂလိကကဏ္ဍက အဓိကဆောင် ရွက်၍ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် နိုင်ငံ၏သယံဇာတ အရင်းအမြစ်များကို ထိထိရောက်ရောက် စဉ်ဆက်မပြတ် အသုံးချနိုင်ပြီး မြန်မာပြည်သူတစ်ရပ်လုံး၏ လူနေမှုအဆင့် အတန်းနှင့် ဘ၀အရည်အသွေးကို သိသိသာသာမြှင့်တင် သွားနိုင်မည့် ဘက်စုံစီးပွားရေးဖွံ့ဖြိုးမှုကို တည်ဆောက် သွားနိုင်ရန်ဖြစ်ပါသည်။

 ယခုစာတမ်းသည် အထက်ဖော်ပြပါအကြောင်းအရာ များနှင့်စပ်လျဉ်း၍ သဘောတရားများ၊ အကြံဥာဥာဏ်များနှင့် ကိစ္စရပ်များအပေါ် ပမာဏစဉ်းစားချက်များသာဖြစ်ပါသည်။ ယင်းသို့စဉ်းစားနိုင်ရန်နှင့် လိုအပ်သလို ဆက်လက်ဆောင် ရွက်မှုများပြုနိုင်ရန်ရည်ရွယ်ပါသည်။ ဤစာတမ်း၏ဖွဲ့စည်း ပုံမှာ အောက်ပါ အစီအစဉ်အတိုင်းဖြစ်ပါသည်။ ယခုနိဒါန်း တင်ပြပြီးသည့် နောက်တွင် အခန်း(၁)၌ ဆင်းရဲမှုနှင့်တိုင်း တာပုံနည်းစနစ်များကိုအကျဉ်းချုပ်တင်ပြပါမည်။ မြန်မာ နိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး မဟာဗျူဟာ စဉ်းစားချက်များကို အခန်း(၂)တွင် တင်ပြထားပါသည်။ ဆက်လက်၍ မဟာဗျူဟာ အကောင်အထည်ဖော်ရေးအတွက် လုပ်ငန်းအစီအစဉ်များအပေါ်အမြင်များကို အခန်း(၃)တွင် တင်ပြထား ပါသည်။ နောက်ဆုံးအနေဖြင့် လုပ်ငန်းအစီအစဉ် များကို စောင့်ကြည့်လေ့လာရေးနှင့် ပြန်လည်သုံးသပ်ရေး အပြင် မြန်မာဖွံ့ဖြိုးရေးအရင်းအမြစ်ဆိုင်ရာအဖွဲ့အစည်း Myanmar Development Resource Institute (MDRI) (MDRI) တည်ထောင်ရေးအဆိုပြုချက်ကို အခန်း(၄)တွင် တင်ပြထားပါသည်။

အခန်း(၁)
ဆင်းရဲနွမ်းပါးမှုနှင့် တိုင်းတာပုံနည်းစနစ်
(က) ဆင်းရဲမှုကို ဖွင့်ဆိုခြင်း

ဆင်းရဲနွမ်းပါးသူတို့အား ဆင်းရဲမှုမှလွတ်မြောက်စေ ရန်မှာ ဆင်းရဲနွမ်းပါးသူမည်သူဆိုသည်ကိုသိရှိရန် ဦးစွာ လိုအပ်မည်ဖြစ်ပါသည်။ သို့ဖြစ်၍ ဆင်းရဲမှုနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုရန်လိုအပ်ပါသည်။ ဆင်းရဲမှုနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုမှုအမျိုးမျိုးရှိသည့်အနက် မြန်မာနိုင်ငံနှင့် သင့်လျော်မည့် အဓိပ္ပာယ်ဖွင့်ဆိုမှုကိုသာ ရွေးချယ်တင်ပြ သွားမည်ဖြစ်ပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဆင်းရဲမှုနှင့်ပတ်သက်သည့်  အဓိပ္ပာယ်ဖွင့်ဆိုရာတွင် နည်းလမ်းနှစ်မျိုးရှိပါသည်။ ပထမ နည်းလမ်းမှာ အိမ်ထောင်တစ်စု သို့မဟုတ် လူတစ်ဦးအတွက် စားဝတ်နေရေးအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်မည့်လုံလောက်သော ငွေကြေး ရှိ၊ မရှိသိရှိရန် ဆောင်ရွက် ခြင်းဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုတစ်စု သို့မဟုတ် လူတစ်ဦး၏၀င်ငွေ သို့မဟုတ် စားသုံးမှုပမာဏ အား သတ်မှတ်ထားသည့် ဆင်းရဲမှုအခြေခံမျဉ်း(Poverty Line)နှင့်နှိုင်းဆ၍ အဓိပ္ပာယ်သတ်မှတ်ခြင်းဖြစ်ပါသည်။ ဆင်းရဲမှုအခြေခံမျဉ်းအောက်တွင်ရှိနေသူများအား ဆင်းရဲ နွမ်းပါးသူများအဖြစ် သတ်မှတ်ခြင်းမျိုးဖြစ်သည်။ ဤအရေး ကိစ္စတွင် ဆင်းရဲနွမ်းပါးမှုကို ငွေကြေးဖြင့်တိုင်းတာခြင်းပင် ဖြစ်ပါသည်။

ဒုတိယနည်းလမ်းမှာ ငွေကြေးတိုင်းတာမှုထက်ကျော် လွန်၍ အခြေခံလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန်ဖြစ် သည်။ အခြေခံလိုအပ်သည့် ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှု များ ရရှိမှုအပေါ်တိုင်းတာခြင်းမျိုးဖြစ်သည်။ နိုင်ငံတွင်းရှိ အိမ်ထောင်စုတစ်စု သို့မဟုတ် လူတစ်ဦးတစ်ယောက်အနေ ဖြင့် အစားအစာ၊ နေအိမ်အမိုးအကာ၊ အ၀တ်အထည်၊ သောက်သုံးရေ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး စသည်တို့လုံလောက်မှု ရှိ၊ မရှိ လေ့လာစူးစမ်းဖော်ထုတ် ခြင်းမျိုးဖြစ်ပါသည်။

တိုင်းတာမှုများ သို့မဟုတ် အညွှန်းကိန်းများကို သတ် မှတ်ရွေးချယ်ရန်ဖြစ်ပါသည်။ အစားအစာဟုဆိုရာတွင်လူ တစ်ဦးစီအတွက် တစ်နေ့လျှင် အစားအစာစားသုံးမှု အနည်း ဆုံးကယ်လိုရီ၂၁၀၀ခန့်ရှိရမည်ဖြစ်သည်။ ယင်းသည် အ သက်ရှင်ရန်အတွက် လိုအပ်သောစားသုံးမှုဖြစ်ပါသည်။ အမိုး အကာအတွက်မူ အချို့သောသူများအတွက် လူလေးဦးစာ သက်ကယ်မိုးအခန်းငယ်တစ်ခုအတွင်း နေထိုင်ရမှုမျိုးသည် လုံလောက်မှုမရှိဟုယူဆသည်။ သို့အတွက်ကြောင့်  မိသားစု တစ်စုအတွက် သင့်လျော်သောနေထိုင်မှုဆိုသည်ကို အဓိ ပ္ပာယ်ဖွင့်ဆိုရာ၌ သက်ဆိုင်ရာနိုင်ငံ၏အခြေအနေပေါ်မူ တည်ပါသည်။ အ၀တ်အထည်ကိစ္စတွင်လည်း အလားတူ ပင်ဖြစ်သည်။ အပူပိုင်းရာသီအတွက် သင့်တင့်သောအ၀တ် အစားများသည် အလာစကား(Alaska)သို့မဟုတ် မြောက် ၀င်ရိုးစွန်းတွင် နေထိုင်သူများအတွက်မူ သင့်လျော်မည် မဟုတ်ပေ။ ရှပ်အင်္ကျီ၊ လုံချည်နှင့် ဖိနပ်တစ်ရန်ရှိပါက အရှေ့ တောင်အာရှဒေသတွင် လုံလောက်ပြီဟု ယူဆနိုင်ပါသည်။ သောက်သုံးရေအတွက်မူ လမ်းလျှောက်ခရီး ၁၅မိနစ်ထက် မကြာသောအကွာအဝေးအတွင်းရှိနိုင်ရမည်ဟု အကြံပြုကြ သည်။ ကျန်းမာရေးကိစ္စ မှာမူ ညွှန်းကိန်းများစွာရှိသည်။ ကိုယ်ခန္ဓာအလေးချိန်မပြည့်သည့် သို့မဟုတ် အာဟာရ မပြည့်ဝသည့်ကလေးများ၊ ကလေးဖွားသေနှုန်း၊ ဆေးခန်း၊ ဆေးရုံကျန်းမာရေးဌာနများသို့ သွားရောက် ကုသနိုင်မှု၊ ဆရာဝန်သူနာပြု ၀မ်းဆွဲလက်သည်များ ရရှိနိုင်မှု၊ အိတ်ခ်ျ အိုင်ဗွီ-အိဒ်စ်၊ ငှက်ဖျား၊ တီဘီ စသည့်အဓိကကျသည့်ရောဂါ များဖြစ်ပွားနှုန်း စသည်တို့ဖြင့်သတ်မှတ်ကြသည်။ ပညာရေး တွင်လည်း ညွှန်းကိန်းများစွာ သတ်မှတ်နိုင်သည်။ မူလတန်း ကျောင်းအပြီး ကျောင်းထွက်ရသော ကလေးများနှုန်း၊ အိမ် ထောင်ဦးစီး၏ ပညာရေးအဆင့်၊ ကျေးရွာတွင် ကျောင်း သို့မဟုတ် ဆရာရရှိနိုင်မှု စသည်တို့နှင့်တိုင်းတာကြသည်။

၎င်းင်းညွှန်းကိန်းများကိုသတ်မှတ်ပြီးသည့်အခါ ဆင်းရဲ မှုကိုသတ်မှတ်ဖော်ထုတ်ရန် မည်သို့ ဆက်လက်ဆောင်ရွက် ကြမည်နည်းဟု စဉ်းစားရန်ရှိလာပါသည်။ လူငယ်များအတွက် ဆိုလျှင် အင်္ဂလန်နိုင်ငံ ဘရစ္စတောတက္ကသိုလ်(Bristol University) လူမှုတရားမျှတမှုဆိုင်ရာ ပါမောက္ခဒေးဗစ်ဂေါ် ဒန်က သီးသန့်အကြံပြုထားချက်ရှိပါ သည်။ ၎င်းင်းအကြံပြုချက်တွင် လုပ်ဆောင်နိုင်သည့် ညွှန်းကိန်း ခုနစ်ခုကိုသတ်မှတ်ဖော်ထုတ်ထားပါသည်။ ဤညွှန်းကိန်း များအနက်မှ နှစ်ခု သို့မဟုတ် ထို့ထက်ပိုသည့် ညွှန်းကိန်းများ အပေါ် လိုက်မမီနိုင်ဘဲ နေထိုင်ကြရသည့်လူငယ်များကို ဆင်းရဲသူဟု သတ်မှတ်ပါသည်။


(ခ) ဆင်းရဲမှုကို တိုင်းတာခြင်း
ဆင်းရဲမှုအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ညွှန်းကိန်းများကို သတ်မှတ်ပြီးသည့်အခါ ယင်းတို့ကိုအခြေခံ၍ ဆင်းရဲနွမ်းပါး မှုကို တိုင်းတာရန်လိုအပ်ပါသည်။ ယင်းသို့ပြုလုပ်ရာတွင် အဆင့်သုံးဆင့်ရှိပါသည်။
ပထမအဆင့်မှာ အိမ်ထောင်စု စစ်တမ်းကောက်ယူခြင်း ဖြစ်ပါသည်။  ဆင်းရဲမှုနှင့်ပတ်သက်၍ တိုင်းတာမှုအားလုံး သည် ၎င်းင်းစစ်တမ်းကောက်ယူမှုအပေါ် မူတည်ပါသည်။ စစ်တမ်းကောက်ယူရာတွင် သင့်လျော်သောစာရင်းအင်းနည်း ပညာကို ရွေးချယ်အသုံးပြုသည့်အပြင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော ကမ္ဘာ့ဘဥာဏ်၏ လူနေမှုအဆင့်အတန်း တိုင်းတာမှုစစ်တမ်း Living Standards Measurement Survey(LSMS)နည်းလမ်းကို ရွေးချယ်အသုံးပြုလေ့ရှိပါသည်။  ထိုနည်းလမ်းတွင် အပိုင်းသုံးပိုင်းရှိပါသည်။ အိမ်ထောင်စု စစ်တမ်းမေးခွန်းလွှာ(Household Questionnaire)တွင် အိမ်ထောင်စုဖွဲ့စည်းထားပုံ၊ စားသုံးမှုပုံစံ၊ ပစ္စည်းပိုင်ဆိုင်မှု၊ မြေပိုင်ဆိုင်မှု၊ ၀င်ငွေ၊ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာ ရေးအခြေအနေ စသည်တို့နှင့်ပတ်သက်သည့် စစ်တမ်း မေးခွန်းလွှာထုတ်ခြင်းမျိုးဖြစ်သည်။ ရပ်ရွာမေးခွန်းလွှာ(Co-mmunity Questionnaire)တွင် ရပ်ရွာခေါင်းဆောင်များ (ကျေးရွာရှိ ရှေးမီ နောက်မီလူကြီးများ၊ အရာရှိများ၊ ဆရာ များ၊ ကျန်းမာရေး လုပ်သားများ)အား ရပ်ရွာတစ်ခုလုံးနှင့် ပတ်သက်သည့် သတင်းအချက်အ လက်များကိုမေးမြန်း ခြင်းမျိုးဖြစ်သည်။ ဥပမာအားဖြင့် ကျန်း မာရေးဆေးခန်းအ ရေအတွက်၊ ကျောင်းတက်နိုင်မှု၊ အခွန်ကောက်ခံမှုနှင့် စိုက်ပျိုးရေးပုံစံ စသည့်အချက်အလက်များဖြစ်ပါသည်။ နောက်ဆုံးအချက်အနေဖြင့် ကုန်ဈေးနှုန်း ဆိုင်ရာမေးခွန်း လွှာ(Price Questionnaire)အားဖြင့် သက်ဆိုင်ရာ ကုန်စည် နှင့် ၀န်ဆောင်မှုများ ၏ဈေး နှုန်းကိုမေးမြန်းခြင်းဖြစ်ပါသည်။

အိမ်ထောင်စုစစ်တမ်းကောက်ပြီးပါက နောက်အဆင့် မှာဆင်းရဲမှုမျဉ်း(Poverty Line)သတ်မှတ်ရန်ပင်ဖြစ်ပါ သည်။ ဆင်းရဲမှုမျဉ်းကို အခြေခံလိုအင်(Basic Needs)ဖြည့် ဆည်းရန်အတွက် လိုအပ်သည်ဟု ထည့်သွင်းစဉ်းစားထား သောအစားအစာနှင့် အစားအစာမဟုတ်သော ကုန်ပစ္စည်း နှင့် ၀န်ဆောင်မှုများကိုဖော်ထုတ်ရာမှ ရရှိမည်ဖြစ်သည်။ ထိုကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုတို့၏တန်ဖိုးကို ခန့်မှန်းတွက် ချက်ခြင်းဖြင့် ဆင်းရဲမှုမျဉ်းကိုရရှိပါမည်။

ဆင်းရဲမှုမျဉ်းအမျိုးမျိုးရှိနိုင်ပါသည်။ ဥပမာအားဖြင့် မြို့ပြများတွင်နေထိုင်သူတို့၏ ကုန်ကျစရိတ် သည် ကျေးလက် ဒေသတွင်နေထိုင်သူတို့၏ကုန်ကျစရိတ်ထက် ပိုမိုများပြား မည်ဖြစ်သည်။ ထို့ကြောင့်ပင် နိုင်ငံအသီးသီး၌ မြို့ပြနှင့် ကျေးလက်တို့အတွက် ဆင်းရဲမှုမျဉ်းကို ခွဲခြား သတ်မှတ်ထား လေ့ရှိသည်။ အစားအသောက်သည် ဆင်းရဲနွမ်းပါးသူတို့ အတွက် အဓိကလိုအပ်ချက်ဖြစ်၍ အစားအသောက်ဆင်းရဲမှု မျဉ်း(Food Poverty Line)ကို အစားအစာနှင့် အစားအစာ မဟုတ်သောကုန်စည်နှင့် ၀န်ဆောင်မှုများပါဝင်သည့် အထွေ ထွေဆင်းရဲမှုမျဉ်းတို့ကို ခွဲခြားသတ်မှတ်လေ့ရှိပါသည်။ အချိန် ကာလအလျောက် ဆင်းရဲမှုမျဉ်းကို ပြင်ဆင်မှုပြုရပါသည် ။ ငွေကြေးဖောင်းပွမှုသည်  အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ နောက်တစ်ချက်မှာ နိုင်ငံတစ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်လာ ပါက သာမန်လူတို့၏ ပျမ်းမျှလူနေမှုအဆင့်လည်း မြင့်တက် လာမည်ဖြစ်ပြီး ထိုပြောင်းလဲမှုနှင့်အညီ ဆင်းရဲမှုမျဉ်းကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါမည်။

ဆင်းရဲမှုမျဉ်းကိုသတ်မှတ်ပြီးသည့်အခါ နိုင်ငံအတွင်း ဆင်းရဲမှုအတိုင်းအဆပမာဏကိုသိရှိနိုင်ပါသည်။ ၀င်ငွေအရ သို့မဟုတ် စားသုံးမှုစရိတ်များအရ ဆင်းရဲမှုမျဉ်းအောက် တွင်ရှိနေသော လူဦးရေရာခိုင်နှုန်းကို တွက်ချက်သိရှိနိုင်ပါ မည်။ ၎င်းင်းကို လူဦးရေဆင်းရဲမှုညွှန်းကိန်း(Headcount Poverty Index)သို့မဟုတ် လူဦးရေအရ ဆင်းရဲမှုနှုန်း (Poverty Rate)ဟုခေါ်ဆိုပြီး ထိုအညွှန်းကိန်းမှာတွက်ချက်ရ လွယ်ကူ၍ နားလည်ရန်လည်း လွယ်ကူသည့်အတွက် အသုံး များပါသည်။ ထိုသို့သောနည်းလမ်းအားဖြင့် တိုင်းတာ၍ ရသောရလဒ်ကို နိုင်ငံ၏ Absolute Poverty Indexဟု ခေါ်ပါသည်။

ဆင်းရဲနွမ်းပါးသူများကို အဓိပ္ပာယ်သတ်မှတ်ရာတွင် ၎င်းင်းတို့ရရှိသောဝင်ငွေနှင့် လူမှုအဖွဲ့အစည်း၏ ပျမ်းမျှဝင်ငွေ တို့ဖြင့် နှိုင်းယှဉ်၍ တိုင်းတာသတ်မှတ်သည့်နည်းလည်းရှိ ပါသည်။ ဥပမာအားဖြင့် ဥရောပသမဂ္ဂတွင် ဆင်းရဲနွမ်းပါး မှုကိုသတ်မှတ်ရာ၌ နိုင်ငံတစ်နိုင်ငံရှိ လူ့အဖွဲ့အစည်း၏ တစ်ဦးချင်းပျမ်းမျှဝင်ငွေကို တွက်ချက်ကာ ယင်း၏ရာခိုင်နှုန်း ၅၀ထက်လျော့နည်းသောဝင်ငွေရှိသူများအား ဆင်းရဲနွမ်းပါး သူများဟုသတ်မှတ်ပါသည်။ ယင်းကိုနှိုင်းရဆင်းရဲနွမ်းပါး မှု(Relative Poverty)ဟု ခေါ်ဆိုပါသည်။

ဤနေရာတွင် ပိုမိုပြည့်စုံရန်အတွက် ဆင်းရဲချမ်းသာ မညီမျှမှု(Inequility)နှင့်ပတ်သက်၍လည်း အကျဉ်းမျှဖော်ပြ ရန်လိုအပ်မည်ဖြစ်ပါသည်။ ထိုသဘောတရားကို ဆင်းရဲ နွမ်းပါးမှုနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် မကြာခဏရည် ညွှန်းလေ့ရှိပါသည်။ သို့ရာတွင် ဆင်းရဲချမ်းသာမညီမျှမှုဆို သည်မှာ ဆင်းရဲမှုထက် ပိုမိုကျယ်ပြန့်သည့်သဘောတရားဖြစ် ပါသည်။ ဆင်းရဲမှုတစ်ခုတည်းအပေါ်တွင်သာ အလေးထား အာရုံစိုက်ခြင်းမျိုးသက်သက်မဟုတ်ဘဲ လူဦးရေတစ်ရပ် လုံးအပေါ်အခြေခံ၍ အဓိပ္ပာယ် ဖွင့်ဆိုခြင်း ဖြစ်ပါသည်။

ဆင်းရဲချမ်းသာမညီမျှမှုအတွက် အလွယ်ဆုံးနှင့်အသုံး များဆုံးနည်းလမ်းမှာ လူဦးရေကို အဆင်းရဲဆုံးမှ အချမ်းသာ ဆုံးအထိ အဆင့်ဆင့်အုပ်စုခွဲကြည့်ခြင်းဖြစ်ပါသည်။ ထိုသို့ ခွဲခြားပြီး လူဦးရေ ငါးပုံ သို့မဟုတ် ဆယ်ပုံအုပ်စုတို့၏ အသုံး စရိတ် သို့မဟုတ်ဝင်ငွေကို ရာခိုင်နှုန်းဖြင့်ဖော်ပြပါသည်။ အများအားဖြင့် လူဦးရေ၏အဆင်းရဲဆုံး (ငါးပုံတစ်ပုံ)သည် စုစုပေါင်းအသုံးစရိတ်၏ ခြောက်ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်း အထိ သုံးစွဲကြပြီး ထိပ်ဆုံး(ငါးပုံတစ်ပုံ) အုပ်စုသည်စုစုပေါင်း အသုံးစရိတ်၏၃၅ ရာခိုင်နှုန်းမှ၅၀ရာ ခိုင်နှုန်းအထိ သုံးစွဲ ကြသည်။

 ဆင်းရဲချမ်း သာမညီမျှမှုအတွက် အသုံးအများဆုံး တိုင်းတာမှုမှာ ဂျီနီ ညွှန်းကိန်း(Gini coefficient)ဖြစ်သည်။ လူဦးရေကို ၀င်ငွေ အရ ငါးပုံအုပ်စု သို့မဟုတ် ဆယ်ပုံအုပ်စုခွဲခြားမှုပြုပြီး စုစု ပေါင်းဝင်ငွေတွင် ၎င်းင်းတို့၏၀င်ငွေရာခိုင်နှုန်းကို တွက်ချက် ရပါသည်။ ဥပမာအားဖြင့် နိုင်ငံ အတွင်းပျံ့နှံ့နေသော ဆင်းရဲ ချမ်းသာမညီမျှမှုကို ဂျီနီညွှန်းကိန်းဖြင့် တွက်ချက်သိရှိနိုင် မည်ဖြစ်ပါသည်။ ထိုညွှန်းကိန်းသည် သုညနှင့်တစ်ကြားတွင် ရှိသည်။ ညွှန်းကိန်းသုညသည် အိမ်ထောင်စုတိုင်းက တူညီ သောဝင်ငွေရရှိနေခြင်းကိုညွှန်ပြနေပြီး ညွှန်းကိန်းတစ်သည် တိုင်းပြည်၏၀င်ငွေအားလုံးကို အိမ်ထောင်စုတစ်ခုတည်း ကသာပိုင်ဆိုင်နေခြင်းကို ညွှန်ပြခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ် တွင် ၀င်ငွေမညီမျှမှုအများဆုံး အရပ်ဒေသများ၏ဂျီနီညွှန်း ကိန်းမှာ ၀.၅၀န်းကျင်တွင်ရှိပြီး ချမ်းသာသောနိုင်ငံများရှိ ဂျီနီညွှန်းကိန်းမှာ ၀.၃ဖြစ်ပါသည်။
 
ဆင်းရဲမှုနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် တိုင်း တာမှုများကို အကျဉ်းချုံးဖော်ပြပြီးသည့်အခါ ဆင်းရဲမှုမျဉ်း နှင့်ပတ်သက်၍ အနည်းငယ်ဥပမာပေးဖော်ပြရန် လိုအပ် ပါသည်။
၂၀၀၉ခုနှစ်က အမေရိကန်ပြည်ထောင်စုတွင် အသက် (၆၅)နှစ်အောက်လူတစ်ဦးအတွက် ဆင်းရဲမှုမျဉ်းကို သန်း ခေါင်စာရင်းဌာနက တစ်နှစ်လျှင် ဒေါ်လာ ၁၁၁၆၁အဖြစ် သတ်မှတ်ဖော်ပြခဲ့ပါသည်။ ကလေးနှစ်ဦးပါ လူဦးရေလေး ယောက်ရှိသည့် မိသားစုတစ်စု၏ဆင်းရဲမှုမျဉ်းကို ဒေါ်လာ ၂၁၇၅၆အဖြစ် သတ်မှတ်ခဲ့ပါသည်။6 ထိုကဲ့သို့တွက်ချက် သတ်မှတ်မှုမှထွက်ပေါ်လာသောရလဒ်မှာ အမေရိကန်နိုင်ငံ တွင် ဆင်းရဲမှုနှုန်း၁၄.၃ရာခိုင်နှုန်းရှိနေသည့်အတွက် ထို နှစ်တွင် လူဦးရေ၄၃.၆သန်းမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ကြ သည်။ ယင်းသည် အမေရိကန်ပြည်ထောင်စုတွင် ဆင်းရဲမှု မျဉ်းကို စတင်တွက်ချက်ခဲ့သည့် (၅၁)နှစ်အတွင်း ဆင်းရဲ နွမ်းပါးသူအရေအတွက် အများဆုံးဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ၀င်ငွေမညီမျှမှုနှင့်ပတ် သက်၍ ဂျိုးဇက်စတစ်ဂလစ်(Joseph Stiglitz)က ထောက်ပြ ခဲ့ရာတွင် အမေရိကန်လူဦးရေ၏တစ်ရာခိုင်နှုန်းသည် နိုင်ငံ ၀င်ငွေ၏ လေးပုံတစ်ပုံနီးပါးကို ရယူထားသည်ဟု ဆိုသည်။ လွန်ခဲ့သည့်(၂၅)နှစ်က သူတို့၏ဝေစုမှာ ၁၂ရာခိုင်နှုန်းသာရှိ သည်ဟုဆို၏။ ထို့အပြင် ထိပ်တန်း တစ်ရာခိုင်နှုန်း၏၀င်ငွေ မှာ ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း ၁၈ရာခိုင်နှုန်း မြင့်တက်လာ သည်ကိုတွေ့ရှိရသည်။ တစ်ချိန်တည်းမှာပင် လူလတ်တန်း စားများ၏ ၀င်ငွေကျဆင်းလာခဲ့ပြီး ပြီးခဲ့သည့်ဆယ်စုနှစ်များ အတွင်း ဖွံ့ဖြိုးတိုးတက်မှု အားလုံးမှာ ထိပ်တန်းအလွှာများဆီ သို့သာရောက်ရှိသွားသည် ကို တွေ့ရှိခဲ့ရသည်ဟုသိရသည်။

တရုတ်နိုင်ငံတွင်လည်း စီးပွားရေးတိုးတက်လာမှုနှင့် အတူ လူနေမှုအဆင့်အတန်းလည်းမြင့်မားလာခဲ့ရာ အခြား နိုင်ငံများနည်းတူ ဆင်းရဲမှုမျဉ်းကိုတိုးမြှင့်နေရပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင် နိုင်ငံ၏ပျမ်းမျှ လူနေမှု အဆင့်အတန်း တိုးမြင့်လာခြင်းနှင့် နိုင်ငံတကာစံနှုန်းစံထားများနှင့်လည်း မညီညွတ် ဟုဝေဖန်ခံရသည်။ ဥပမာအားဖြင့် ၂၀၀၆ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဆင်းရဲမှုမျဉ်းကို တစ်နှစ်လျှင် လူတစ်ဦးချင်း အတွက် ယွမ်၆၈၀(အမေရိကန်ဒေါ်လာ ၈၅)ဟု သတ်မှတ် ထားပါသည်။ ယင်းသတ်မှတ်ချက်အရ တရုတ်လူမျိုး ၂၃.၆၅ သန်းမှာ ဆင်းရဲမှုမျဉ်းအောက်ရောက်ရှိနေကြောင်း တွေ့ရှိ ရပါသည်။ သို့သော် အပြည်အပြည်ဆိုင်ရာသတ်မှတ်ချက် ဖြစ်သည့် တစ်နေ့လျှင် တစ်ဒေါ်လာနှုန်းဖြင့် သတ်မှတ်ခဲ့ပါ က ဆင်းရဲမှုမျဉ်းသည် တစ်နှစ်လျှင် ၃၆၅ဒေါ်လာသို့  တိုးမြှင့် သွားမည်ဖြစ်ပြီး တရုတ်ပြည်သူ သန်း၁၂၀မှ ၁၃၀သည် ဆင်းရဲနွမ်းပါးသူများအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်ပါ သည်။ ထို့ကြောင့် တရုတ်လူမျိုး၂၃.၆၅သန်းသည် အလွန် အမင်းဆင်းရဲနွမ်းပါးသူများအဖြစ် အစားအစာ၊ အ၀တ် အထည်နှင့် နေထိုင်စရာပြဿနာများ ကြုံတွေ့နေကြရသူ များဖြစ်ပြီး ကျန်လူဦးရေသန်း၁၀၀မှာ ဆင်းရဲသူများအဖြစ် သတ်မှတ်ခြင်းမခံရသည့်အတွက် သူတို့ရသင့်ရထိုက်သော အကူအညီများကို ရရှိနိုင်တော့မည်မဟုတ်ပါကြောင်း ဝေဖန် ပြောဆိုမှုများရှိခဲ့ပါသည်။

ဆင်းရဲမှုမျဉ်းနှင့်ပတ်သက်၍ မကြာသေးမီကလည်း တရုတ်နိုင်ငံတွင် အငြင်းပွားမှုများ ထွက်ပေါ်လာခဲ့သည်ကို တွေ့ရှိရပါသည်။ ၂၀၁၁ခုနှစ်၌ တရုတ်နိုင်ငံ၏ ဆင်းရဲမှု မျဉ်းကို တစ်နှစ်လျှင် ၁၁၆၉ယွမ်မှနေ၍ ယွမ်၁၅၀၀(အမေ ရိကန် ဒေါ်လာ၁၇၅မှ၂၃၀)သို့ တိုးမြှင့်သတ်မှတ်ခဲ့သည့် အတွက် ဆင်းရဲနွမ်းပါးသူအရေအတွက် ၂၆.၈၈သန်းမှ သန်း၁၀၀အထိ သုံးဆမြင့်တက်လာခဲ့ပါသည်။ သို့ရာတွင် ပညာရှင်များနှင့် နိုင်ငံရေးသမားများက ဆင်းရဲမှုမျဉ်းတိုးမြှင့် ခြင်းမှာနည်းလွန်းသည်ဟုဝေဖန်ခဲ့ကြပြီး ယွမ်၂၄၀၀အထိ နှစ်ဆတိုးမြှင့်သင့်သည်ဟု ဆိုကြပါသည်။ ၁၉၈၅ခုနှစ်မှ ၂၀၁၀ခုနှစ်ကာလများအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) အဆ ၅၀မျှတိုးတက် လာခဲ့သော်လည်း ဆင်းရဲမှုမျဉ်းမှာမူ ငါးဆ မျှသာတိုးတက်လာခဲ့သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။

ဆင်းရဲမှုမျဉ်းပိုင်းခြားသတ်မှတ်ခြင်းသည် တရုတ်နိုင်ငံ တွင် နိုင်ငံရေးအရ သတိကြီးစွာထား၍ဆောင် ရွက်ရသော အရေးကိစ္စမျိုးလည်းဖြစ်ပါသည်။ ဗဟိုအစိုးရက ဆင်းရဲမှု မျဉ်းသတ်မှတ်မှုအား အနည်းငယ်သာမြှင့်တင်မှုပြုလိုလျက် ရှိပြီး ခပ်များများတိုးမြှင့်လိုက်မည်ဆိုပါက နိုင်ငံအတွင်း ဆင်းရဲသူဦးရေပမာဏ များပြားစွာ တိုးပွားလာခြင်းအတွက် မျက်နှာမလှဖြစ်ရမည် ကို ရှောင်လွှဲလိုခြင်းကြောင့်ဖြစ်သည်။ တစ်ဖက်တွင် ဒေသဆိုင်ရာအာဏာပိုင်တို့ကမူ ဆင်းရဲမှု မျဉ်းကို ခပ်မြင့်မြင့်တိုးမြှင့်စေလိုသည်။ အဘယ်ကြောင့်ဆို သော် ထိုသို့လုပ်ဆောင်ခြင်းဖြင့် သူတို့၏ဒေသတွင် ဆင်းရဲ သားအဖြစ် သတ်မှတ်ခံရသူများပိုမိုများပြားလာပြီး အစိုးရ ထောက်ပံ့ငွေများနှင့် အခြားသောအကူအညီများ ပိုမိုဝင် ရောက်လာစေလိုခြင်းကြောင့်ဖြစ်သည်။ သာမန်လူများ ကလည်း ဆင်းရဲမှုမျဉ်းကို ခပ်မြန်မြန်ခပ်များများမြင့်တက် စေလိုပြီး သူတို့အား ဆင်းရဲသူများအဖြစ် သတ်မှတ်ခံရလျှင် အစိုးရထံမှ ပံ့ပိုးကူညီမှုများ ရရှိလိုခြင်းကြောင့် ဖြစ်ပါသည်။ တရုတ်အစိုးရအနေဖြင့်လည်း ဆင်းရဲမှုတိုက်ဖျက်ရေးအစီ အစဉ်အတွက် ၁၉၈၀မှ ၂၀၀၇ခုနှစ်အထိ ယွမ်၁၆၀ဘီလီယံ (အမေရိကန်ဒေါ်လာ၂၃.၉ဘီလီယံ)ကို ထောက်ပံ့ခဲ့ပါသည်။



ဗီယက်နမ်နိုင်ငံတွင်မူ (၂၀၁၁ခုနှစ်မှ ၂၀၁၅ခုနှစ်အထိ) ငါးနှစ်တာကာလအတွင်း ဆင်းရဲမှုမျဉ်းအသစ်ကို သတ်မှတ် ခဲ့ပြီး ယင်းမျဉ်းအသစ်အရ ကျေးလက်ဒေသနေ လူတစ်ဦး ချင်းအတွက် တစ်လလျှင် ဗီယက်နမ်ဒေါင်ငွေ ၄၀၀၀၀၀ (အမေရိကန်ဒေါ်လာ၂၀.၅)နှင့် မြို့ပြဒေသရှိ လူတစ်ဦးချင်း အတွက် တစ်လလျှင် ဗီယက်နမ်ဒေါင်ငွေ ၅၀၀၀၀၀(အမေ ရိကန် ဒေါ်လာ၂၅.၀၅)သတ်မှတ်ထားသည်။ အစိုးရ၏ ထုတ်ပြန်ကြေညာချက်အရ ဆင်းရဲမှုမျဉ်းအောက်ရှိ အိမ် ထောင်စုများမှာ ၂၀၀၅ခုနှစ်တွင် ၂၂ရာခိုင်နှုန်းရှိနေရာမှ ၂၀၁၀ပြည့်နှစ်တွင် ၉.၄၅ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း တွေ့ရှိရသည်။၁၁ ဆင်းရဲမှုစံနှုန်းသစ်အရ ဟနွိုင်းမြို့တော်တွင် ၂၀၁၀ပြည့်နှစ်၌ ဆင်းရဲနွမ်းပါးသည့်အိမ်ထောင်စုပေါင်း ၁၁၄၆၃၆ရှိမည်ဟုခန့်မှန်းထားပြီး ထိုမြို့နေလူဦးရေစုစုပေါင်း ၏၉.၆ရာခိုင်နှုန်းဖြစ်ပါသည်။ မြို့တော် အာဏာပိုင်တို့အနေဖြင့် ၂၀၁၁-၂၀၁၅ခုနှစ်အတွင်း စည်ပင်သာယာအသုံးစရိတ်ဘတ် ဂျက်ငွေထဲမှ ဒေါင်ငွေ၅ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၅၆.၄၁သန်း)ကို မြို့နေဆင်းရဲနွမ်းပါးသူ ပြည်သူလူထုအ တွက် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်း ဖြင့် ၂၀၁၅ခုနှစ်တွင် ဟနွိုင်းမြို့တော်၏ ဆင်းရဲနွမ်းပါးမှုနှုန်း နှစ်ရာခိုင်နှုန်းအထိကျဆင်းမည်ဟု ခန့်မှန်းထားပါသည်။
 
နိုင်ငံအလိုက် ဆင်းရဲမှုမျဉ်းအပြင် လူသိများသော မျဉ်းတစ်ခုမှာ အပြည်ပြည်ဆိုင်ရာဆင်းရဲမှုမျဉ်းဖြစ်သည်။ ထိုမျဉ်းအရ ယခင်က လူတစ်ဦးချင်းဝင်ငွေ တစ်နေ့ အမေ ရိကန်တစ်ဒေါ်လာသတ်မှတ်ခဲ့ရာမှ ၂၀၀၈ခုနှစ်တွင် ၁.၂၅ ဒေါ်လာပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ထိုသတ်မှတ်ချက် အရ ၂၀၀၅ခုနှစ်တွင် ကမ္ဘာပေါ်၌ ဆင်းရဲနွမ်းပါးသူ ၁.၃၈ ဘီလီယံရှိခဲ့ကြောင်း ခန့်မှန်းခဲ့ကြပါသည်။  (၂၀၀၅ခုနှစ် အမေရိကန်ဒေါ်လာ ၀ယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း (Purchasing Power Parity)နှင့် တွက်ချက်ထားပါသည်။
 
(ဂ) ဆင်းရဲမှုကို တိုင်းတာရသည့်အကြောင်းရင်း

ဆင်းရဲမှုတိုင်းတာရာတွင် ယုံကြည်အားထားမှုရှိရန် အချိန်၊ လုပ်အားနှင့် ငွေကြေး ကျခံကာ ဆောင်ရွက်ကြရပါ မည်။ ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်အတွင်း သဘော တရားပိုင်းဆိုင်ရာနှင့် စာရင်းအင်းဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်ရပါမည်။ မည်သို့ဆိုစေ ဆင်းရဲမှုကိုတိုင်းတာရသည့် အကြောင်းရင်းလေးချက်ရှိပါသည်။

ပထမအချက်မှာ ဆင်းရဲမှုကိုတိုင်းတာခြင်းဖြင့် မူဝါဒ ချမှတ်သူများက ဆင်းရဲသူများ၏အခြေအနေနှင့်လိုအပ် ချက်များကို ပိုမိုသိရှိလာပြီး သူတို့၏အကျိုးကို အလေးထား ဆောင်ရွက်လာမည်ဖြစ်ပါသည်။ ဥပမာ-နိုင်ငံလူဦးရေ၏ ၂၁ရာခိုင်နှုန်းဖြစ်သော လူဦးရေ၁၈သန်းသည် အလွန်အမင်း ဆင်းရဲနွမ်းပါးနေပြီး ၀မ်းစာရေးအတွက် ခက်ခက်ခဲခဲရုန်းကန် နေရသည်ဟူသော သတင်းအချက်အလက်မျိုးက ၎င်းင်းတို့ အတွက် တစ်စုံတစ်ရာလုပ်ဆောင်ပေးရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း မူဝါဒချမှတ်သူများကို မီးမောင်း ထိုးပြလိုက်ခြင်းပင်ဖြစ်သည်။
 
ဒုတိယအချက်မှာ ဆင်းရဲမှုကိုတိုင်းတာခြင်းအားဖြင့် အကူအညီပေးရန်လိုအပ်နေသည့် ဆင်းရဲနွမ်းပါး သူများကို ရှာဖွေ ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။ ဤအရေးကိစ္စတွင် ဆင်းရဲမှုဆိုင်ရာရုပ်ပုံလွှာသည် အသုံးဝင်ပါသည်။ ဆင်းရဲမှု ဖြစ်ပေါ်နေပုံ အနေအထား၊ ကျေးလက်နှင့်မြို့ပြတည်းဟူ သော ပထ၀ီအနေအထားအလိုက် ပြောင်းလဲပုံ၊ ရပ်ရွာ တွင် ကျောင်း၊ ဆေးရုံ ရှိ၊ မရှိ၊ အိမ်ထောင်စုများ၏အခြေ အနေ (ဥပမာ-အိမ်ထောင်စုဝင်ဦးရေ၊ အိမ်ထောင်ဦးစီး၏ ပညာရေးအဆင့်အတန်း) စသည်တို့ကို သိရှိနိုင်မည်ဖြစ် ပါသည်။ ထိုသို့သောအချက်အလက်များကို သိရှိခြင်းအား ဖြင့် အကူအညီပေးရာတွင် ပိုမိုထိရောက်သော ဦးတည် ဆောင်ရွက်မှုများဖြင့် အလိုအပ်ဆုံးသောသူများထံ အကူ အညီရောက်ရှိရေးကို စီမံဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

တတိယအချက်မှာ ဆင်းရဲမှုလျှော့ချရေးစီမံချက်များ နှင့်မူဝါဒရေးရာအရ တိုက်ရိုက်ဆောင်ရွက်မှု ရလဒ်များကိုဆင်းရဲမှုတိုင်းတာခြင်းအားဖြင့် စောင့်ကြည့်စစ်ဆေးခြင်း၊ ပြန်လည်သုံးသပ်ခြင်းတို့ပြုလုပ်နိုင်ပါမည်။ ထိုအချက်မှာ အရေးပါပြီး စီမံချက်များနှင့် မူဝါဒပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်များကြောင့် ဆင်းရဲမှုနှင့်ပတ်သက်၍ မည်ကဲ့သို့၊ မည်သည့်နည်းဖြင့်၊ မည်မျှလျှော့ချကာ လူနေမှုဘ၀ကို အမှန်တကယ်တိုးတက်စေကြောင်း သိရှိနိုင်မည်ဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် ဆင်းရဲမှုတိုင်းတာရာတွင် ဆင်းရဲ မှုလျော့ကျစေရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ မည်မျှအထိ ထိရောက်စွာဆောင်ရွက် နိုင်သည်ဆိုသည်ကို ပြန်လည်သုံးသပ်သွားရန် လိုအပ်မည် ဖြစ်ပါသည်။ ဥပမာအားဖြင့် သမ၀ါယမ၀န်ကြီးဌာနက လယ်သမားအစည်းအရုံးများ ဖွဲ့စည်းပေး၍ ကျေးလက်ချေး ငွေများ ထောက်ပံ့ပေးခြင်းမျိုး သို့မဟုတ် စားသုံးသူအသင်း များ ထူထောင်ပေးခြင်းအားဖြင့် လိုအပ်သည့်လူသုံးကုန် ပစ္စည်းများကို သင့်တင့်သောဈေးနှုန်းဖြင့် ၀ယ်ယူစေနိုင်ခြင်း များကို ချမှတ်ဆောင်ရွက်လာနိုင်သည် ဆိုပါစို့။ ထိုလုပ်ငန်း စဉ်များ၏ အောင်မြင်မှုကို လယ်သမားအဖွဲ့အစည်းများက ချေးငွေထုတ်ပေးခြင်း၊ စားသုံးသူသမ၀ါယမအသင်းများက ဈေးချိုသာသောအစားအစာနှင့် အခြားအခြေခံကုန်ပစ္စည်း များ ၀ယ်ယူပေးခြင်းဖြင့် လယ်သမားမိသားစု ရာခိုင်နှုန်း မည်မျှ လက်ရှိဆင်းရဲမျဉ်းအပေါ်ရောက်သွားသည်ကို ယုံ ကြည်စိတ်ချရသော အထောက်အထားများနှင့် ဖော်ပြနိုင် ပါက အကျိုးသက်ရောက်မှုများရရှိမည်ဖြစ်ပါသည်။ အဘယ် ကြောင့်ဆိုသော် ထိုအထောက်အထားများသည် သမ၀ါယမ လှုပ်ရှားမှုအပေါ် ယုံကြည်စိတ်ချအားထားမှုကို ဖြစ်ပေါ် စေပြီး နိုင်ငံ၏ဆင်းရဲမှုကိစ္စကို ဖြေရှင်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ကြောင်း သာဓကများ ပြနိုင်မည်ဖြစ်ပါသည်။

(၂)
မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး မဟာဗျူဟာအတွေးအမြင်

အတိတ်မှ သိသိသာသာလမ်းခွဲထွက်ခြင်း

ဆင်းရဲနွမ်းပါးမှုသည် နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံရေး အရ သတိကြီးစွာထား၍ ကိုင်တွယ်ရသည့်ကိစ္စဖြစ်ပါသည်။ မြန်မာပြည်တွင် ဆင်းရဲနွမ်းပါးမှုနှင့်ပတ်သက်၍ လုပ်သင့် လုပ်ထိုက်သလောက် လုပ်ဆောင်ခဲ့ခြင်းမျိုးကို မတွေ့ရပါ။ အစိုးရသစ်က ဆင်းရဲနွမ်းပါးမှုပြဿနာကို ပထမဆုံးပြုလုပ် သည့် နိုင်ငံတော်အဆင့်စီးပွားရေးဆွေးနွေးပွဲတွင် ကိုင်တွယ် ဖြေရှင်းရန် ကြိုးပမ်းလာခြင်းကပင် အတိတ်ကာလမှ သိသိ သာသာလမ်းခွဲထွက်လာကြောင်း ဖော်ပြနေခြင်းဖြစ်ပါ သည်။ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် မူဝါဒချမှတ်သူများ၊ အစိုးရအရာရှိများ၊ ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်း  များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းမှ ကိုယ်စားလှယ် များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ လူထုပြန် ကြားရေးအဖွဲ့အစည်းများ၊ စာနယ်ဇင်းအဖွဲ့ဝင်များ ပါဝင် နေကြောင်း သတိပြုသင့်ပါသည်။ ဆင်းရဲနွမ်းပါးမှုလျော့ကျ ရေးသည် မြန်မာပြည်သူများအတွက် အလေးထားဖြေရှင်းရ မည့်ကိစ္စဖြစ်ပြီး ဤအလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်သူတို့က ပြန်လည်သုံးသပ်မှုများ၊ အမြင်ချင်းဖလှယ်မှုများ၊ အကြံပြု ဆွေးနွေးတင်ပြမှုပြုခြင်းများအားဖြင့် အဖြေရှာဆောင်ရွက် ကြမည်ဖြစ်ပါသည်။ ထိုအနေအထားက နိုင်ငံတော်သည် စီးပွားရေးနှင့် လူမှုရေးပြဿနာများကို ချဉ်းကပ်မှုအသစ်ဖြင့် ဖြေရှင်းရန်ဆန္ဒရှိကြောင်း ဖော်ပြရာရောက်ပါသည်။

အခြေခံမူများ
မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး မဟာဗျူဟာကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်များနှင့် အညီ ယခုကဲ့သို့ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ နိုင်ငံတော် သမ္မတကြီး၏ လမ်းညွှန်ချက်များမှာ မတ်လ ၃၀ရက်နေ့ ပြည်ထောင်စုလွှတ်တော်ရှိ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ၌ ပြောကြားခဲ့သော မူဝါဒဆိုင်ရာမိန့်ခွန်း၊ မတ်လ၃၁ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များနှင့် ပြည်ထောင်စုအဖွဲ့ အစည်းများ၏အကြီးအကဲများသို့ ပြောကြားသည့်မိန့်ခွန်း နှင့် ဧပြီလ၆ရက်နေ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ်များ၊ ပြည်ထောင်စု ဒုတိယ၀န်ကြီးများအားပြောကြားသည့် မူဝါဒရေးရာမိန့်ခွန်း များဖြစ်သည်။ ထိုမိန့်ခွန်းများ၌ ပွင့်လင်းမြင်သာမှု၊ တာဝန် ယူတာဝန်ခံမှု၊ ကောင်းမွန်သောအစိုးရစနစ်၊ တရားဥပဒေ စိုးမိုးရေးကိစ္စများကို အလေးပေးပြောကြားခဲ့သည့်အပြင် အဂတိလိုက်စားမှု၊ လူနည်းစုကောင်းစားရေးဝါဒ၊ ဆင်းရဲ ချမ်းသာကွာဟမှုကိစ္စများအပေါ် ကိုင်တွယ်ဖြေရှင်းရန်လိုအပ် နေကြောင်းကိုလည်း အလေးအနက်ပြောကြားခဲ့ပါသည်။၁၄ ဤအရေးကိစ္စများသည် မြန်မာနိုင်ငံတွင် မဖြစ်မနေ ဖြေရှင်း ရမည့်ပြဿနာများဖြစ်ပြီး ယင်းတို့ကို စပြီးကိုင်တွယ်ဖြေရှင်း ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခြင်းသည်ပင်လျှင် နိုင်ငံတော်၏အသွင်သစ်တစ်ရပ်ကို ဖော်ပြခဲ့သည်သာမက ဆင်းရဲနွမ်းပါးမှုပြဿနာလျော့ကျစေရေးနှင့် ဆက်လက်ဆောင် ရွက်မည့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ် သက်သည့် ကောင်းမွန်သောနိဒါန်းလည်းဖြစ်ပါသည်။
နိုင်ငံတော်သမ္မတကြီးက ထိုသို့သောအပြုသဘော ဆောင်သည့် မူဝါဒရေးရာကြေညာချက်သည်ပင် မျှော်လင့် အားတက်စရာလည်းဖြစ်လာစေပါသည်။ ဆက်လက်အ ကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အပြု သဘောရှုမြင်သော်လည်း နိုင်ငံရေးဆန္ဒနှင့် လုပ်နိုင်စွမ်းတို့ အပေါ် သံသယရှိနေသောကြောင့် ထိုသံသယများ၊ စိုးရိမ် ပူပန်မှုများကို ပပျောက်စေရန်မှာ လက်တွေ့ကျသည့်လုပ် ဆောင်မှုများဆောင်ရွက်ပြရန် လိုအပ်ပါမည်။ ဆင်းရဲနွမ်းပါး မှုလျော့ကျရေးသည် ဤစိန်ခေါ်မှုများကိုရင်ဆိုင်ရန် အလား အလာကောင်းသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ နိုင်ငံ တွင်းရှိ ဆင်းရဲနွမ်းပါးသူများ လက်တွေ့ခံစားနေရသော ဒုက္ခများအပေါ် လက်ခံအသိအမှတ်ပြုမှုများ ပိုမိုကျယ်ပြန့် လာနေပါသည်။ ယင်းတို့နှင့်ပတ်သက်ပြီး နိုင်ငံတော်အကြီး အကဲများအနေဖြင့် လုပ်ဆောင်ပေးရန်ဆန္ဒမြင့်မားလာ ပါသည်။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ် <ကယ်ဝသည့်နိုင်ငံဖြစ်နေပြီး နိုင်ငံ၏စိုက်ပျိုးရေး၊ စားသောက် ကုန်ထုတ်လုပ်ရေး၊ ရေလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေးလုပ် ငန်းကဏ္ဍများသည်လည်း အလားအလာကောင်းများဖြစ် ထွန်းနေသကဲ့သို့  ဆင်းရဲသူများ၏အဓိကလိုအပ်ချက်များ ကို ဖြည့်ဆည်းပေးမည့်အနေအထားများလည်း ရှိနှင့်ပြီး ဖြစ်ပါသည်။ ဤအချက်များသည်ပင် ဆင်းရဲမှုလျော့ကျရေး မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲ၍ အ ကောင်အထည်ဖော်ရန် အခြေခံကောင်းများဖြစ်ပါသည်။

ပို၍ပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန်ခံမှု
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာမှ ရလဒ် ကောင်းများထွက်ပေါ်လာစေရေးသာမက စီးပွားရေးပြုပြင် ပြောင်းလဲမှုကိုပါ ဖော်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူတာဝန်ခံမှုသည် အလွန်အရေးကြီးပါသည်။ ထိုကိစ္စများမှာ စီးပွားရေးအကြံပေးပုဂ္ဂိုလ်များနှင့် ပိုမို၍ သက်ဆိုင်မည်ဟုလည်း ထင်ပါသည်။
အတိတ်ကာလက ပညာရှင်နှင့် သုတေသီတို့သည် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးပြဿနာများအပေါ် လေ့လာ မှုများ ပြင်ဆင်တင်ပြ၍ အမြင်သုံးသပ်ချက်များပေးရာတွင် မိမိဘာသာ ဆင်ဆာဖြတ်တောက်တင်ပြသည့်အလေ့အထ ရှိခဲ့ကြပါသည်။ ယခုအခါတွင် သမ္မတကြီး၏ မူဝါဒမိန့်ခွန်း များကြောင့် ပိုမိုပွင့်လင်း၍ ထင်သာမြင်သာရှိရေးနှင့်စပ်လျဉ်း ၍ အလားအလာကောင်းများကို ပို၍ရှုမြင်ရမည်ဟု ယုံ ကြည်ပါသည်။ ပိုမိုပွင့်လင်းထင်သာမြင်သာရှိမှုကြောင့် ပညာရှင်တို့အနေဖြင့်လည်း သူတို့၏ရှုမြင်သုံးသပ်ချက်များ ပို၍ရိုးသားစွာတင်ပြလာကြမည်ဟု ယူဆရပါသည်။ ရိုး သားမှုနှင့်ပွင့်လင်းမြင်သာမှုသည် ပြည်သူလူထုတို့၏ ယုံ ကြည်မှုရရှိလာရေးတွင် အလွန်အရေးပါသည့်ကိစ္စလည်း ဖြစ်ပါသည်။ ပြည်သူလူထု၏ နားလည်မှု၊ ပူးပေါင်းဆောင် ရွက်မှု၊ ထောက်ခံအားပေးမှုနှင့် ယုံကြည်မှုရရှိမှသာလျှင် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးသာမက စီးပွားရေးပြုပြင် ပြောင်းလဲမှုကိစ္စကိုပါ ထိထိရောက်ရောက်ဆက်လက်ဆောင် ရွက်နိုင်မည်ဖြစ်ပါသည်။

ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို ချဉ်းကပ်ရာတွင် ပွင့်လင်းမှုနှင့် ထင်သာမြင်သာရှိမှုတို့ အရေးပါပုံကို အမေ ရိကန် ပြည်ထောင်စုအား နမူနာအဖြစ် ကြည့်နိုင်ပါသည်။ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး၊ စီးပွားရေးအင်အား အကောင်းဆုံး၊ အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံတွင်ပါဝင်သော အမေရိကန်ပြည်ထောင်စုကပင်လျှင် သူတို့နိုင်ငံတွင် မိမိတို့ သတ်မှတ်ထားသောဆင်းရဲမှုမျဉ်းအရ ၄၃သန်းသောပြည်သူ များမှာ ဆင်းရဲနွမ်းပါးနေကြပြီး တိုင်းပြည်ဝင်ငွေ၏ လေးပုံ တစ်ပုံကို ထိပ်ဆုံးတစ်ရာခိုင်နှုန်းကသာ ရယူခံစားနေကြ သည်ဟု ထုတ်ဖော်ပြောဆိုလာမှုများရှိပါသည်။၁၅ ထိုရှုထောင့် မှကြည့်လျှင် မြန်မာနိုင်ငံတွင်လည်း ဆင်းရဲနွမ်းပါးသူများရှိ နေပြီး ယင်းတို့၏ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရမည် ဟု ထုတ်ဖော်ပြောဆိုဖို့အရေး ၀န်လေးရန်မသင့်ပါ။

အားလုံးပါဝင်သည့်ချဉ်းကပ်မှု
မြန်မာနိုင်ငံ၌ ကျေးလက်ဒေသတွင် ဆင်းရဲနွမ်းပါးမှု အများဆုံးရှိနေရာ လူဆင်းရဲများ၏ပြဿနာကိုဖြေရှင်းရန် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုသည် အတော်ပင်အထောက် အပံ့ပြုနိုင်မည်ဖြစ်ပါသည်။ သို့သော် ကျေးလက်ဒေသတွင် မနေထိုင်ကြသော လူဆင်းရဲများလည်း နိုင်ငံတိုင်းတွင်ရှိနေ ပါသည်။ မြန်မာနိုင်ငံတွင် မြို့ပြနေဆင်းရဲသူများအပြင် ပထ၀ီ အနေအထားအားနည်းမှုကြောင့် ဆင်းရဲသူများ၊ တိုင်းရင်း သားမျိုးနွယ်စုများနှင့် ဆက်နွှယ်ဆင်းရဲသူများ၊ နယ်စပ်ဒေသ များကဲ့သို့ တည်ငြိမ်မှုအားနည်းသည့်နေရာများတွင် နေထိုင် ကြသော ဒုက္ခရောက်နေသည့် လူ့အဖွဲ့အစည်းများလည်း ရှိနေကြပါသည်။ ထိုသူများ၏လိုအပ်ချက်များကို ဖြည့်ဆည်း နိုင်မည့်အကူအညီများနှင့် အထူးအစီအစဉ်များသည် ဆင်းရဲ နွမ်းပါးမှုတိုက်ဖျက်ရေးမဟာဗျူဟာတွင် ပါဝင်ရန် အလွန် လိုအပ်ပါသည်။

ယင်းအချက်နှင့်ပတ်သက်၍ မြို့ပြနေဆင်းရဲသားများ ၏အခန်းကဏ္ဍကိုလည်း သတိပြုသင့်ပါသည်။ မြို့ပြဆင်းရဲ သားအများစုသည် ကျေးလက်မှ မြို့ပေါ်တက်၍ စားဝတ် နေရေးအတွက် လာရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ် ပြီး ကျေးလက်နှင့် အဆက်အသွယ်အမြဲရှိနေကြပါသည်။ ရရှိသောဝင်ငွေမှ တတ်အားသမျှ ကျေးလက်ရှိမိသားစု များထံ ပြန်လည်ထောက်ပံ့ကြသူများလည်းဖြစ်ကြပါသည်။ ထို့ကြောင့် မြို့ပြနေဆင်းရဲသားများအတွက် အလုပ်အကိုင် နှင့်အခွင့်အလမ်းကောင်းများ ဖန်တီးပေးခြင်းသည် ကျေး လက်ဆင်းရဲသားများကို ကူညီရာလည်း ရောက်ပါသည်။


လက်တွေ့ကျကျလုပ်ဆောင်ရေး
ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး မဟာဗျူဟာတွင် လက် တွေ့ကျကျလုပ်ဆောင်ရန် နည်းလမ်းများကို အဆိုပြုပါ သည်။ လက်တွေ့ကျသောနည်းမှာ မည်သည့်ပြဿနာရှိရှိ ဖြေရှင်းပေးမည်။ ပြဿနာကို အလုပ်ဖြစ်သောနည်းဖြင့်ဖြေ ရှင်းမည်ဖြစ်သည်။ ပြည်သူ့အကျိုးအတွက် မည်မျှကြိုးကြိုး စားစားလုပ်ဆောင်နေသည်က အရေးမကြီးပေ။ ပြည်သူ့ အကျိုးအတွက် ဘာတွေလက်တွေ့ဆောင်ရွက်ခဲ့သလဲဆို သောအချက်က အရေးကြီးပါသည်။
လက်တွေ့ကျသောနည်းနှင့်ပတ်သက်၍ တရုတ်ပြည် မှ နမူနာကိုကြည့်နိုင်ပါသည်။ စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်း လဲရေးတွင် ပုဂ္ဂလိကလယ်ကွက်များ သတ်မှတ်ခြင်းနှင့် ထွက်ကုန်များကို ဈေးကွက်သို့သွားရောက်ရောင်းချကြခြင်း ကို လယ်သမားများကိုယ်တိုင် စတင်လုပ်ဆောင်ခဲ့ကြသည်။ ယင်းပြုပြင်ပြောင်းလဲမှုများကို တရုတ်ပြည်စီးပွားရေး၏ ဗိသုကာတိန့်ရှောင်ဖိန်(Deng Hiaoping)သည် တရားဝင် အတည်ပြုပေးခဲ့ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။ အလားတူ ကျေးလက်ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးအတွက် အဓိကကျသောကျေးလက်လုပ်ငန်းများ Town and Vil-lage Enterprises (TVEs)ထူထောင်ပေးသည်။ ယင်း ဆောင်ရွက်ချက်သည် လယ်ယာမလုပ်သော်လည်း ကျေးရွာ တွင် အခြေချနေထိုင်လုပ်ကိုင်စေသည့်လုပ်ငန်းမျိုး ထူထောင် ပေးခြင်းဖြစ်သည်။ ထိုသို့သောလုပ်ငန်းများ ထောင်ပေါင်း များစွာကိုထူထောင်ပေးခဲ့သည်။ ၁၉၇၉ခုနှစ်တွင် စတင်ခဲ့ သော ထိုစနစ်ကြောင့် ၁၉၈၆ခုနှစ်အရောက်တွင် TVEs များမှနေ၍ ကျေးလက်ဒေသ၏ ၂၁ရာခိုင်နှုန်းလုပ်အား ကို အသုံးပြုနိုင်ခဲ့ပြီး ကျေးလက်ထွက်ကုန်၏တစ်ဝက်ကျော် ကို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

TVEs များ၏စွမ်းဆောင်မှုကို တိန့်ရှောင်ဖိန် အံ့သြ ခဲ့ရသည်။ TVEs များက ယခုကဲ့သို့လုပ်ဆောင်နိုင်စွမ်းရှိ  မည်ဟု မထင်ခဲ့ကြောင်း သူက ၀န်ခံခဲ့သည်။ ထိုမှရရှိသော သင်ခန်းစာမှာ ပြည်သူလူထုအား အထင်မသေးသင့်ကြောင်း၊ ဘာတွေလုပ်ကြဟု သူတို့အားပြောဆိုနေမည့်အစား သူတို့ အကျိုးရှိမည့်အလုပ်ကို သူတို့ကိုယ်တိုင်သိကြသောကြောင့် သူတို့၏ဆန္ဒနှင့်လုပ်ဆောင်မှုများကို ကူညီပံ့ပိုးပေးရန်သာ သင့်ကြောင်းဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးမဟာ ဗျူဟာတွင် ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် ကောင်းမွန် သောနည်းလမ်းတစ်ခုဖြစ်ပါသည်။

ဆင်းရဲနွမ်းပါးမှု၏သဘောသဘာဝနှင့်အကြောင်းရင်းများ    

အကြောင်းအရင်းအမျိုးမျိုးရှိပြီး ရှုပ်ထွေးသော်လည်း ဆင်းရဲနွမ်းပါးမှုလျော့ကျရေး မဟာဗျူဟာရေးဆွဲရာတွင် အလွန်အရေးကြီးပါသည်။ ဆင်းရဲရသည့်အကြောင်းမှာ (က) သယံဇာတနည်းပါးသောဒေသ၊  ဝေးလံ သို့မဟုတ် ပဋိပက္ခရှိရာဒေသတွင် နေထိုင်ကြရခြင်းကြောင့် ပိုင်ဆိုင်မှု နှင့် လူ့စွမ်းဆောင်ရည်ချို့တဲ့ခြင်း၊ (ခ) အသက်အရွယ်၊ လုပ် ငန်းခွင်အခြေအနေ၊ ကျန်းမာရေးမကောင်းခြင်း၊ (ဂ) စီး ပွားရေးတုံ့ဆိုင်းမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်း ပါးခြင်း၊ (ဃ) အမျိုးသမီးဖြစ်ခြင်း၊ တိုင်းရင်းသားလူနည်းစု ဖြစ်ခြင်းနှင့် မသန်မစွမ်းဖြစ်ခြင်း၊ (င) အုပ်ချုပ်မှုအားနည်း ခြင်းနှင့် အထူးအခွင့်အရေးများပေးခြင်းတို့ကြောင့် ဆင်းရဲ ချမ်းသာကွာဟမှု မြင့်မားခြင်းတို့ကို ရင်ဆိုင်နေကြခြင်းတို့ ဖြစ်သည်။

ဖွံ့ဖြိုးမှုနှင့်ဆင်းရဲနွမ်းပါးမှု
အရှေ့အာရှနိုင်ငံများသည် ဆယ်စုနှစ်နှစ်ခုအတွင်း စီးပွားရေးတိုးတက်မှုနှုန်း လျင်မြန်ခဲ့မှုကြောင့် ဆင်းရဲမှုကို တစ်ဝက်လျှော့ချစေနိုင်ကြောင်းတွေ့ကြုံခဲ့ရသဖြင့် ဆင်းရဲမှု လျှော့ချရန်၊ တိုးတက်မှုနှုန်းမြန်ဆန်ရန်လိုကြောင်း ထောက်ပြ ခဲ့ကြသည်။၁၆ စီးပွားရေးတိုးတက်ပါက လုပ်သားလိုအပ် ချက်မြင့်မားလာမည်။ အလုပ်အကိုင်ရရှိမှု မြင့်မားလာလျှင် လုပ်ခနှင့် ၀င်ငွေများတိုးလာမည်။ ထို့အပြင် အရှေ့အာရှ တွင် အမျိုးသမီးအများအပြား လုပ်ငန်းခွင်သို့ ၀င်ရောက်ခဲ့ ကြသည်ကို တွေ့မြင်ကြရသည်။ ထိုသို့ဝင်ရောက်ခြင်းကြောင့် ၎င်းင်းတို့၏အဆင့်အတန်းကို မြင့်မားစေရုံမျှသာမက ဆင်းရဲ နွမ်းပါးမှုကိုလည်း အကျိုးသက်ရောက်မှုများရှိခဲ့ပါသည်။ စီးပွားရေးလျင်မြန်စွာတိုးတက်လျှင် တိုးတက်မှုနှင့် ဆင်းရဲ နွမ်းပါးမှုတို့သည် နှစ်လမ်းသွားဆက်ဆံရေးမျိုး ရှိသည်။  တိုးတက်မှုနှုန်းမြင့်မားလာခြင်းကြောင့် လုပ်အား၏၀ယ်လို အားနှင့်လုပ်ခကို မြင့်မားစေပြီး တစ်ဖက်တွင် ဆင်းရဲမှုကို လျော့ကျစေသည်။ ဆင်းရဲမှုလျော့ကျခြင်း၊ ၀င်ငွေမြင့်မားခြင်း တို့ကြောင့် လုပ်အား ထုတ်လုပ်မှုစွမ်းအားကို တိုးတက်စေ ပြီး၊ တိုးတက်မှုနှုန်းကိုမြန်ဆန်စေသည်။ စီးပွားရေးတိုးတက်မှု ကြောင့် ပြည်သူ့ဘဏ္ဍာတော်ကိုတိုးပွားစေသည်။ ထို့ကြောင့် အစိုးရသည် ရုပ်ပိုင်းနှင့်လူမှုရေးအခြေခံအဆောက်အအုံများ အတွက် ပိုမိုသုံးစွဲနိုင်ပြီး၊ ဆင်းရဲမှုကိုလျော့ကျစေကာ နိုင်ငံ၏ ထုတ်လုပ်မှုစွမ်းအားကိုလည်း မြင့်မားစေနိုင်သည်။

ကောင်းမွန်သောနိုင်ငံအဆင့် စီးပွားရေးစီမံခန့်ခွဲမှု
စီးပွားရေးတိုးတက်မှုနှုန်းမြင့်မားခြင်းသည် ဆင်းရဲနွမ်း ပါးမှုလျော့ကျရေးအတွက်ကောင်းမွန်သော်လည်း အခြေခံ ကျယ်ပြန့်ပြီး လုပ်အားကိုအသုံးပြုမှုများသော တိုးတက်မှု ဖြစ်လျှင် ပို၍ကောင်းမွန်ပါသည်။ ဤသို့ဆင်းရဲသားများကို  အထောက်အကူပြုသောတိုးတက်မှုရရှိရန်အတွက် အလုပ် အကိုင်ရရှိမှု ပုံမှန်တိုးပွားစေနိုင်သည့် ခိုင်မာသောနိုင်ငံ အဆင့်စီးပွားရေး စီမံခန့်ခွဲမှုနှင့်မူဝါဒ များရှိရန်လိုအပ် သည်။ သို့ဖြစ်ရာ ကောင်းမွန်သော နိုင်ငံအဆင့်စီးပွား ရေးစီမံခန့်ခွဲမှုသည် အကျိုးရှိသောပြည် တွင်းရင်းနှီးမြှုပ်နှံမှု ကိုအားပေးပြီး ငွေ ကြေးဖောင်းပွမှု ကိုနိမ့်ကျစေကာ ဆင်းရဲသားများ ၏အမှန်ဝင်ငွေကို မကျဆင်းရန်ကာ ကွယ်ပေးသည်။ ထို့ပြင် အတိုးနှုန်း နှင့် ငွေလဲလှယ်နှုန်းကမောက်ကမဖြစ်မှုကြောင့် အရင်း အနှီးစရိတ်ကို လျော့ကျစေပြီး လုပ်သားအသုံးပြုမှုလျော့ နည်းစေခြင်းမျိုးမဖြစ်ပေါ်ရန်လည်း အကာအကွယ်ပေး သည်။ စည်းကမ်းတကျ ဘဏ္ဍာငွေသုံးစွဲမှု၊ စီးပွားရေးတိုး တက်မှုနှင့် ညီတူတန်းတူရှိမှုအတွက်လည်း ကောင်းမွန် သော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုရှိရန်လိုအပ်သည်။ ဆင်းရဲသားများ၏ အကျိုးစီးပွားကို မြှင့်တင်ပေးသော ပိုမို မျှတသည့်တိုးတက်မှုကို ၀င်ငွေမြင့်လျှင်မြင့်သလို ကောက်ခံ သောအခွန်စနစ်၊ အခြေခံပညာရေး၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြားပြည်သူ့ရေးရာဝန်ဆောင်မှုများ တွင် လုံလုံလောက်လောက်ခွဲဝေပေးခြင်းတို့ဖြင့်ရရှိနိုင်သည်။ ငွေအပ်နှံသူများကို အကာအကွယ်ပေးခြင်း၊ ပြိုင်ဆိုင်မှုမြင့် မားစေခြင်း၊ စွမ်းဆောင်ရည်မြင့်မားစေခြင်းနှင့် လူ့အဖွဲ့ အစည်းဝင်အားလုံး ဘဏ္ဍာရေးအရင်းအမြစ်များရယူနိုင်မှု ကျယ်ပြန့်ရေးတို့အတွက် ဘဏ္ဍာရေးကဏ္ဍကို သင့်တင့် သောထိန်းချုပ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း လိုအပ်သည်။ အကျဉ်းချုံးပြောရလျှင် အထူးသဖြင့် တန်ဖိုးမြင့်နေသော တရားဝင်ငွေလဲလှယ်နှုန်း၊ ကုန်သွယ်မှုကို အဟန့်အတား ဖြစ်စေသည့် သွင်းကုန်ထွက်ကုန်လိုင်စင်များ အပါအ၀င် ဈေးကွက်ကို ကမောက်ကမဖြစ်စေသောဆောင်ရွက်မှု များကို ခိုင်မာသည့်နိုင်ငံအဆင့် စီးပွားရေးစနစ်တစ်ရပ်က ဖယ်ရှားပေးရန် လိုအပ်သည်။၁၇

ကောင်းမွန်သော အုပ်ချုပ်ရေး
ကောင်းမွန်သောအုပ်ချုပ်ရေးသည် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးအတွက်အရေးကြီးသည်။ ကောင်းမွန်သောအုပ် ချုပ်ရေးသည် ခိုင်မာသောနိုင်ငံအဆင့် စီးပွားရေးစီမံခန့်ခွဲမှုကို တည်ထောင်ပေးနိုင်ရုံမျှသာမက ထိုမူဝါဒများကိုအကောင် အထည်ဖော်ပေးရန်လည်း အာမခံချက်များပေးသည်။ ထို့ အပြင် အများပြည်သူ့ရန်ပုံငွေကိုသုံးစွဲရာတွင် ထင်သာမြင် သာရှိစေခြင်း၊ ပုဂ္ဂလိကကဏ္ဍတိုးတက်မှုအတွက် အားပေး ခြင်း၊ ထိရောက်သော ပြည်သူ့ဝန်ဆောင်မှုများပေးခြင်းနှင့် တရားဥပဒေစိုးမိုးခြင်းတို့ကို အထောက်အကူပြုပါသည်။ ပြည်သူပိုင်ကဏ္ဍတွင် စွမ်းရည်ညံ့ဖျင်းခြင်း၊ အဂတိလိုက်စား ခြင်းနှင့် အလေအလွင့်များခြင်းတို့ကြောင့် ပြည်သူ့ရေးရာဝန် ဆောင်မှုလုပ်ငန်းများနှင့် ဦးတည်ဆောင်ရွက်သော ဆင်းရဲမှု တိုက်ဖျက်ရေးအစီအစဉ်များကိုပံ့ပိုးရာတွင် စွမ်းအားစုမလုံ လောက်မှုကိုဖြစ်ပေါ်စေသည်။ သို့သော် ဆင်းရဲသားများ ပြည်သူ့ရေးရာအခြေခံဝန်ဆောင်မှုများမရရှိကြခြင်းမှာ ရင်းနှီး မြှုပ်နှံမှုမရှိခြင်းကြောင့်သာမက အောက်ပါအချက်များကြောင့် လည်း ပေါ်ပေါက်ခဲ့ပါသည်။ (က) တာဝန်ယူ တာဝန်ခံမှု မရှိသော စည်းမျဉ်းစည်းကမ်းများနှင့် အဖွဲ့အစည်းများ၏ သဘောသဘာဝ၊ (ခ) ဒေသဆိုင်ရာ အထက်တန်းလွှာများ က စိုးမိုးထားမှု၊ (ဂ) ကျယ်ပြန့်သည့် အဂတိလိုက်စားမှု၊ (ဃ) ယဉ်ကျေးမှုအရသတ်မှတ်ခြင်းခံနေရသော မညီမျှမှု၊ (င) ဆင်းရဲသားများပါဝင်ခြင်းမရှိမှုတို့ကြောင့်ဖြစ်သည်။ ယင်း ပြဿနာများရှိနေသည့်အတွက် ညံ့ဖျင်းသောအုပ်ချုပ်ရေး မှ ဆင်းရဲသားများအတွက် တာဝန်ယူသောအုပ်ချုပ်ရေးသို့ စနစ်ပြောင်းရန် လိုအပ်သည်။ သို့သော်လည်း ဆင်းရဲသား များ ပါဝင်ခြင်းမရှိနိုင်သော လက်ရှိအစီအစဉ်များသည် လောလောဆယ်ဖြစ်နေသော စီးပွားရေးနှင့် ပါဝါမညီမျှမှု များကို ရောင်ပြန်ဟပ်နေသဖြင့် ထိုသို့သောအပြောင်းအလဲ များ ပြုလုပ်ရန်ခက်ခဲပါသည်။ ထိုမညီမျှမှုများကို ဖြေရှင်းခြင်း မပြုနိုင်လျှင် ဆင်းရဲသားတို့၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်မည် မဟုတ်ပါ။

လူမှုရေးဖွံ့ဖြိုးမှု
ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးအတွက် စီးပွားရေးတိုးတက် မှုတွင် ကျယ်ပြန့်သောလူမှုဖွံ့ဖြိုးရေးအစီအစဉ်များ ပါဝင်ရ မည်။ ထိုအထဲတွင် လူသားအရင်းအနှီးဖွံ့ဖြိုးရေးသည် အဓိက အချက်တစ်ခုဖြစ်သည်။ လူသားအရင်းအနှီးသည် ဆင်းရဲသား များ၏ တစ်ခုတည်းသောပိုင်ဆိုင်မှုဖြစ်သဖြင့် ၎င်းင်းဖွံ့ဖြိုးတိုး တက်ရေးသည် ဆင်းရဲမှုလျော့ပါးရေးအတွက်အရေးကြီး သည်။ သို့ဖြစ်ရာ လူတိုင်းသည် အခြေခံပညာရေး၊ အခြေခံ ကျန်းမာရေးစောင့် ရှောက်မှုနှင့်အခြား အခြေခံဝန်ဆောင် မှုများကိုရရှိနိုင်ရ မည်။ ၎င်းင်းတို့မရရှိ လျှင် ဆင်းရဲသား များနှင့်၎င်းင်းတို့၏ သားသမီးများသည် စီးပွားရေးအဆင့် အတန်းမြင့်မား ရေး၊ လူ့အဖွဲ့အ စည်းတွင်အပြည့် အ၀ပါဝင်ရေးတို့ အတွက်အခွင့်အ လမ်းအနည်းငယ် မျှသာရှိသည်။ အ ခြားအဓိကနယ် ပယ်တစ်ခုမှာ ဆင်းရဲသားများ လူ့အဖွဲ့အစည်း၏ လုပ်ငန်း အသီးသီးတွင် ပါဝင်နိုင်သောအခွင့်အလမ်းများတိုးမြှင့်ပေး ရေးဖြစ်သည်။ အသေးစားချေးငွေလုပ်ငန်း၊ ကျန်းမာရေးနှင့် သဘာဝသယံဇာတစီမံခန့်ခွဲမှုအတွက် ရပ်ရွာအခြေပြုအုပ်စု များ တိုးပွားလာစေရန်ဆောင်ရွက်ခြင်းသည် လူမှုအရင်း အနှီးကိုဖွံ့ဖြိုးစေနိုင်သည့် အသုံးဝင်သောနည်းလမ်းတစ်ခု ဖြစ်သည်။ နောက်ဆုံးတွင် ဆင်းရဲမှုလျော့ကျရေးအတွက် လူမှုရေးကာကွယ်စောင့်ရှောက်မှုပြုလုပ်ရန် လိုအပ်ပါသည်။ ဆင်းရဲသားများသည် ဒုက္ခရောက်အလွယ်ဆုံး၊ လူ့အဖွဲ့ အစည်းဝင်များဖြစ်ရာ အန္တရာယ်များ၊ စွန့်စားစရာများကို ပို၍စီမံခန့်ခွဲတတ်ရေး၊ စီးပွားရေးလုံခြုံမှုရရှိရေးတို့ အတွက် အထောက်အကူပြုသော လူမှုကာကွယ်ရေးအစီအစဉ်များ သည် ၎င်းင်းတို့အတွက် အလွန်အရေးကြီးပါသည်။ ထိုအစီ အစဉ်များတွင် အငြိမ်းစားပင်စင်၊ အလုပ်လက်မဲ့နှင့် မသန် စွမ်းအာမခံ၊ သဘာဝဘေးရန်၊ စီးပွားရေးအကြပ်အတည်း နှင့် ပြည်တွင်းပဋိပက္ခများဖြစ်ပွားမှုကို ခံနိုင်စေရန်အတွက် အကာအကွယ်ပေးမည့်လူမှုဖူလုံရေးတို့လည်း ပါဝင်သည်။

ဆင်းရဲနွမ်းပါးမှုနှင့် ယင်း၏ညွှန်းကိန်းများ
မြန်မာနိုင်ငံတွင် အခြားနိုင်ငံများနည်းတူ အိမ်ထောင်စု များ၏၀င်ငွေနှင့် အသုံးစရိတ်စစ်တမ်းများကို နှစ်ပေါင်းများစွာ က ကောက်ယူခဲ့ရာ ၎င်းင်းတို့ကိုအခြေခံ၍ ဆင်းရဲမှုညွှန်းကိန်း များကိုခန့်မှန်းနိုင်ပါသည်။ အပိုင်း(၁)တွင် ဖော်ပြထားသည့် အတိုင်း ထိုညွှန်းကိန်းများသည် ဆင်းရဲသူများ၏လိုအပ်ချက် များကိုအာရုံစိုက်စေပြီး ၎င်းင်းတို့၏လိုအပ်ချက်များကို ဖွံ့ဖြိုး မှုအစီအစဉ်များတွင်ပါဝင်ရန် မီးမောင်းထိုးပြသည်။ ပထ၀ီ အနေအထား၊ တိုင်းရင်းသားမျိုးနွယ်စု ယဉ်ကျေးမှုနှင့်လူမှုရေး နောက်ခံအမျိုးမျိုးရှိနေကြသောကြောင့် ဆင်းရဲနွမ်းပါးမှု သည် ပုံစံမျိုးစုံကွဲပြားနေကြရာ ထိုကွဲပြားခြားနားမှုများကို အခြေခံ၍ စိတ်ချအားကိုးရသောညွှန်းကိန်းများ ရယူထား ခြင်းသည် အမှန်တကယ်အကူအညီလိုအပ်နေသူများကို ပိုမို ထိရောက်စွာ အကူအညီပေးနိုင်ပါမည်။ ယင်းအချက်များကို ဤစာတမ်း၏ အပိုင်း(၃)တွင် ဆွေးနွေးတင်ပြသွားပါမည်။

ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း
        ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ အစိုးရအသီးသီးသည် ဗဟိုချုပ်ကိုင်မှု လျော့နည်းသည့် နည်းလမ်းများသုံးစွဲရန် အခွင့်အလမ်း များရရှိခဲ့ပါသည်။
''စနစ်ပြောင်းသွားပြီဖြစ်သကဲ့သို့ ခေတ်လည်းလိုက် ပြောင်းရမည်ဖြစ်ပါကြောင်း . . . .ဗဟိုက ချုပ်ကိုင်သည့် စနစ်အစား အောက်ခြေကအဆင့်ဆင့်တာဝန်ယူပြီး အထက် ကို ပြန်တာဝန်ခံသည့်စနစ်မျိုးဖြင့် သွားကြရမည်ဖြစ်ပါ ကြောင်း'' နိုင်ငံတော်သမ္မတက မှာကြားခဲ့ပါသည်။
 
ဆင်းရဲနွမ်းပါးမှုအတိုင်းအတာသည် ဒေသအမျိုးမျိုး အလိုက်ကွဲပြားခြားနားသည်။ ဒေသဆိုင်ရာအာဏာပိုင် များသည် မိမိတို့၏ဒေသအခြေအနေကို နှံ့နှံ့စပ်စပ်သိမြင် သဖြင့် ဆင်းရဲသားများ၏ဆန္ဒနှင့် လိုအပ်များကို ပိုမိုထိထိ ရောက်ရောက် ဆောင်ရွက်ပေးနိုင်ပါလိမ့်မည်။

ပြည်တွင်းလူမှုအဖွဲ့အစည်း၊ အစိုးရမဟုတ်သော
အဖွဲ့အစည်း၊ နိုင်ငံခြားသားကျွမ်းကျင်သူများနှင့်
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ
    ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးတွင် ဤအဖွဲ့အစည်း များ၏အရေးပါမှုကို ဤစာတမ်းနိဒါန်းတွင် ဖော်ပြခဲ့ပြီးဖြစ် သည်။ ဆင်းရဲသားများမည်သူဖြစ်စေ၊ မည်သည့်ဒေသတွင် နေသည်ဖြစ်စေ ၎င်းင်းတို့၏လိုအင်ကို ဖြည့်ဆည်းပေးရာတွင် ထိုအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၏အတွေ့အကြုံ၊ ကျွမ်းကျင် မှု၊ တာဝန်ယူမှုများကအရာရောက်ကြောင်း တင်ပြပြီးဖြစ် သည်။ ၎င်းင်းတို့၏ထောက်ခံအားပေးမှုနှင့်  ၀ိုင်းဝန်းဆောင် ရွက်မှုသည် ဆင်းရဲမှုပပျောက်ရေးမဟာဗျူဟာရေးဆွဲချမှတ် ရာတွင်သာမက ပို၍အရေးကြီးသည့် လုပ်ငန်းအစီအစဉ် ချမှတ်အကောင်အထည်ဖော်ရာ၌လည်း အရေးပါကြောင်း ထပ်လောင်းတင်ပြလိုပါသည်။ ၎င်းင်းတို့ ပူးပေါင်းပါဝင်အ ထောက်အကူပေးခြင်းကြောင့် အကျိုးရှိစေမည့်နယ်ပယ် အချို့ကို ဤစာတမ်းအပိုင်း(၃)တွင် ဆက်လက် ဆွေးနွေး တင်ပြသွားပါမည်။

ဆင်းရဲနွမ်းပါးမှု၏ ဘက်ပေါင်းစုံသဘာဝ
 စက်မှုဖွံ့ဖြိုးသောနိုင်ငံများအဖွဲ့ Organization of Economic Cooperation and Development (OECD) ၏ ဖွံ့ဖြိုးမှုအကူအညီပေးရေးကော်မတီက ဆင်းရဲ မှုဆိုရာတွင် ''လူ့အစွမ်းအစနှင့်ဆက်နွှယ်သည့် စားသုံးမှု၊ စားနပ်ရိက္ခာဖူလုံမှု၊ ပညာရေး၊ ကျန်းမာရေး၊ အခွင့်အရေး များ၊ ဆန္ဒထုတ်ဖော်မှု၊ သိက္ခာရှိသောအလုပ်အကိုင်နှင့် ပတ်သက်သောချွတ်ခြုံကျမှုအမျိုးမျိုးပါဝင်သည်။ ပတ်ဝန်း ကျင်စဉ်ဆက်မပြတ်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကျား^မ အခွင့်အရေး မညီမျှမှုဖြစ်နေသည်ကို လျှော့ချခြင်းသည် ဆင်းရဲမှုနယ်ပယ်အသီးသီးတွင် အဓိကကျသည်''ဟု ဆို ထားသည်။
 
မြန်မာနိုင်ငံအတွက် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲရေးနှင့်ပတ်သက်သော အတွေးအမြင် များကို စာရင်းချပြခဲ့ပြီးဖြစ်ပါသည်။ ထိုစာရင်းပြည့်စုံသည် ဟုမယူဆပါ။ သို့သော် လက်ရှိအလုပ်ရုံဆွေးနွေးပွဲ၏ နှစ်ရက် တာကာလအတွင်း ဆင်းရဲမှုနယ်ပယ်အားလုံးကို ဆွေးနွေးရန် မဖြစ်နိုင်ပါ။ သို့ဖြစ်ရာ ဦးစားပေးအစီအစဉ်ချမှတ်ထားသည့် အတိုင်း စိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်း ပါးမှုလျော့ပါးရေးအတွက် ၎င်းင်းတို့၏အရေးပါပုံကိုဆွေးနွေး ပါမည်။ ဤသည်မှာလည်း သင့်တော်သောရွေးချယ်မှုဖြစ်ပါ သည်။ မြန်မာနိုင်ငံတွင် လူအများစုသည် ကျေးလက်ဒေသ တွင်နေထိုင်ကြပြီး ဆင်းရဲသားအများစုသည်လည်း ကျေးလက် တွင် ရှိနေပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲ၌ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကိုသာ ဆွေးနွေးသွားမည်ဖြစ်သော် လည်း အကြောင်းအရာမျိုးစုံအပေါ် ဆောင်ရွက်ကြမည့် အလုပ်ရုံဆွေးနွေးပွဲများ၌ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးကို လည်း ဆက်လက်အလေးထားဆွေးနွေးကြပါမည်။ ဆွေးနွေး ကြမည့်ဘာသာရပ်များတွင် ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံ အဆင့်စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုဖွံ့ဖြိုးတိုးတက်မှု၊ စက်မှုလက်မှုတည်ထောင်ရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာ ရေးဖွံ့ဖြိုးမှု၊ ပတ်ဝန်းကျင်ရေးရာတို့ ပါဝင်ပါမည်။



အပိုင်း(၃)
စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးကို အထူးရည်ညွှန်းလျက် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး လုပ်ငန်းအစီအစဉ်နှင့်ပတ်သက်သောအကြံဥာဏ်များ

ရည်မှန်းချက်များ
ရည်မှန်းချက်နှစ်ခုရှိသည်။ ပထမရည်မှန်းချက်အနေ ဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး လုပ်ငန်းအစီအစဉ်ရေးဆွဲ ရန် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးကို စဉ်းစားရာ၌ စိုက်ပျိုးရေး၏အခြေအနေနှင့် နှစ်ပေါင်းများစွာအတွင်း မည်မျှတိုးတက်လာခဲ့သည်ကို လေ့လာရမည်။ ဤအချက် သည် အရေးကြီးပါသည်။ စိုက်ပျိုးရေးကဏ္ဍသည် မြန်မာ့ စီးပွားရေးအဆောက်အအုံတွင်အဓိကကျပြီး စိုက်ပျိုးရေး ကဏ္ဍအခြေအနေကောင်းလျှင် နိုင်ငံအတွက်ကောင်းသည်။ သို့သော် စိုက်ပျိုးရေးကဏ္ဍ၏အခြေအနေကို ကြည့်ရုံဖြင့် မပြီး၊ လယ်သမားများ၏အခြေအနေကိုလည်း ကြည့်ရှုရန် လိုအပ်ကြောင်း ကာလအတန်ကြာကပင် သဘောတူလက်ခံ လာကြပါသည်။ ဆင်းရဲနွမ်းပါးမှုလုပ်ငန်းအစီအစဉ်တွင် ဤလိုအပ်ချက်ကို ဖြည့်ဆည်းရန် ကြိုးပမ်းပါမည်။

ဒုတိယရည်မှန်းချက်မှာ သမ္မတကြီး၏မိန့်ခွန်းတွင်ပါ ၀င်သည့် မူဝါဒလမ်းညွှန်အသစ်များနှင့်ကိုက်ညီသော၊ လုပ် ငန်းအစီအစဉ် ရေးဆွဲအကောင်အထည်ဖော်ရန်ဖြစ်သည်။ သမ္မတကြီး၏မူဝါဒများကို လိုက်နာဆောင်ရွက်ကြောင်း၊ မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်နိုင်ကြောင်း၊ မည်သို့သောအကန့်အသတ်များ၊ အခက်အခဲများရှိကြောင်း၊ ၎င်းင်းတို့ကိုကျော်လွှားရန်အတွက် စွမ်းရည်နှင့် နိုင်ငံရေးဆန္ဒ ပြင်းထန်မှုမည်မျှလိုအပ်ကြောင်း ပြသရန်လည်း ဖြစ်ပါသည်။ မြန်မာပြည်သူပြည်သားများနှင့် နိုင်ငံတကာအသိုင်းအ၀န်း က စိတ်ပါဝင်စားမှုရှိသောကြောင့် အလုပ်ရုံဆွေးနွေးပွဲတွင် ဤအကြောင်းအရာများကို တင်ပြဆွေးနွေးသွားရန် ရည် ရွယ်ပါသည်။



မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုအခြေအနေ

ဤစာတမ်း၏အပိုင်း(၁)တွင် ဆင်းရဲမှုကို စနစ်တကျ အဓိပ္ပာယ်သတ်မှတ်ပြီး တိုင်းတာရန်လိုအပ်ကြောင်း ဖော်ပြ ခဲ့ပါသည်။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီး ဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့က နှစ်အတန်ကြာကပင် အိမ် ထောင်စုဝင်ငွေနှင့် အသုံးစရိတ်စစ်တမ်းများကို ကောက်ခံခဲ့ပါ သည်။ ဗဟိုစာရင်းအင်းအဖွဲ့၏စီမံကိန်းဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်(UNDP)တို့ပူးပေါင်းကာ ဘက်စုံအိမ် ထောင်စုနေထိုင်မှုအခြေအနေအကဲဖြတ်မှုIntegrated Household Living Conditions Assessment(IH-LCA)ပေါင်းများစွာကိုလည်း ပြုလုပ်ခဲ့ပါသည်။ ၎င်းအစီရင် ခံစာများတွင်ပါဝင်သော နိုင်ငံတစ်ခုလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ဆင်းရဲမှုအခြေအနေလေ့လာချက်တို့ သည် ဆင်းရဲမှုလျော့ပါးရေးမဟာဗျူဟာ ရေးဆွဲအကောင် အထည်ဖော်ရာတွင် အခြေခံကောင်းများဖြစ်ပါသည်။ ဤ အချိန်တွင် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ နိုင်ငံအတွက် ဆင်းရဲမှုညွှန်းကိန်းများရေးဆွဲပြီး ဆင်းရဲနွမ်းပါး မှုလျော့ပါးရေးမဟာဗျူဟာတွင် သင့်တော်သလို အသုံးပြုသင့် ကြောင်းဖော်ပြလိုပါသည်။ နည်းပညာဆန်သောသဘာဝ ကြောင့် ညွှန်းကိန်းများကို မှန်မှန်ကန်ကန်နားလည်သဘော ပေါက်ရန် ဂရုတစိုက်ဖတ်ရှုလေ့လာသင့်ပါသည်။ ထို့ကြောင့် ထိုစာတမ်းပါရလဒ်များအပေါ် အဓိပ္ပာယ်ကောက်ယူ သုံးသပ် တင်ပြမှုများကို အစီရင်ခံစာရေးသားပြုစုကြသော ကျွမ်း ကျင်သူများနှင့် သက်ဆိုင်ရာမြန်မာအာဏာပိုင်များကသာ ဆက်လက်ဆောင်ရွက်သင့်ပါသည်။

အစိုးရ၀န်ကြီးဌာနများ၏အခန်းကဏ္ဍ
ဆင်းရဲနွမ်းပါးမှုလျော့ကျရေးလုပ်ငန်းအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် အစိုးရ၀န်ကြီးဌာနများနှင့် ဌာနဆိုင်ရာများသည် အဓိကကျသောအခန်းကဏ္ဍမှပါဝင် သည်။ ၎င်းင်းတို့တာဝန်ယူရာ ကဏ္ဍအသီးသီးတွင်လုပ်ဆောင် နေသည့်လုပ်ငန်းများကိုဖော်ပြရုံမျှမက ၎င်းင်းတို့၏လုပ်ငန်း နယ်ပယ်တွင် ဆင်းရဲနွမ်းပါးမှုလျော့ကျရေးအတွက် ဆင်းရဲ သားများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန် မည်သည့် လုပ်ငန်းများလုပ်ခဲ့သည်၊ မည်သို့သောအောင်မြင်မှုများရခဲ့ သည်၊ မည်သည့်ပြဿနာများရင်ဆိုင်ခဲ့ရသည်၊ အနာဂတ် အတွက်မည်သို့အကြံပြုလိုသည်၊ မည်သည့်လုပ်ငန်းများလုပ် ဆောင်ရန် စီမံကိန်းချလိုသည်တို့ကို အလေးထားဖော်ပြသင့် ပါသည်။ ထိုလုပ်ငန်းကိုလုပ်ဆောင်ရန်အတွက် သေချာစွာ စဉ်းစားပြင်ဆင်စီမံရန်လိုအပ်ပါသည်။ သို့ဖြစ်၍ ဤအလုပ်ရုံ ဆွေးနွေးပွဲ၌ ၀န်ကြီးဌာနများသည် အထက်ပါမေးခွန်းများ နှင့်ပတ်သက်၍ပဏာမသဘောထားများတင်ပြကာ လာမည့် ဆွေးနွေးပွဲများတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပီပြင်သော လုပ်ငန်းအစီအစဉ်များ ပြုလုပ်မည့်စီမံကိန်းများကို ဆက် လက်တင်ပြနိုင်ပါသည်။

ဆင်းရဲနွမ်းပါးမှုလျော့ကျရေး မဟာဗျူဟာစာတမ်း Poverty Reduction Strategy Paper(PRSP) လုပ်ငန်းစဉ်
ဝန်ကြီးဌာနများအနေဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရန် အတွက် ပို၍အာရုံစိုက်နိုင်ပြီး ထိရောက်သောနည်းလမ်းတစ်ခု မှ နိုင်ငံအတော်များများတွင် ကျင့်သုံးလျက်ရှိသည့် ဆင်းရဲ နွမ်းပါးမှုလျော့ကျရေး မဟာဗျူဟာစာတမ်းရေးဆွဲသည့်လုပ်ငန်း စဉ်ကို ချမှတ်ဆောင်ရွက်ရန်ဖြစ်သည်။ ထိုသို့ရေးဆွဲရာတွင် နိုင်ငံရှိ အဓိကဆုံးဖြတ်ချက်ချမှတ်သူများ၊ အုပ်ချုပ်သူများက တက်တက်ကြွကြွခေါင်းဆောင်မှုပြုရပါမည်။ သို့ဖြစ်ရာ ဆင်းရဲနွမ်းပါးမှုလျော့ပါးရန်ကြိုးပမ်းအားထုတ်မှုသည် ဒေသ အရေး၊ နိုင်ငံအရေးဖြစ်သဖြင့် နိုင်ငံပြင်ပက ချမှတ်၍မရပါ။ ထို့ကြောင့် ပြည်တွင်းလိုအပ်ချက်အပေါ်မူတည်ဆောင်ရွက် ရပြီး အလှူရှင်အလိုကျမဖြစ်စေရပါ။ ဆင်းရဲနွမ်းပါးမှုကို တိုင်း တာပြီးလျှင် ပမာဏနှင့်အကြောင်းတရားများကို ဆက်လက် သရုပ်ခွဲစိစစ်ရပါမည်။ လေ့လာတွေ့ရှိချက်များအပေါ်အခြေခံ ပြီး နိုင်ငံတွင်းဆင်းရဲသားအရေအတွက်လျော့ကျရန် မည်သို့ လုပ်ဆောင်ရန်လိုအပ်သည်ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ရပါမည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ပါး ရေးအပေါ် အကျိုးသက်ရောက်မှုအများဆုံးဖြစ်စေမည့် အစိုးရ၏လုပ်ငန်းများ၊ အသုံးပြုမည့်တိုးတက်မှုညွှန်းကိန်းများ၊ အပြောင်းအလဲကို စနစ်တကျစောင့်ကြည့်မည့် အစီအမံ များကိုရွေးချယ်နိုင်ပါသည်။ အာရှနှင့် ပစိဖိတ်ဒေသအတွင်း ရှိ ဖွံ့ဖြိုးဆဲနိုင်ငံအတော်များများသည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်နှင့် အခြားနိုင်ငံတကာအဖွဲ့ အစည်းများနှင့်ပူးပေါင်းကာ ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အတွက် ဤနည်းလမ်းကို နယ်ပယ်အများအပြားတွင် အသုံး ပြုနေကြပါသည်။ မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးမှုလျော့ ကျရေးမဟာဗျူဟာ အကောင်အထည်ဖော်ရာ၌ ပို၍ထိ ရောက်မှုရှိစေရန် အိမ်နီးချင်းနိုင်ငံများထံမှ PRSP နှင့်စပ် လျဉ်း၍ အကြံကောင်းဥာဏ်ကောင်းများရယူကာ ချမှတ် သင့်ကြောင်း အကြံပြုလိုပါသည်။

ဆန်စပါးနှင့် ဆင်းရဲနွမ်းပါးမှု
မြန်မာနိုင်ငံ၌ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးအတွက် ဆန် စပါး၏အခန်းကဏ္ဍနှင့်ပတ်သက်၍ စဉ်းစားစရာအချက်နှစ် ချက်ရှိပါသည်။ ပထမအချက်မှာ ဆင်းရဲသားများသည် ပြည် တွင်းဈေးကွက်တွင် ၎င်းင်းတို့တတ်နိုင်သောဈေးနှုန်းဖြင့်ဝယ်ယူ နိုင်သောဆန်ပမာဏ လုံလောက်စွာရှိရန်လိုအပ်ချက်ဖြစ်သည်။ ဒုတိယအချက်မှာ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် အဓိက ဆန်တင်ပို့သည့်နိုင်ငံဖြစ်ခဲ့သည့်အစဉ်အလာကို ပြန်လည် ရယူခြင်းအားဖြင့် ကျေးလက်ဒေသရှိလူအများ၏ ကောင်း ကျိုးချမ်းသာ တိုးတက်မြင့်မားရေးကို များစွာအထောက် အကူပြုမည်ဟုယုံကြည်ပါသည်။ ဤသို့ဖြင့် ဆန်သည် ဆင်းရဲ နွမ်းပါးမှုလျော့ပါးရေး လုပ်ငန်းအစီအစဉ်တွင် အရေးကြီး သည့်နေရာတွင် ပါဝင်ပါသည်။ ထို့အပြင် သမ္မတကြီး၏ မူဝါဒအသစ်များကိုလိုက်နာဆောင်ရွက်ရန် ဆန်စပါးကဏ္ဍ တွင် အခွင့်အလမ်းကောင်းများရှိပါသည်။ ထိုသို့ဆောင်ရွက် ခြင်းဖြင့် ဆင်းရဲသားများ အကျိုးရှိရုံမျှသာမက နိုင်ငံတစ်ခု လုံးကို အကျိုးရှိစေမည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်း စဉ် စတင်ဆောင်ရွက်ရေးကိုပါ အထောက်အကူဖြစ်စေနိုင် ပါသည်။ သို့ဖြစ်ရာ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးလုပ်ငန်းများ အတွက် ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပပို့ကုန် အတွက်ပါ ဆန်စပါးနှင့်ပတ်သက်သည့်ကိစ္စများကို အောက် တွင်ဆက်လက်ဖော်ပြထားပါသည်။

ဆန်နှင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး
ဆန်သည် မြန်မာတို့၏ အဓိကအစားအစာဖြစ်သည်။ ဤနေရာတွင် ဘောဂဗေဒ၏အိန်ဂျယ်လ်ဥပဒေသ(Engel’s Law)ကိုသိထားလျှင် အကျိုးသက်ရောက်မှုရှိပါမည်။ ထို ဥပဒေသက မည်သည့်လူ့အဖွဲ့အစည်းမဆို ၀င်ငွေနိမ့်မိသားစု တစ်စုသည် အသုံးစရိတ်အချိုးအများစုကို စားနပ်ရိက္ခာ အတွက်အသုံးပြုရသည်။ ၀င်ငွေမြင့်လာသည့်အခါ အစား အစာအတွက် အသုံးပြုရသော အချိုးအစားကျဆင်းသွားပြီး အိုးအိမ်၊ ကြာရှည်ခံစားသုံးကုန်၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အပန်းဖြေအနားယူရေးနှင့် မိသားစု လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် တိုး၍သုံးလာ သည်။ ဗဟိုစာရင်းအင်းအဖွဲ့က ကောက်ယူသည့်စစ်တမ်း များအရ မြန်မာနိုင်ငံတွင် သာမန်မိသားစုတစ်စု စားသုံးမှု အသုံးစရိတ်၏ ၇၂ရာခိုင်နှုန်းကို အစားအစာအတွက် သုံးစွဲ နေရကြောင်း တွေ့ရသည်။ ထိုအစားအစာအသုံးစရိတ်၏ ငါးပုံတစ်ပုံကို ဆန်ဝယ်ယူရန်အတွက်အသုံးပြုရပါသည်။၂၂  ကျေးလက်ဒေသများ၌ အစားအစာအတွက်(အထူးသဖြင့်- ဆန်အတွက်) စုစုပေါင်းစားသုံးမှုစရိတ်မှ ကုန်ကျခံရသော အချိုးအစားသည် ပို၍မြင့်မားသည်။ အထူးသဖြင့် ချင်း ပြည်နယ်ကျေးလက်ဒေသများတွင် စုစုပေါင်းစားသုံးမှုစရိတ် ၏ ၇၆ရာခိုင်နှုန်းကို စားနပ်ရိက္ခာအတွက် အသုံးပြုနေရပြီး စားနပ်ရိက္ခာစရိတ်မှ ဆန်အတွက်အသုံးပြုရသောအချိုး အစားသည် လေးပုံတစ်ပုံခန့်ရှိသည်။၂၃ နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် အမေရိကန်ကဲ့သို့သောဖွံ့ဖြိုးပြီး နိုင်ငံကြီးတစ်ခု၏ သာမန်အိမ်ထောင်စုတစ်စုအစားအစာအတွက် အသုံးပြုရ သောအချိုးအစားမှာ ၁၄ရာခိုင်နှုန်းမျှသာရှိသည်။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတစ်နိုင်ငံမှာသာမဟုတ် အာရှဒေသတွင်းရှိ အခြား မည်သည့်နိုင်ငံတွင်မျှ သာမန်မိသားစုတစ်စုသည် စုစုပေါင်း စားသုံးမှုစရိတ်ကို အစားအစာအတွက် မြန်မာနိုင်ငံကဲ့သို့ သုံးစွဲရခြင်းမရှိပေ။ ဂျပန်နိုင်ငံ၌ ၂၃ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ၌ ၃၂ရာခိုင်နှုန်းနှင့် မလေးရှားနိုင်ငံ၌ ၃၇ရာခိုင်နှုန်းရှိပါသည်။ အခြားဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၌ အစားအစာအတွက် သုံးစွဲရသောအချိုးအစားမှာ မြန်မာနိုင်ငံထက်နိမ့်ကျပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၅၂ရာခိုင်နှုန်း၊ ကမ္ဘောဒီးယား၌ ၅၇ရာခိုင်နှုန်းနှင့် လာအို၌ ၆၁ရာခိုင်နှုန်းသာရှိသည်။
 
အစားအစာအတွက်သုံးစွဲသော အချိုးအစားမြင့်မား နေခြင်းသည် ၀င်ငွေနိမ့်ကျမှုကိုပြသနေခြင်းဖြစ်သည်။ အ စားအစာအတွက် အသုံးပြုရာတွင်လည်း အများစုဖြစ် သော ၂၀ရာခိုင်နှုန်းမှ ၂၅ရာခိုင်နှုန်းအထိ ဆန်အတွက် အသုံးပြုနေရသည်။ သို့ဖြစ်၍ ဆန်ကို ပြည်တွင်းဈေးကွက် တွင် သက်သာသောဈေးနှုန်းဖြင့် ၀ယ်ယူနိုင်စေရန် ဆောင် ရွက်ခြင်းသည် တစ်နည်းအားဖြင့် မြန်မာနိုင်ငံရှိ ဆင်းရဲ သားတို့၏အခက်အခဲကို အတိုင်းအတာတစ်ခုအထိ သက် သာစေမည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် အဓိကဆန်တင်ပို့သည့်နိုင်ငံအဖြစ်
မြန်မာနိုင်ငံ၏အစဉ်အလာကို ပြန်လည်ရယူခြင်း
ကမ္ဘာပေါ်တွင် အဓိကဆန်တင်ပို့သည့်နိုင်ငံအဖြစ် မြန်မာနိုင်ငံ၏အစဉ်အလာကို ပြန်လည်ရယူရေးနှင့်ပတ်သက် သော အဆိုပြုချက်ကို နေပြည်တော်တွင် ၂၀၀၉ခုနှစ် ဒီဇင် ဘာလ၁၅ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည့် စားပွဲဝိုင်းဆွေး နွေးပွဲနှင့် ဖွံ့ဖြိုးရေးအစည်းအဝေး၌ ထောက်ခံမှုရရှိခဲ့ပါ သည်။ထိုအစည်းအဝေး၏တာဝန်မှာ မြန်မာနိုင်ငံကစဉ်းစား ပြုပြင်ပြောင်းလဲရန် လိုအပ်သောမူဝါဒများ၊ အစီအစဉ်များ၊ လုပ်ငန်းစီမံကိန်းများကို အကြံပြုရန်နှင့် ကျေးလက်စီးပွားရေး မြင့်မားလာကာ ဆင်းရဲနွမ်းပါးမှု လျော့ကျရေးဆောင်ရွက် ရန်တို့ဖြစ်သည်။ ကမ္ဘာကျော်အမေရိကန်စီးပွားရေးပညာ ရှင်ဂျိုးဇက်စတစ်ဂလစ်ဇ်(Joseph Stiglitz)က အဓိကဟော ပြောသူအဖြစ်လည်းကောင်း၊ ပညာရှင်များ၏ သဘာပတိ အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ပြည်တွင်းပြည်ပမှ အစည်းအဝေးကို အာရုံစိုက်မှုရရှိခဲ့ပါသည်။ ထိုအစည်းအဝေးက မြန်မာနိုင်ငံသည် ကမ္ဘာ့အဓိကဆန်တင် ပို့သည့်နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိရန် အဆိုပြုရသည့် အကြောင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
-    ဆန်စပါးသည် စိုက်ပျိုးရေးတွင် အဓိကကျပြီး လယ်ယာ မိသားစုအများစု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ခြင်း။
-    လယ်သမားနှင့် ဆန်စပါးလုပ်ငန်းကို ကမ္ဘာ့ဆန်ဈေး ကွက်အတွင်း ပေါင်းစည်းစေခြင်းက ဆန်အရည်အသွေးနှင့် ပမာဏမြင့်မားလာစေရန် ဆွဲဆောင်မှုပြုပြီး ထိုမှတစ်ဆင့် ကျေးလက်ဒေသနေလူများအတွက် အလုပ်အကိုင်အခွင့် အလမ်းနှင့် ၀င်ငွေမြင့်မားစေခြင်း။
-    မြန်မာ့ဆန်လုပ်ငန်းကို ကမ္ဘာ့ဈေးကွက်အတွင်း ပေါင်း စည်းစေခြင်းသည် ထိုလုပ်ငန်းအတွင်းရှိ ဒေသခံများအတွက် နိုင်ငံတကာပြိုင်ဆိုင်မှုတိုးပွားလာစေမည်။ နိုင်ငံအတွင်းရှိ ကျွမ်းကျင်သောဆန်ကုန်သည်များအနေဖြင့် ၎င်းင်း၏လုပ်ငန်း အတွေ့အကြုံနှင့် ဗဟုသုတတို့ကြောင့် ၀င်ရောက်ယှဉ်ပြိုင် နိုင်စွမ်းရှိမည်။ ဆန်အကြောင်း အနည်းငယ်သာနားလည် ပြီး အထူးအခွင့်အရေးရ၍ အကျိုးအမြတ်ခံစားနေသူများ အနေဖြင့် လုပ်နည်းလုပ်ဟန်မပြောင်းပါက လုပ်ငန်းမှထွက်ခွာ ရမည်သာဖြစ်ပါသည်။ ထို့ကြောင့် ဆန်စပါးလုပ်ငန်းကဏ္ဍ တွင် တန်းတူရည်တူယှဉ်ပြိုင်ခွင့်ရလာကာ ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပါသည်။ 
 
-    ဆန်စပါးကဏ္ဍတွင် ထုတ်လုပ်မှုစွမ်းအားမြင့်မားခြင်း၊ အထွက်တိုးခြင်း၊ ၀င်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်း ပေါများလာခြင်းတို့ကြောင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါး မှုကိုလျှော့ချပြီး ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံမှုကိုမြင့်မား စေမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဆန်အဓိကတင်ပို့သည့်နိုင်ငံအဖြစ် နိုင်ငံတကာမြင်ကွင်း၌ ပြန်လည်ထွက် ပေါ်လာခြင်းသည် နိုင်ငံအတွက် နိုင်ငံခြားငွေရရှိရေးတွင် ဆန်သည် အရေးပါသောအရင်းအမြစ် ပြန်လည်ဖြစ်လာပါ လိမ့်မည်။ ထို့အပြင် ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းရှိ စားနပ် ရိက္ခာဖူလုံရေး စိုးရိမ်ပူပန်မှုများ လျော့ပါးစေပါမည်။
-    အချုပ်အားဖြင့် ဆန်စီးပွားရေးနှင့်ဆန်တင်ပို့မှုကို ပြန် လည်အားဖြည့်ပေးခြင်းဖြင့် ကျေးလက်ဒေသမှ ဆင်းရဲသား တို့၏ ကောင်းကျိုးချမ်းသာကို ဖြစ်ထွန်းစေမည်သာမက အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ကိုပါ အစပျိုးစေပါမည်။ ထို့ပြင် အစိုးရ၊ ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းအသိုင်းအ၀ိုင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ နှင့် ပြည်တွင်းပြည်ပဖွံ့ဖြိုးရေး အဖွဲ့အစည်းများအကြားတွင် အကျိုးရှိရှိပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်စရာ အလား အလာကောင်းများလည်း ရှိလာစေမည်။

ကမ္ဘာ့ဆန်ဈေးကွက်အတွင်း မြန်မာနိုင်ငံ၏ လက်ရှိအနေအထား

ဆန်အဓိကတင်ပို့သည့်နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ရန် ကမ္ဘာ့ဆန်ဈေးကွက်တွင် မြန်မာ နိုင်ငံ၏ လက်ရှိအနေအထားကို ပြန်လည်ဆင်ခြင်သုံးသပ် ရပါမည်။ တရားဝင်ကိန်းဂဏန်းများအရ လွန်ခဲ့သောနှစ်များ အတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ကုန်ဝင်ငွေတွင် ဆန်တင် ပို့မှု၏အရေးပါမှုမှာ ကျဆင်းနေကြောင်းတွေ့ရှိရပါသည်။


ကိုလိုနီခေတ်ကာလ ၁၉၃၈-၃၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာ နိုင်ငံအနေဖြင့် ဆန်တန်ချိန် ၃.၃သန်းတင်ပို့ခဲ့ရာ ပြည်ပ ပို့ကုန်ဝင်ငွေ၏ ၄၆.၇၂ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ထိုခေတ် အခါက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ နံပါတ်တစ်ဆန်တင် ပို့သည့်နိုင်ငံအဖြစ်ရှိနေခဲ့ပါသည်။ ၁၉၉၀-၉၁မှ ၁၉၉၉ -၂၀၀၀ပြည့်နှစ်ကာလများတွင် မြန်မာနိုင်ငံ၏ ပျမ်းမျှဆန် တင်ပို့မှုပမာဏမှာ တစ်နှစ်လျှင် တန်ချိန် ၂၄၉၀၀၀သာရှိရာ ၁၉၃၈-၃၉ခုနှစ်ကပမာဏ၏  ၇.၅ရာခိုင်နှုန်းသာရှိခဲ့သည်။ ဤကာလတွင် ပြည်ပပို့ကုန်ဝင်ငွေ၏ ၆.၆ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း တွေ့ရပါသည်။

မြန်မာနိုင်ငံ၏ပို့ကုန်တွင် ဆန်၏အရေးပါမှုသည် ၂၀၀၀-၂၀၀၁ခုနှစ်မှ ၂၀၀၇-၂၀၀၈ခုနှစ်ကာလများတွင် ထပ်မံ ကျဆင်းခဲ့ပါသည်။ ထိုကာလများအတွင်း စုစုပေါင်းပို့ကုန်ဝင် ငွေတွင် ဆန်မှရရှိသည့်ဝင်ငွေမှာ နှစ်စဉ်ပျမ်းမျှ ၁.၆ရာ ခိုင်နှုန်းသာရှိပါသည်။ ထို့ကြောင့် အာရှ၏ဆန်အိုးကြီးဟူ သော မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသည့်ဂုဏ်ပုဒ်ကို ဆုံးရှုံးခဲ့ပါသည်။ ၂၀၀၇ခုနှစ်အတွင်း စုစုပေါင်းကမ္ဘာ့ဆန် တင်ပို့မှုပမာဏမှာ တန်ချိန်၂၈.၆၉သန်းဖြစ်သည်။ ယခု အခါ ကမ္ဘာပေါ်တွင် ထိုင်းနိုင်ငံသည် နံပါတ်တစ်ဆန်တင် ပို့သည့်နိုင်ငံဖြစ်ပါသည်။ ၂၀၀၇ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုတန်ချိန် ၈.၅ သန်းတင်ပို့ခဲ့ပါသည်။ ယင်းသည် စုစုပေါင်းကမ္ဘာ့ဆန်တင်ပို့မှု၏ ၂၉.၆ရာခိုင်နှုန်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် ဒုတိယနေရာတွင်ရှိနေပြီး စုစုပေါင်း ဆန်တင်ပို့မှုတန်ချိန် ၄.၆သန်းရှိပြီး  စုစုပေါင်းကမ္ဘာ့ဆန်တင် ပို့မှု၏ ၁၆ရာခိုင်နှုန်းရှိပါသည်။ ၂၀၀၇ခုနှစ်တွင် အခြား သောအဓိကဆန်တင်ပို့သည့်နိုင်ငံများမှာ အိန္ဒိယ(၄.၇ သန်းတန်)၊ အမေရိကန်ပြည်ထောင်စု (၃.၃သန်းတန်)နှင့် ပါကစ္စတန်(၃သန်းတန်)တို့ အသီးသီးဖြစ်နေပါသည်။
 မြန်မာနိုင်ငံတွင် တရားဝင်ကိန်းဂဏန်းများအရ ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်အတွင်း  ဆန်တင်ပို့မှုတန်ချိန် ၃၅၈၅၀၀သာရှိရာ ထိုနှစ်တွင် ကမ္ဘာ့ဆန်တင်ပို့မှု၏ ၁.၂ ရာခိုင်နှုန်းသာရှိသည်။ ၁.၂ရာခိုင်နှုန်းဆိုသည်မှာ မြန်မာ နိုင်ငံ၏ ဆန်တင်ပို့မှု ပမာဏအရ တွက်ချက်ခြင်းဖြစ်သည်။ ထိုသို့မဟုတ်ဘဲ တန်ဖိုးကိုတွက်ချက်ပါက ကမ္ဘာ့ဆန်ဈေး ကွက်တွင် မြန်မာနိုင်ငံ၏အခန်းကဏ္ဍ ပို၍ပင်ကျဆင်းသွား ပါမည်။ မြန်မာ့ဆန်သည် အရည်အသွေးနိမ့်သဖြင့် အိမ်နီး ချင်းနိုင်ငံများ ရရှိသည့်ဈေးနှုန်းထက် များစွာနိမ့်ကျနေပါ သည်။ ၂၀၀၄ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၁၀.၁ သန်းအထိ တင်ပို့နိုင်ခဲ့သည်။ မြန်မာ့ဆန်တင်ပို့မှုသည် ကမ္ဘာ့ဆန်ဈေးကွက်တွင် အရေးမပါသည့်အဆင့်သို့ ကျဆင်း သွားခဲ့သည့်နှစ်များလည်းရှိပါသည်။ ဥပမာ-တရားဝင် ကိန်းဂဏန်းများအရ ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်တွင် ဆန် တန်ချိန် ၁၄၅၀၀ကိုသာ တင်ပို့နိုင်ခဲ့သည်။
    ပြည်တွင်းစားသုံးမှုအတွက် ဆန်အလုံအလောက်ရှိရန်၊ နိုင်ငံခြားငွေရရှိရန်အတွက် ပြည်ပပို့နိုင်ရန် ဆန်ထုတ်လုပ်မှု နှင့်ကုန်သွယ်မှုမှ နိုင်ငံ၏ဘဏ္ဍာကိုပံ့ပိုးရေးတို့သည် မြန်မာ အစိုးရအဆက်ဆက်တို့၏ အဓိကကျသည့်အရေးပင်ဖြစ် သည်။ ဆန်စပါးစိုက်ပျိုးသည့်လုပ်ငန်းသည် နိုင်ငံ၏လူအ များစုဖြစ်သော လယ်သမားများတို့၏ အသက်မွေးမှုလုပ်ငန်း သာမက မိရိုးဖလာလုပ်ငန်းလည်းဖြစ်ပါသည်။ ထို့ကြောင့် ဆန်စပါးသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စရပ်များ နှင့်လည်း ဆက်နွှယ်နေပါသည်။

နိုင်ငံခြားသို့တင်ပို့ရန် ဆန်ပိုလျှံရေး
နိုင်ငံခြားသို့ ဆန်တင်ပို့နိုင်ရန်အတွက် ဆန်အပိုအလျှံ ရှိရပါမည်။ လက်ရှိဆန်ထုတ်လုပ်မှုနှင့် လက်ကျန်ကိုပေါင်း စပ်ပြီး ခန့်မှန်းခြေပြည်တွင်းစားသုံးမှုကို နှုတ်ယူလိုက်ပါက ပြည်ပသို့ ဆန်တင်ပို့နိုင်သည့်ပမာဏကိုရရှိပါမည်။ ထို့အပြင် စနစ်တကျသိုလှောင်မှုမရှိခြင်းနှင့် ပိုးမွှားများကြောင့် လေလွင့် ခြင်း၊ တရားမ၀င်နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကြောင့် ယိုဖိတ်မှုများကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။

တရားဝင်ကိန်းဂဏန်းများအရ ၂၀၀၈-၂၀၀၉ ဘဏ္ဍာ ရေးနှစ်တွင် မြန်မာနိုင်ငံ၏စပါးအထွက်မှာ မက်ထရစ်တန် ၃၅.၈သန်းဟု ခန့်မှန်းထားပါသည်။ မြန်မာနိုင်ငံ၏လူဦးရေ သည် ၅၈.၄သန်းရှိပြီး ထိုနှစ်တွင် ဆန်တင်ပို့မှု မက်ထရစ် တန် တစ်သန်းဝန်းကျင်ရှိပါသည်။ ထိုနှစ်မှာပင် ထိုင်းနိုင်ငံ၏ စပါးအထွက် မက်ထရစ်တန်၃၅သန်းရှိပြီး မြန်မာနိုင်ငံထက် အနည်းငယ်လျော့နည်းနေပါသည်။ ထိုနှစ်တွင် ထိုင်းနိုင်ငံ ၏လူဦးရေမှာ ၆၈.၄သန်းရှိပြီး ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု မှာ မက်ထရစ်တန်ရှစ်သန်းမှ၁၀သန်းအထိရှိသည်ဟု ခန့်မှန်း ပါသည်။ ထိုအချက်ကိုကြည့်လျှင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တို့၏ ဆန်စပါးအထွက် ကွာဟမှုသိပ်မရှိသော်လည်း လူဦး ရေ၁၀သန်း ပိုမိုသောထိုင်းနိုင်ငံက မြန်မာနိုင်ငံထက် ဆန် တင်ပို့မှုတွင် ရှစ်ဆမှ၁၀ဆကျော်နေပါသည်။ ယင်းနှင့်ပတ် သက်၍ ရှင်းပြရန်လိုပါသည်။ ထိုင်းလူမျိုးတို့သည် လူနေမှု အဆင့်အတန်းမြင့်မားလာမှုကြောင့် ဆန်ကိုလျှော့စားလာ ပြီး အခြားသောအစားအစာကို ပြောင်းလဲစားသုံးလာသည့် အတွက် ဆန်ကို နိုင်ငံရပ်ခြားသို့ တင်ပို့နိုင်စွမ်း တိုးတက် လာကြောင်း အကြောင်းပြကြပါသည်။ ထိုအကြောင်းပြ ချက်သည် မှန်ကန်သင့်သလောက်မှန်ကန်ပါသည်။ မြန်မာ့ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ မြန်မာလူမျိုးတို့၏ လူတစ်ဦးဆန်စားသုံးမှုမှာ တစ်နှစ်လျှင် ၈.၅တင်း(၆၃၇.၅ပေါင်)ရှိပြီး ထိုင်းလူမျိုးတို့၏ လူတစ်ဦးချင်း ဆန်စားသုံးမှုမှာ ၃.၅တင်း(၂၆၂.၅ပေါင်)ရှိသည်ဟု သိရ ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ပို၍လွယ်ကူသည့်အဖြေ ကိုပေးသူများလည်းရှိပါ သည်။ သူတို့က မြန်မာ နှင့် ထိုင်းဆန်ပို့ပုံခြားနား ရခြင်းမှာ စာရင်းအင်း ကြောင့်ဖြစ်ပြီး မြန်မာက အထွက်ကို ပိုပိုသာသာ ခန့်မှန်းခြင်းကြောင့်ဖြစ် သည်ဟု ဆိုကြသည်။
မြန်မာနိုင်ငံအနေ ဖြင့် ကမ္ဘာ့အဓိကဆန်တင် ပို့သည့်နိုင်ငံပြန်ဖြစ်ရန် ပြည်တွင်းဆန်စားသုံးမှု ကိုလျှော့ချ၍ဆောင်ရွက် ရန် လွယ်ကူမည်မဟုတ် ပါ။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အဆိုအရ ၂၀၀၈ခုနှစ် တွင် မြန်မာနိုင်ငံ၏ လူ တစ်ဦးချင်းဂျီဒီပီမှာ အမေ ရိကန်ဒေါ်လာ၄၄၆ခန့်ရှိပြီး ထိုင်းနိုင်ငံတွင် အမေရိကန် ဒေါ်လာ၄၁၁၆ရှိပါသည်။ ထို့ကြောင့် လတ်တလောတွင် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံကဲ့သို့ ၀င်ငွေမြင့်မားမှုကြောင့် ပြည်တွင်းဆန်စားသုံးမှုလျှော့ချပြီး ပြည်ပသို့ဆန်တင်ပို့ရန် မဖြစ်နိုင်သေးသည့်အတွက် ဆန်ထုတ်လုပ်မှုတိုးတက်ရန် ကိုသာ အားကိုးရမည်ဖြစ်ပါသည်။

လယ်သမားတို့အား အခွင့်အရေးများ ပိုပေးခြင်း
    ဆန်စပါးထုတ်လုပ်မှုတိုးပွားလာစေရန် လယ်သမား တို့အား လိုအပ်သည့် မက်လုံးပေးရန် အရေးကြီးပါသည်။ ထိုအချက်သည် လွတ်လပ်ရေးရပြီးခေတ်တစ်လျှောက်တွင် အားနည်းခဲ့ပါသည်။ မြင်သာသည့်ပို့ကုန်ခွန်များအပြင် လယ် သမားများအား တာဝန်ကျေစပါးကို ပေါက်ဈေးထက်နိမ့်ပြီး ရောင်းချခိုင်းမှုကဲ့သို့သော မမြင်သာသည့်အခွန်များကို ကောက်ခံပြီး အစိုးရ၏ဘဏ္ဍာကို ပံ့ပိုးခဲ့ပါသည်။ အခွန် အခြေခံကျဉ်းမြောင်းပြီး အုပ်ချုပ်ရေးစွမ်းရည်နိမ့်ကျသော နိုင်ငံများတွင် ဤကဲ့သို့ဆောင်ရွက်လေ့ရှိပါသည်။ ဆန်ကို သက်သာသောဈေးဖြင့်ဝယ်ယူရန် အလိုအပ်ဆုံးမှာမြို့ပြရှိဆင်း ရဲသားများဖြစ်ပါသည်။ ထိုလိုအပ်ချက်ကိုဖြည့်ဆည်းရန် လယ် သမားတို့၏ တာဝန်ကျေစပါးကို အစိုးရကဈေးနှိမ့်ဝယ်ယူ ပြီး မြို့ပြရှိဆင်းရဲသားများအား ဈေးပေါပေါဖြင့် ပြန်လည် ရောင်းချပေးခဲ့ပါသည်။ မြို့ပြရှိစားသုံးသူတို့သည် ဆန်သာ မက ဓာတ်ဆီ၊ လျှပ်စစ်မီး၊ ဘတ်စ်ကားခ၊ အိမ်လခ စသည် တို့ကိုလည်း အစိုးရထောက်ပံ့မှုကြောင့် သက်သာသောဈေး နှုန်းများဖြင့်ဝယ်ယူခံစားခွင့်များကိုရရှိခဲ့ပါသည်။ ထိုသို့ မြို့ပြ ရှိ စားသုံးသူများအား ထောက်ပံ့ကြေးအကူအညီပေးဆောင် ရသည့်အတွက် အစိုးရဘတ်ဂျက်တွင်လိုငွေများပြခဲ့ပါသည်။ ယင်းလိုငွေကို လယ်သမားတို့အပေါ် ကောက်ခံသည့်အခွန် နှင့် အခြားအခကြေးငွေများနှင့်ကျခံသည့်အတွက် မြို့ပြရှိ ပြည်သူများကို ကျေးလက်ကဏ္ဍမှ အထောက်အပံ့ပေးနေ သည်ဟု ကောက်ချက်ချနိုင်ပါသည်။

အထက်ပါအကြောင်းအရာများကြောင့် နှစ်ပေါင်း များစွာဒုက္ခခံနေရသောလယ်သမားများအတွက် သက်သာ ရာရစေရန် ၂၀၀၃ခုနှစ် ဧပြီလတွင် မူဝါဒတစ်ခု ချမှတ် ဆောင်ရွက်ခဲ့ပါသည်။၂၈ ထိုမူဝါဒအသစ်တွင် အရေးကြီးသည့် အချက်နှစ်ချက်ပါဝင်ပါသည်။ ပထမအချက်မှာ လယ်သမား တို့ အစိုးရကိုပေးဆောင်ရသည့် တာဝန်ကျေစပါးကိုဖျက် သိမ်းလိုက်ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ပုဂ္ဂလိကကဏ္ဍကို ဆန်တင်ပို့ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးမှုလျော့ကျ ရေးအစီအစဉ်တွင် ဤမူဝါဒကို ပီပြင်အောင် ဆက်လက် အကောင်အထည်ဖော်ခြင်းဖြင့် လယ်သမားများရသင့်ရထိုက် သောအကျိုးကျေးဇူးများနှင့် ၎င်းင်းတို့လိုအပ်သောမက်လုံး နှင့် ထောက်ပံ့မှုများရရှိရန် ဆောင်ရွက်သွားပါမည်။

ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ
လယ်သမားတို့၏ ဘ၀တိုးတက်ရေးနှင့် ကမ္ဘာ့ဈေး ကွက်တွင် မြန်မာနိုင်ငံ အဓိကဆန်တင်ပို့သည့်နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိရေးတို့အတွက် လုပ်ကိုင်ရမည့်လုပ်ငန်း များ၊ ဆက်လက်ဆောင်ရွက်စရာများကို အောက်တွင်ဖော်ပြ ထားပါသည်။

စိုက်ပျိုးရေးစာရင်းအင်း မှန်ကန်စွာရရှိရေး
စိုက်ပျိုးရေးအခြေခံကိန်းဂဏန်းများ မှန်ကန်စွာရရှိ ရေးကို စတင်ဆောင်ရွက်ရပါမည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ၀န်ထမ်းများသည် စိုက်ပျိုးရေးအခြေခံစာရင်းအင်းများ ပိုမို ကောင်းမွန်ရေးအတွက် စစ်တမ်းများကောက်ယူရန် လိုအပ် သည့် ဗဟုသုတနှင့်အရည်အချင်းများရှိပါသည်။ ၎င်းင်းတို့ကို လုပ်ပိုင်ခွင့်နှင့်လိုအပ်သော စွမ်းအားအရင်းအမြစ် များရရှိနိုင်ရန် ဆက်လက် အရေးယူဆောင်ရွက်သွား မည်ဖြစ်ပါသည်။

ဆန်အထွက်နှုန်း တိုးမြှင့်ရေး
စိုက်ပျိုးရေးကိန်း ဂဏန်းများ မှန်ကန်တိုး တက်ရေးအပြင် အခြား ထင်ရှားသည့်လိုအပ်မှုမှာ ဆန်အထွက်နှုန်းတိုးမြှင့် ရေးပင်ဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်ရန်မှာ မြေ သြဇာ၊ ပိုးသတ်ဆေး၊ သင့် လျော်သည့် ရေထိန်းချုပ် မှု၊ မျိုးကောင်းမျိုးသန့်နှင့် စက်ယန္တရားအသုံးပြုမှုတို့ ကဲ့သို့သော ခေတ်မီသွင်းအားစုတို့ကို သင့်လျော်စွာအသုံး ပြုခြင်းဖြစ်ပါသည်။ ထို့ပြင် ပိုမိုသင့်လျော်သောဈေးနှုန်းသတ် မှတ်မှု၊ ဖြန့်ဖြူးမှု၊ သိုလှောင်မှု၊ ရောင်းဝယ်ဖောက်ကားမှု၊ ဆန်အရည်အသွေးသတ်မှတ်မှု၊ ကုန်ချောအဖြစ် ပြောင်းလဲ မှု၊ အခွန်ကောက်ခံမှု၊ လယ်သမားတို့၏စိတ်ဓာတ်ကို မထိ ခိုက်စေမည့် စိုက်ပျိုးထုတ်လုပ်မှု၊ စည်းရုံးစီမံမှု စသဖြင့်လို အပ်ပြုလုပ်သင့်သည့်ကိစ္စများရှိပါသည်။ အထူးသဖြင့် လယ် သမားတို့သည် ၎င်းင်းတို့ကြိုးပမ်းအားထုတ်မှု၏ အသီးအပွင့် ကို ထိုက်ထိုက်တန်တန်ခံစားခွင့်ရကြပြီး ကြားလူပွဲစားနှင့် အခြားသူများက သူတို့အပေါ် မတရားအမြတ်ထုတ်ယူမှု များကိုလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စိုက်ပျိုးစရိတ်ချေးငွေ
လက်ရှိအခြေအနေတွင် စိုက်ပျိုးရေးချေးငွေရရှိရေးကို အထူးအာရုံစိုက်သင့်ပါသည်။ နာဂစ်ကြောင့် ပျက်စီးဆုံးရှုံး သွားခဲ့သမျှသော သဘာဝနှင့်လူလုပ်အခြေခံအဆောက် အအုံများ၊ အသက်မွေးဝမ်းကျောင်းဘ၀အတွက် နေစရာ၊ လုပ်စရာများက လူအများ၏ချေးငွေလိုအပ်မှုကို ပိုမိုထင် ရှားစေခဲ့သည်။ သို့သော်လည်းေ<ကးမြီပြဿနာသည် တစ် နိုင်ငံလုံးတွေ့ကြုံနေရသည့်ပြဿနာဖြစ်ပါသည်။ ထိုပြဿနာ ၏သက်ရောက်မှုမှာ ဒေသတစ်ခုနှင့်တစ်ခု၊ မြို့နယ်တစ်ခုနှင့် တစ်ခုတွင်မကဘဲ မြို့နယ်တစ်ခုအတွင်းမှာပင် အမျိုးမျိုးကွဲ ပြားခြားနားလျက်ရှိပါသည်။

ချေးငွေပြဿနာ၏ဆိုးရွားမှုကိုထောက်ရှု၍ ဆင်းရဲနွမ်း ပါးမှုလျော့ကျရေးအစီအစဉ်တွင် ကျေးလက်ချေးငွေသည် ဦးစားပေးလုပ်ဆောင်ရမည့်ကိစ္စတစ်ခုဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင် ပုဂ္ဂလိကကဏ္ဍလူမှုအဖွဲ့အစည်းများနှင့် အင်န်ဂျီအိုများ၊ လက်ရှိဆောင်ရွက်ပြီးနှင့် ဆောင်ရွက်နေ သည့်လုပ်ငန်းများအပေါ်အခြေခံ၍ ပိုမိုကျယ်ပြန့်ထိရောက် သည့်လုပ်ငန်းစဉ်များကို ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ယင်းလုပ်ငန်းများတွင် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်၏အတွေ့အကြုံများသည် အနာဂတ်ကာလလုပ်   ဆောင်မှုများအတွက် အသုံးဝင်မည်ဖြစ်ပါသည်။ ထို့အပြင် အာရှနှင့် ပစိဖိတ်ဒေသရှိ အိမ်နီးချင်းနိုင်ငံများတွင်လည်း အသေးစားချေးငွေလုပ်ငန်းတွင် အတွေ့အကြုံများစွာရှိသဖြင့် ယင်းတို့ထံမှ သင်ခန်းစာများရယူနိုင်မည်ဖြစ်ကြောင်းကို လည်း သတိပြုသင့်ပါသည်။
ကျေးလက်တောရွာချေးငွေများနှင့်ပတ်သက်၍ လတ် တလောဆောင်ရွက်နိုင်သည့်ကိစ္စတစ်ခုမှာ လယ်သမား တို့၏ ၀င်ငွေများနှင့်အသုံးစရိတ်များကို စစ်တမ်းကောက်ယူ ရန်ဖြစ်သည်။ နိုင်ငံအဆင့် စီးပွားရေးပတ်ဝန်းကျင်တည်ငြိမ် မှုမရှိသည့်အတွက် စရိတ်နှင့်ဈေးနှုန်းများသည် အမြဲတမ်း ပြောင်းလဲနေပါသည်။ သို့သော် လယ်သမားများအတွက် ချေးငွေထုတ်ပေးမည့်အစီအစဉ်တွင် သက်ဆိုင်ရာဒေသ အလိုက် ၀င်ငွေနှင့်အသုံးစရိတ်များကို အတန်အသင့်တိကျ အောင် ခန့်မှန်းချက်များရှိရပါမည်။ ထိုသတင်းအချက်အ လက်များမရှိလျှင် တစ်ဧက မည်မျှထုတ်ချေးရမည်၊ ချေးယူ သူအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန် စည်းကမ်းချက်များ မည်သို့သတ်မှတ်ရမည်၊ တစ်ဖက်တွင်လည်း စဉ်ဆက်မပြတ် ငွေထုတ်ချေးနိုင်ရန် ပြန်ဆပ်မည့်အလားအလာ မည်မျှကောင်း သည်တို့ကို သိရှိရန်လိုအပ်ပါသည်။

လူငယ်များ ပါဝင်ဆောင်ရွက်ရေး
လယ်ယာဝင်ငွေနှင့် အသုံးစရိတ်စစ်တမ်းများအား ပြည်တွင်း၊ ပြည်ပမှ အရည်အသွေးတည်ဆောက်ရေးအဖွဲ့  အစည်းများက စစ်တမ်းကောက်ယူပုံ၊ ကောက်ယူနည်းများ နှင့်ပတ်သက်၍ သင်တန်းတက်ထားပြီး ဤဆောင်ရွက်ချက် များတွင် ကျွမ်းကျင်သည့်လူငယ်များအား တာဝန်ပေးလုပ် ဆောင်စေသင့်ပါသည်။ နာဂစ်အလွန် သုံးသပ်ချက်စစ်တမ်း များတွင် တာဝန်ယူဆောင်ရွက်ခဲ့ကြသော ထိုလူငယ်များ ၏ ကြိုးပမ်းအားထုတ်မှုများသည် ချီးကျူးစရာကောင်းပါ သည်။ လယ်ယာချေးငွေကဏ္ဍ၌သာမက နောက်ဆက်တွဲ လုပ်ဆောင်ချက်များဖြစ်သည့် ကျေးလက်စီးပွားရေးအ ဆောက်အအုံမြှင့်တင်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး နယ်ပယ်များ၌လည်း သူတို့၏ပါဝင်ဆောင်ရွက်မှုများကို ကြိုဆိုကြရမည်ဖြစ်ပါသည်။

ဆန်ထုတ်လုပ်သူနှင့် စားသုံးသူအကျိုးကို ပြန်ချိန်ညှိပေးခြင်း
အခြားအရေးပါသောကိစ္စမှာ ဆန်ဈေးနှုန်းနှင့်ပတ် သက်၍ ထုတ်လုပ်သူနှင့် စားသုံးသူအကျိုးကို ပြန်ချိန်ညှိပေး ရန်ဖြစ်ပါသည်။ လယ်သမားများက ဆန်ကို ဈေးနှုန်းမြင့်မြင့် ဖြင့်ရောင်းချလိုကြသလို စားသုံးသူများဘက်မှလည်း ဆန်ကို ဈေးနှုန်းသက်သက်သာသာဖြင့် ၀ယ်ယူစားသုံးလိုကြမည် ဖြစ်ပါသည်။ ထို့ကြောင့် တစ်ဖက်ကလယ်သမားများ ဆန် စိုက်ပျိုးရန် ဆွဲဆောင်မှုရှိသောဈေးနှုန်းကို သတ်မှတ်ပေး ရန်နှင့် တစ်ဖက်တွင်လည်း စားသုံးသူများ တတ်နိုင်သော ဈေးနှုန်းဖြစ်စေရန် မည်သို့ဆောင်ရွက်ရမည်ကို အဖြေရှာရန် လိုအပ်ပါသည်။ ဤနေရာတွင် အဖြေတစ်ခုမှာ ကုန်စည် လည်ပတ်ရန်အတွက် ကုန်ကျသောစရိတ်များကိုလျှော့ချရန် ပင်ဖြစ်ပါသည်။ သာဓကအနေဖြင့် ဂျပန်နိုင်ငံ Institute of Developing Economies မှ မြန်မာ့ကျေးလက်စီးပွား ရေးပညာရှင်တစ်ဦးဖြစ်သူဒေါက်တာ Ikuko Okamoto ၏ခန့်မှန်းချက်အရ စားသုံးသူပေးရသော ဆန်ဈေးနှုန်း၏ ၂၀ရာခိုင်နှုန်းကိုသာ လယ်သမားများကရရှိကြောင်း၊ ကျန်၈၀ ရာခိုင်နှုန်းမှာ သိုလှောင်စရိတ်၊ သယ်ယူပို့ဆောင်စရိတ်၊ ဖြန့် ဖြူးစရိတ်၊ စက်ကြိတ်ခ၊ ဆိပ်ကမ်းခ စသည်တို့ဖြစ်ပြီး အရာ ရှိငယ်များအတွက် လက်ဖက်ရည်ဖိုး၊ အရာရှိကြီးများအတွက် အထူးလက်ဆောင်နှင့် အလှူဒါနများပါဝင်ပါသည်။ ဤ လည်ပတ်စရိတ်ကို ၅၀ရာခိုင်နှုန်းအထိလျှော့ချနိုင်ပါက ပို ထွက်လာမည့်၃၀ရာခိုင်နှုန်းမှ လယ်သမားများရောင်းဈေး ကို ၁၅ရာခိုင်နှုန်းပို၍ပေးနိုင်ပြီး စားသုံးသူများဝယ်ယူသည့် ဈေးနှုန်းကို ၁၅ရာခိုင်နှုန်းလျှော့လိုက်ပါက ဆန်ဈေးကွက် ဈေးနှုန်းကို မထိခိုက်စေဘဲ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

အထက်ပါကုန်စည်လည်ပတ်စရိတ်လျှော့ချရန် အဆို ပြုချက်သည် လိုက်နာဆောင်ရွက်ရမည့်ကိစ္စတစ်ခုဖြစ်ပါ သည်။ စီးပွားရေးလုပ်ငန်းရှင်များကလည်း ယင်းကိစ္စကို လက်ခံကြိုဆိုကြပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တန်း တူရည်တူ ဆောင်ရွက်ခွင့်ရရှိရေးနှင့် ကုန်စည်လည်ပတ်ရေး စရိတ်ကောက်ခံမှုများအတွက် လုံးပန်းနေရမှုသည် မိမိတို့ အတွက် ၀န်စလှည်ကြီးဖြစ်နေပါသည်။

ဆန်အရည်အသွေးမြှင့်တင်မှုမှတစ်ဆင့်
ပို့ကုန်ဝင်ငွေ မြင့်မားရေး
မြန်မာနိုင်ငံအနေဖြင့် နောက်အလေးပေးဆောင်ရွက် ရမည့်ကိစ္စတစ်ခုမှာ ပြည်ပသို့ဆန်တင်ပို့ရောင်းချသည့်ပမာဏ ထက် တင်ပို့မှုမှရသည့် ပို့ကုန်ဝင်ငွေက ပိုအရေးကြီးခြင်းဖြစ် ပါသည်။ ဤနေရာတွင် မြန်မာနိုင်ငံသည် အောင်မြင်မှုသိပ် မရှိခဲ့ပါ။ မြန်မာ့ဆန်ပို့ကုန်သည် အရည်အသွေးနိမ့်ပြီးရသော ဈေးနှုန်းကလည်း အိမ်နီးချင်းနိုင်ငံများထက် သိသိသာသာ နိမ့်နေပါသည်။ ထို့ကြောင့် အထူးအာရုံစိုက်ရန်လိုသည့်ကိစ္စ တစ်ခုမှာ ဆန်အရည်အသွေးကိုမြှင့်တင်၍ ဈေးကောင်း ကောင်းနှင့် ပြည်ပဈေးကွက်တွင်ရောင်းချပြီး ပို့ကုန်ဝင်ငွေ တိုးပွားရန်ပင်ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံ ငွေအဖွဲ့ကလည်း ပြည်သူအများစု စားသုံးသည့်သာမန်ဆန် ကို ပြည်တွင်း၌လုံလောက်စွာထုတ်လုပ်ပြီး အရည်အသွေး မြင့်ဆန်ကို ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန် အားထုတ်သင့် ကြောင်း အကြံပြုထားပါသည်။
 
အတိတ်အတွေ့အကြုံများအရ လယ်သမားများ တာဝန်ကျေစပါးများကို အစိုးရထံတင်သွင်းရာတွင် အရည် အသွေးညံ့ဆန်များကို သွင်းတတ်ကြကြောင်း တွေ့ရှိရပါ သည်။ ထို့ပြင် ထိုဆန်များကို အစိုးရအ၀ယ်ဒိုင်များအတွင်း စုပုံထားသဖြင့် ဆန်အမျိုးအစားနှင့်အရည်အသွေး ရောနှော နေပြီး ဆန်ကောင်းဆန်သန့်ရရှိရန် အခက်အခဲနှင့်ကြုံတွေ့ နေရပါသည်။ သို့ရာတွင် ၂၀၀၃ခုနှစ်တွင် ဆန်နိုင်ငံခြားတင် ပို့မှုကို ပုဂ္ဂလိကသို့ခွင့်ပြုလိုက်သည့်အခါ ဆန်ကောင်းများ ပြည်ပပို့ရန်အလားအလာ ပိုမိုကောင်းမွန်လာပါသည်။ အ ဘယ်ကြောင့်ဆိုသော် နိုင်ငံခြားမှဆန်ဝယ်လိုသူများနှင့်ဆက် သွယ်မှုရှိသော ပုဂ္ဂလိကဆန်၏တင်ပို့သူများသည် နိုင်ငံခြား မှလိုအပ်ချက်များကို အတိအကျသိသည့်အလျောက် လယ် သမားများအား ထိုက်သင့်သည့်ဈေးနှုန်းနှင့် လိုအပ်သော သွင်းအားစုများကိုထောက်ပံ့ပေးပြီး ဆန်အရည်အသွေးနှင့် ပမာဏရရှိရန် ဆောင်ရွက်ကြပါသည်။ ဆန်ကုန်သည်များ သည် နိုင်ငံခြားမှဝယ်ယူသူများသတ်မှတ်သည့် စံချိန်စံညွှန်း ကိုပြည့်မီစေမည့် လိုအပ်သောဆန်ကို လိုက်လံဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ အချောကိုင်ခြင်းတို့ကိုပြု လုပ်ပါလိမ့်မည်။ ထိုအရည်အသွေးမီဆန်များကို နိုင်ငံခြားသို့ တင်ပို့နိုင်ခြင်း၊ နိုင်ငံခြားဝင်ငွေရရှိခြင်းတို့ကြောင့် လယ်သမား နှင့်ကုန်သည်များသာ အကျိုးရှိသည်မဟုတ်၊ နိုင်ငံအတွက် လည်း အကျိုးရှိပါမည်။ ထိုသို့သောအကျိုးအမြတ်ရရှိစေရန် အတွက်လည်း ဆန်ပို့ကုန်လုပ်ငန်းတွင် တန်းတူရည်တူ လုပ်ဆောင်ခွင့်ရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ် ပါသည်။

မြေယာပြုပြင်ပြောင်းလဲရေး
တရုတ်(တိုင်ပေ)နှင့် တောင်ကိုရီးယားတို့အပါအ၀င် နိုင်ငံအတော်များများတွင် မြေယာပြုပြင်ပြောင်းလဲရေး
ကို ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံ့စီးပွားတိုးတက်ရေးတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ မြန်မာနိုင်ငံ တွင် လယ်သမားများ လယ်မြေပိုင်ဆိုင်ခွင့်မရှိဘဲ လယ်လုပ် ပိုင်ခွင့်သာရှိပါသည်။ ထို့ကြောင့် လက်ရှိအခြေအနေတွင် မြေယာပြုပြင်ပြောင်းလဲရေးနှင့်စပ်လျဉ်း၍ အချို့အိမ်နီး ချင်းနိုင်ငံများကဲ့သို့ မြန်မာလယ်သမားများကို လယ်ယာ လုပ်ပိုင်ခွင့် မဆုံးရှုံးစေရန် ကာကွယ်စောင့်ရှောက်ပေးဖို့လို ပါသည်။ ထို့အပြင် ကိုလိုနီခေတ်ကတည်းက သတ်မှတ် ထားသော လယ်တစ်ဧက ကျပ်အနည်းငယ်ကောက်ခံခဲ့ သည့်လယ်မြေအခွန်နှုန်းထားသည် အစိုးရ၏အခွန်အခ အတွက် မယ်မယ်ရရမရရှိတော့သဖြင့် ပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။ လယ်လုပ်ပိုင်ခွင့်ရှိသော လယ်သမားများ သည် လယ်မြေများကို အပေါင်ထား၍ ငွေချေးခွင့်ရသင့် ကြောင်း အကြံပြုချက်များလည်း ရှိပါသည်။

ကျေးရွာသားများ အစဉ်အဆက်အသုံးပြုလာခဲ့ကြသော ကျေးရွာပိုင်အခွင့်အရေးများအား ကာကွယ်စောင့်ရှောက် ပေးရေး
ကျေးရွာတိုင်းတွင် ပတ်ဝန်းကျင်ရှိတောတွင် ထင်းခွေ ခြင်း၊ ရေကန်နှင့်ချောင်းများတွင် ငါးမျှားခြင်း၊ စားကျက်တွင် ကျွဲနွားများကျောင်းခြင်း စသည့်အစဉ်အလာများ ရှိခဲ့ပါ သည်။ ထိုနေရာများကို ယခုအခါ သက်ဆိုင်ရာဒေသအာဏာ ပိုင်များက ခြံစည်းရိုးခတ်၍ ၎င်းင်းတို့ဝင်ငွေရရန်အတွက် အကျိုး အမြတ်ထုတ်ယူခဲ့ကြရာ ရွာသူရွာသားများသည် ထိုဘုံအခွင့် အရေးများလက်လွှတ်ခဲ့ကြရပါသည်။ အလားတူပင် ကျေးရွာ အနီးရှိ မြစ်ချောင်းများ၊ ကန်များတွင်ငါးဖမ်းခွင့်ကို ပုဂ္ဂလိက သို့ လုပ်ပိုင်ခွင့်ရောင်းချလိုက်သဖြင့် လယ်သမားများအသုံး ပြုခွင့်မရတော့ပါ။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမဟာဗျူဟာ ၏ လုပ်ငန်းအစီအစဉ်ကို ရေးဆွဲရာတွင် ဤအချက်များ ထည့်သွင်းစဉ်းစားရန် လိုပါသည်။

လယ်ယာမဟုတ်သောလုပ်ငန်းများ မြှင့်တင်ရေး
နာဂစ်မုန်တိုင်းနှင့် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း တို့ကို မြန်မာနိုင်ငံသည်ထိန်းချုပ်နိုင်စွမ်းမရှိပါ။ သဘာဝဘေး နှင့် စီးပွားရေးအကျပ်အတည်းများဖြစ်ပွားသည့်အခါ ဒုက္ခ အရောက်ဆုံးမှာ ကျေးလက်ဒေသနေသူများနှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်ပါသည်။ သို့သော် စပါးစိုက်ရုံသာမက အခြားစီးပွားရေးလုပ်ငန်းလုပ်သော ကျေးလက်အိမ်ထောင်စုတစ်စု သို့မဟုတ် ကျေးရွာတစ်ရွာ သည် ထိုကဲ့သို့သောအကျပ်အတည်းများနှင့်တွေ့လျှင် ပို၍ ခံနိုင်စွမ်းရှိပါမည်။ ကျေးလက်ဒေသတွင် အချောကိုင်၊ ပြု ပြင်မွမ်းမံသည့်လုပ်ငန်းငယ်များ၊ ဆောက်လုပ်ရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ပြင်ဆင်ရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း များ တည်ထောင်ကာ လယ်ယာမဟုတ်သော စီးပွားရေး လုပ်ငန်းငယ်များတည်ထောင်နိုင်ပါသည်။ တရုတ်နိုင်ငံတွင် စိုက်ပျိုးရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်၌ မြို့နယ်နှင့်ကျေး ရွာလုပ်ငန်းငယ်များသည် လူသန်းပေါင်းများစွာတို့အတွက် အလုပ်အကိုင်ဖန်တီးပေးခြင်း၊ ကျေးလက်ဝင်ငွေနှင့် အထွက် တိုးအောင် ဆောင်ရွက်ပေးနိုင်ခြင်းတို့ဖြင့် အဓိကကျသော နေရာမှ ပါဝင်ခဲ့ပါသည်။၂၉ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ် ကို အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံလည်းခံစားရမည်ဖြစ် ပါသည်။ ထိုနည်းတူစွာပင် ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းများမှ အကျိုးဆက်များသည် လည်း မြန်မာနိုင်ငံအပေါ် ပိုမို၍ဂယက်ရိုက်မှုများပေါ်ပေါက် စေမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ လယ်ယာမဟုတ်သော အလုပ် အကိုင်အခွင့်အလမ်း များမြှင့်တင်ပေးခြင်းဖြင့် ကျေးလက် ဒေသ ခံနိုင်ရည်ကောင်းလာစေရန် ဆောင်ရွက်ပေး ရပါမည်။

ပြည်တွင်းစားသုံးမှုလိုအပ်ချက်နှင့်
ပြည်ပဆန်တင်ပို့မှု ညှိနှိုင်းရေး
ပြည်ပသို့ ဆန်တင်ပို့ရေးကို အလေးပေးဆောင်ရွက် ပါက ဆင်းရဲနွမ်းပါးသူများအတွက် ပြည်တွင်းတွင်လိုအပ် သောဆန်စားသုံးမှု မလုံမလောက်ဖြစ်မည်ကို စိုးရိမ်မှုများ ရှိကြသည်။ ဆန်စပါးထုတ်လုပ်သည်မှ ပြည်ပသို့ရောင်းချ သည်အထိ  လုပ်ငန်းစဉ်တစ်လျှောက်တွင် လိုအပ်သောပြု ပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ပါက ထိုစိုးရိမ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပါသည်။ ကမ္ဘာ့ဆန်ဈေးကွက်တွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်စွမ်းရှိရေးနှင့် အဓိကကမ္ဘာ့ဆန်တင်ပို့ သည့်နိုင်ငံဖြစ်လာရန် ပြည်တွင်းရှိ လယ်သမားများကို အရည် အသွေးကောင်းဆန်စပါးများ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ပြည် တွင်း၊ ပြည်ပဈေးကွက်သို့ ၀င်ရောက်နိုင်ရန် မက်လုံးပေးရ မည်။ ထို့အပြင် လုပ်ငန်းရှင်များအတွင်း အထူးအခွင့် အရေး ပေးထားခြင်းများကို ပပျောက်အောင်ဆောင်ရွက်ပေးရ မည်။ ယင်းနောက် ငွေကြေးဖောင်းပွ မှု၊ ငွေကြေးလဲလှယ် နှုန်း၊ အခွန်ကောက်ခံမှု၊ ပြည်သူ့ဘဏ္ဍာရေး စသည်တို့ကို ပြုပြင်ပေးပြီး စီးပွားရေး လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူ များကို မြန်မာ့စီးပွားရေးအပေါ် ယုံကြည်မှုရရှိလာစေရန် လုပ်ဆောင် ရမည်ဖြစ်သည်။ ဆန်နှင့်ပတ်သက်၍ နှီးနှောပွဲ တစ်ခု ဇွန်လကုန်တွင် နေပြည်တော်၌ ကျင်းပရန်ရှိရာ ESCAP နှင့် မြန်မာအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာန များ ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ဆောင်ပြီးသည်များအပေါ် ဆက်လက်ဆောင်ရွက်ခြင်း
 
ပြီးခဲ့သောဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံတွင် လမ်း၊ တံတား၊ ဆည်၊ ရေအားလျှပ်စစ်၊ ဆေးရုံ၊ ကျောင်း၊ လေဆိပ်၊ တက္ကသိုလ် စသည့်အခြေခံ အဆောက်အအုံများ ဆောက်လုပ်ထားခဲ့ပြီးဖြစ်ရာ ယခုအချိန်တွင် ထိုဆောက် လုပ်ပြီး အခြေခံအဆောက်အအုံများအား ထိရောက်အကျိုး ရှိစွာ ကိုင်တွယ်အသုံးပြုရေးအတွက် အလှည့်ပေးရမည့် အချိန်ပင်ဖြစ်သည်။ ယင်းအခြေခံအဆောက်အအုံများကို ထိရောက်စွာအသုံး ချနိုင်ရန် ကောင်းမွန်သော မူဝါဒများ၊ အဖွဲ့အစည်းဆိုင်ရာယန္တရားများကို ချမှတ်၍ ပြည်သူများ ၏ လုပ်ရည်ကိုင်ရည်များနှင့် ထုတ်လုပ်မှုစွမ်းအားများကို တိုးတက်လာအောင် လုပ်ဆောင်ပေးရမည် ဖြစ်သည်။

ဆင်းရဲနွမ်းပါးမှုလျော့ကျရေးအစီအစဉ်၏ အဓိကလုပ်ဆောင်ချက်

ထိုအစီအစဉ်သည် ပြည်သူလူထု၏အရေးကိုဇောင်း ပေးလုပ်ရမည်ဖြစ်သည်။ ဥပမာအားဖြင့် ဆည်မြောင်းများ မည်မျှဖောက်လုပ်ထားသည်ကို တင်ပြသည့်အပြင် ဆည်ရေ များသည် ကျေးလက်ဒေသဆင်းရဲသားလယ်သမားများ၏ လယ်ယာစိုက်ကွင်းများဆီသို့ မည်မျှရောက်ရှိ ရန်ကို သိရန် လည်းလိုပါသည်။ ထိုနည်းတူစွာ ရေအားလျှပ်စစ်စက်ရုံက ဘယ်နှလုံးဆောက်လုပ်ထားသည်။ မဂ္ဂါဝပ်မည်မျှရှိသည်ဆို သည့် ကိန်းဂဏန်းများဖော်ပြနေသည့်အပြင် တိုင်းပြည်တွင် ဆင်းရဲသား အိမ်ထောင်စုပေါင်းမည်မျှ လျှပ်စစ်ကိုအသုံးချ နိုင်ပြီဆိုသည့်အချက်နှင့် လျှပ်စစ်ဓာတ်အားကြောင့် သူတို့ ၏ လူနေမှုအဆင့်အတန်းကို မည်မျှအကျိုးသက်ရောက်မှု ရှိစေသည် ဆိုခြင်းနှင့် ကျေးရွာရှိ အသေးစားလုပ်ငန်းများ မည်မျှထူထောင်နိုင်စွမ်းရှိခဲ့သည်ကိုလည်း ဖော်ပြသင့်ပါ သည်။ ထိုနည်းတူ လမ်း၊ တံတားများ ဘယ်နှစင်းဆောက်လုပ် ပြီးစီးပြီဆိုသောသတင်းအပြင် ထိုလမ်း၊ တံတားများသည် နိုင်ငံတွင်းရှိ ဆင်းရဲသားပြည်သူများနေထိုင်ရာသို့ ရောက် မရောက်၊ အသုံးပြုနိုင်စွမ်း ရှိ၊ မရှိ ဆိုသည့် အချက်ကိုလည်း ဖော်ပြသင့်ပါသည်။ ထို့အပြင် ဆေးရုံနှင့်ကျောင်းများ အမြောက် အမြားဆောက်လုပ်ထားသည့်သတင်းကိုလည်း သိရပါသည်။ ထိုဆေးရုံနှင့်ကျောင်းများသို့ ဆင်းရဲနွမ်းပါးသူများ မည်မျှ ချဉ်းကပ်၍ရသည်ဆိုသည်ကိုလည်း ဖော်ပြသင့်ပါသည်။ ဤနမူနာများသည် ဆင်းရဲနွမ်းပါးမှုလျော့ကျရေးအစီအစဉ် တွင် ဦးစားပေးဖော်ပြခြင်းဖြင့် ရှေ့သို့ဆက်လက်လုပ်ဆောင် ရန် အရေးပါသည့်အချက်များဖြစ်ပါသည်။

(၄)
အနီးကပ်စောင့်ကြည့်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း
မြန်မာဖွံ့ဖြိုးရေးအရင်းအမြစ်ဆိုင်ရာအဖွဲ့အစည်း
(MDRI)တည်ထောင်ရန်အဆိုပြုခြင်း

MDRI၏ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များကို အကျဉ်းချုံး၍ ဤစာတမ်း၏ရှေ့ပိုင်းတွင်ဖော်ပြခဲ့ပါသည်။ ဤအဖွဲ့အစည်းတည်ထောင်ရေးနှင့်စပ်လျဉ်း၍ ကနဦး တွေးဆချက်အချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
သီးခြားလွတ်လပ်မှုရှိရေးနှင့် စီးပွားရေးနှင့် ပညာရှင် ပိုင်းအသိုင်းအ၀ိုင်းနှင့်လည်း နီးစပ်မှုရှိရေးအတွက် MDRI အား ရန်ကုန်တွင်ထားရှိပြီး နေပြည်တော်တွင် ရုံးခွဲတစ်ခု ထားရှိမည်ဖြစ်ပါသည်။ 
 
MDRI ၏ ဒါရိုက်တာဘုတ်အဖွဲ့နှင့် အမှုဆောင် ဒါရိုက်တာ၏ အုပ်ချုပ်မှုအောက်ရှိ ကျွမ်းကျင်သူများသည် ၎င်းင်းတို့၏ သီးခြားလုပ်ငန်းစဉ်ရှိပါမည်။ MDRI တွင် ဆွေးနွေး ဆုံးဖြတ်မည့်အရာမှန်သမျှ လွတ်လပ်ပွင့်လင်းမှုကို အခြေခံ ၍ ဆွေးနွေးသွားမည်။ အဖွဲ့အစည်းအတွင်းမှ သက်ဆိုင်ရာ အာဏာပိုင်များက မိမိတို့၏လုပ်ပိုင်ခွင့်ကို ဖြည့်ဆည်းရန် သင့်တော်သည်ဟုယူဆပါက သတ်မှတ်ထားသောဘောင် အတွင်းမှ မည်သည့်အကြောင်းအရာကိုမဆို ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်မည်။

MDRI ၏ လုပ်ငန်းတွင်ကျယ်စွာနှင့် ချောချောမွေ့မွေ့ လုပ်ဆောင်သွားနိုင်ရေးအတွက် အဆောက်အအုံကို ရန်ကုန် မြို့ ကောင်းမွန်သောပတ်ဝန်းကျင်တွင်ထားရှိမည်။ အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ အဖွဲ့အစည်းများနည်းတူ လိုအပ်သော အထောက်အကူပစ္စည်းများဖြစ်သည့် ဖက်စ်၊ အီးမေးလ်၊ အင်တာနက်အပြင် နည်းပညာနှင့်အုပ်ချုပ်ရေးအထောက် အကူပြုဝန်ဆောင်မှုလုပ်ငန်းများလည်း အပြည့်အစုံပါရှိရ မည်ဖြစ်သည်။
 
MDRI၏ရည်ရွယ်ချက်များ အောင်မြင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ၎င်းင်းတို့၏လုပ်ငန်းကို အထောက် အကူပြုရန်လိုအပ်ပါက ကျွမ်းကျင်မှုရှိ၊ သင့်တော်သည်ဟု ယူဆသော ပြည်တွင်းနှင့်ပြည်ပမှ မည်သူ့ကိုမဆိုဖိတ်ခေါ်နိုင် ပါသည်။ ပြည်တွင်းမှပုဂ္ဂိုလ်များတွင် ထင်ရှားသောအသိ ပညာရှင်၊ အတတ်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ များမှပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလူမျိုးများနှင့် MDRI ၏ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်ရေး အတွက် ၎င်းင်းတို့၏အမြင်ကို တင်ပြလိုကြသော သာမန်ပြည်သူများလည်း ပါဝင်နိုင်ပါသည်။
 
ပြည်ပပုဂ္ဂိုလ်များတွင် နိုင်ငံရပ်ခြား၌နေထိုင်ကြသည့် အတွေ့အကြုံနှင့်အရည်အချင်းရှိသော မြန်မာများကို အလေး ထားဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်စေမည်ဖြစ်ပါသည်။ နိုင်ငံရပ်ခြားတွင် ကဏ္ဍအသီးသီး၌ ကျွမ်းကျင်မှုနှင့် အတွေ့ အကြုံ ဗဟုသုတများစွာရှိသော စိတ်အားထက်သန်သည့် မြန်မာ လူငယ်များစွာရှိနေပါသည်။ ထိုသူတို့၏ ပါဝင်အကျိုး ပြုခြင်းကိုလည်း အထူးကြို ဆိုမည်ဖြစ်ပါသည်။ ပြည်ပပုဂ္ဂိုလ် များတွင် နိုင်ငံတကာ၏နားလည်မှုများ ပိုမိုမြှင့်တင်နိုင်ရန်နှင့် မြန်မာနိုင်ငံအတွက် MDRI၏ ဦးဆောင်ဦးရွက်ပြုအစီ အစဉ်ကို ထောက်ခံ အားပေးလာစေရေးအတွက် ယင်း၏ လုပ်ငန်းသဘာဝရည်ရွယ်ချက် လုပ်ငန်းလုပ်ဆောင်ချက် များကို နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ကမ္ဘာ့ဇာတ်ခုံပေါ်ရှိ အဓိကဇာတ်ဆောင် များအာရုံစိုက်မှုရှိလာစေရန် နိုင်ငံရပ် ခြားရှိ မြန်မာများအပေါ် မှီခိုအားထားပါသည်။ ယင်းအချက် သည် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် အိမ်နီး ချင်းနိုင်ငံများ၊ အခြားနိုင်ငံများ၊ ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများထံတွင် ရှိနေသည့် မြောက် များစွာသောအတွေ့အကြုံဗဟုသုတ၊ ကျွမ်းကျင်မှုနှင့် အရင်း အမြစ်များစွာရရှိနိုင်ခြင်းက MDRI ၏လုပ်ငန်းများကို ပိုမိုထိရောက် အကျိုးရှိစေမည်ဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့် မြန်မာဖွံ့ဖြိုးရေးအရင်းအမြစ်ဆိုင်ရာ အဖွဲ့အစည်း(Myanmar Development Resource Institute-MDRI)၏ အလုပ်နှင့် ယင်း၏တွေ့ရှိချက်များ လုပ်ဆောင်မှု၊ အကြံပြုချက်များ၊ လှုပ်ရှားဆောင်ရွက်မှုများ သည် သမ္မတကြီးပြောကြားခဲ့သည့် မူဝါဒသစ်လမ်းကြောင်း ၏ ရည်မှန်းချက်များ ဖြည့်ဆည်းရေးတွင် အောင်မြင်စေရန် အထောက်အကူပြုမည်။ လက်ရှိဆောင်ရွက်နေသော နိုင်ငံ တော်တည်ဆောက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်း စဉ်ကို တန်ဖိုးရှိရှိ ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ပါ ကြောင်းဖြင့် တင်ပြအပ်ပါသည်။

End Notes:

1အဖွဲ့ခေါင်းဆောင်၊ စီးပွားရေးအကြံပေးအဖွဲ့၊ နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော်။
2United Nations, The Millennium Development Goals Report 2010 (New York, United Nations, 2010).
3ဆင်းရဲမှုနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် ကောင်းမွန်သောသုံးသပ်ချက်၊ ညွှန်းကိန်းများ၊ ၎င်းတို့၏အားသာချက်အားနည်းချက်များ၊ ထို့အပြင် တိုင်းထွာမှုများနှင့် ဆက်စပ်ပတ်သက်၍ အယူအဆဆိုင်ရာနှင့် စာရင်းကိန်းဂဏန်းဆိုင်ရာပြဿနာများကို Haughton and Khandker, Handbook on Poverty and Inequality (Washington, D-C-World Bank, 2009)တွင် ဖတ်ရှုစေလိုပါသည်။
4David Gorden, "Indicators of Poverty and Hunger" Expert Group Meeting on Youth Development Indicators (New York: United Nations, December 2005 ညွှန်းကိန်း ၇ခုတွင် ညွှန်းကိန်းအစု ၂-ခုရှိသည်။ အစုတစ်ခုစီတွင် ချို့တဲ့မှု(Deprivation)နှင့် အလွန်အမင်းချို့တဲ့မှု(Severe Deprivation)ဟူ၍ သတ်မှတ်ထားပါသည်။ ယင်းညွှန်းကိန်း၇ခုမှာ (၁)အစားအစာ၊ (၂)ရေ၊ (၃) သန့်ရှင်းရေးအိမ်သာများ၊ (၄) ကျန်းမာရေး၊ (၅)အမိုးအကာ၊ (၆)ပညာရေး၊ (၇)သတင်းရရှိမှုဟူ၍ဖြစ်သည်။ ဥပမာအားဖြင့်- သတင်းရရှိမှုတွင် အိမ်၌ ရေဒီယို သို့မဟုတ် ရုပ်မြင်သံကြား (ထုတ်လွှင့်ပေးနေ သည့်သတင်းမီဒီယာများ ...စသဖြင့်)ကိုရရှိထိတွေ့နိုင်မှုလုံးဝမရှိခြင်းဖြစ်ပါက ချို့တဲ့မှု(Deprivation)အတွင်းကျရောက်နေသည်။ သို့သော် သတင်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ကွန်ပျူတာ၊ သို့မဟုတ် ဖုန်းများ အိမ်တွင်မရှိပါက (သတင်းအရင်းအမြစ်လုံးဝမရှိပါက) အလွန်အမင်းချို့တဲ့မှု(Severe Deprivation)အမျိုးအစားအတွင်း ကျရောက်သည်။
5ဂျီနီညွှန်းကိန်း(Gini Coefficient)သည် Lorenz Curve(လောရင့်ဇ်မျဉ်းကွေး)မှရရှိလာခြင်းဖြစ်သည်။ ၎င်းင်းတွင်  အဆင်းရဲဆုံးနှင့် အချမ်းသာဆုံးသူများကို ခွဲခြားဖော်ပြပြီး လူဦးရေ၏ စုပေါင်းတွက်ချက်ထား သောအချိုးကို အလျားလိုက်ဝင်ရိုးတန်းတွင် ဖော်ပြသည်။ စုပေါင်းတွက်ချက်ထားသောဝင်ငွေကို ဒေါင်လိုက်ဝင်ရိုးတန်းတွင် ဖော်ပြသည်။
6 US Census Bureau, Poverty Thresholds for 2009 by Size of Family and Number of Related Children Under 18 Years.[http://www.census.gov/hhes/ www/poverty/data/threshld/thresh09.html'
7 USA Today,''Number of people in poverty reaches highest level in 51 Years, ''16 September 2010. [http: //www.usatoday.com/nwes/nation/census/2010-09-16-poverty-rate- income-numbers-N. htm'
8 Joseph Stiglitz, ''Inequality: of the 1%, by the 1%, for the 1%, ''Vanity Fair, May 2011.
[http://www.vanityfair.com/society/ features/ 2011/05/top-one-percent'
9 China Daily News, ''Official: China's poverty line too low, '' 23 August 2006
[http://www.chinadaily. com. cn/china / 2006- 08/23/content-672510.htm'
10 Global Times, ''Poverty line seen as too low ''
[http://english. sina. com/china/ p/2011/0303/362572. html'
11 [http://www.thanhnienews.com/2010/Pages/20110204174748.aspx'
13 နိုင်ငံတစ်ခု၏ငွေကြေးအရ ၀ယ်ယူနိုင်စွမ်းကွာခြားမှုနှုန်း purchasing power parity (PPP$ဆိုသည်မှာ အမေရိကန် တစ်ဒေါ်လာဖြင့် အမေရိကန်ပြည်ထောင်စုတွင် ၀ယ်ယူနိုင်မည့်ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုအစု (တစ်နည်းအားဖြင့် အတူတူဖြစ်နေသောကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုအစု)ကို အခြားနိုင်ငံတွင်ဝယ်ယူရန် သုံးစွဲရသည့်ငွေကြေးယူနစ်အရေအတွက်ဖြစ်သည်။ UNDP, Human Development Report 1997, p. 239.ကို ကြည့်ပါ။ ပိုမိုရှင်းလင်းအောင် ဥပမာ-ပစ္စည်းအမျိုးအမည်၎ခု (ဓာတ်ဆီ တစ်လီတာ၊ ဆန် တစ်ကီလို၊ ဟင်းချက်ဆီ တစ်လီတာ၊ ကြက်သားတစ်ကီလို)၊ ၀န်ဆောင်မှုနှစ်ခု (ဆန်သဆိုင်တစ်ခုတွင် ဆံပင်ညှပ်ခ၊ မြို့တွင်း တစ်ကီလိုခရီးသွားရန် ဘတ်စ်ကားခ) စုစုပေါင်းသည် မြန်မာကျပ်ငွေ၂၀၀၀၀ကုန်ကျမည်။ အမေရိကန်ပြည်ထောင်စုတွင် ဒေါ်လာ၄၀ကုန်ကျမည်။ ထိုအခါ ၀ယ်နိုင်စွမ်းအားကွာခြားမှုနှုန်း(PPP)သည် (PPP$1=20000/40=Kyats500) ဖြစ်မည်။ ၀ယ်ယူနိုင်စွမ်းအားကွာခြားမှုနှုန်း PPP$ တွက်ချက်မှုကို  အသေးစိတ်သိရှိလိုပါက World Bank, International Comparisons Program, ICP 2003- 2006 Handbook ၂၀၀၃- ၂၀၀၆ံညေိဘသသု စာအုပ်ကို ကျေးဇူးပြု၍ကြည့်ရှုစေလိုပါသည်။
14 New Light of Myanmar , "President U Thein Sein delivers inaugural address to Pyidaungsu Hluttaw", (Naypyitaw, 31 March 2011); New Light of Myanmar, "President U Thein Sein speaks to members of Union Government, heads of Union level organizations", (Naypyitaw, 1 Apirl, 2011); and New Light of Myanmar, "With every citizen being able to work, they will earn income, thereby contributing to the growth of GDP", (Naypyitaw, 6 Apirl, 2011).
15 Quoted by Deena Khatkhate in a review of Ashok V. Desai's book, My Economic Affair (New Delhi: Wiley Eastern Limited, 1993).
The book review appeared in IMF/World Bank, Finance and Development, March 1995, vol. 32, no.1.

16အထက်တွင်ဖော်ပြခဲ့သော အပိုဒ်(၂၃) နှင့် (၂၄)ကို ကြည့်ပါရန်။
17၎င်းနိုင်ငံများမှာ အာရှ၏စက်မှုထွန်းသစ်စနိုင်ငံများ သို့မဟုတ် အာရှကျား စီးပွားရေးစနစ်များဖြစ်ပြီး ဟောင်ကောင်၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့ ပါဝင်သည်။
18Asian Development Bank, Fighting Poverty in Asia and the Pacific: The Poverty Reduction Strategy,
[http://www.adb.org/Documents/Policies/Poverty-Reduction/Poverty-Policy.pdf'
19New Light of Myanmar, "Having been entrusted with tasks and vested with powers. Union level ministries and Region/State ministries need to work with initiative, dynamism and conviction without waiting for any exhortation", (Yangon, 7 Apirl, 2011).
20OECD, Development Assistance Committee (DAC), "Guidelines on poverty reduction" (Paris; OECD, April, 2001)
21The World Bank has undertaken PRSP related activities in 67 countries. See World Bank, Board Presentations of PRSP Documents (as of June 2, 2010)
[http://siteresources.worldbank.org/INTPRS1/Resources/boardlist.pdf'
See also David Craig and Doung Porter, "Poverty Reduction Strategy Papers: A new convergence. What does it miss, and what can be done about it?" Regional Conference on National Poverty Reduction Strategies, Organised by World Bank, UNDP, IMF and ADB. Hanoi, Vietnam, 4-6th December 2011.)
22Central Statistical Organization, Statistical Yearbook 2002 (Yangon: CSO, 2002)m table 22.04, p. 423.
23Ibid.; table 22.05; p. 431.
25For the latter half of the 1990s, the share of food and beverages in the household consumption expenditure of countries in the Asia and Pacific region were as follows: Singapore (14%), Japan (23%), Taiwan (24%), Hong Kong (26%), Republic of Korea (27%), Thailand (32%), Malaysia (37%), Sri Lanka (41%), China (44%), Mongolia (45%), Philippines (47%), Bangladesh (52%), India (54%), Pakistan (55%), Cambodia (57%), Indonesia (59%), Nepal (61%), Laos (61%), Viet Nam (62%), North Korea (65%), and Myanmar (71%) [Source: SSII, Asian Agrifood Demand Trends to 2010'.
26U Myint, "Professor Stiglitz and Roundtable and Development Forum Meeting, held at Naypyitaw, 15 December 2009: Comments and Follow-up Action". This paper waw presented at a press briefing at Myanmar Egress Capacity Development Centre, Thamada Hotel, Yangon, on 9 January 2010. Sixty-five representatives from 28 domestic and foreign media agencies and organizations attended the briefing. The pater is available at [http://www.irrawaddy.org/web-images/U-Myint-Stiglitz.pdf'
27United States Department of Agriculture (USDA), Economic Research Service, Rice Situation and Outlook Yearbook/RCS-2007/November, 2008; Appendix table 25, p.88.
28U Myint, "The rice issue", (Unpublished paper, Yangon, 19 September 2003.)
29Please see paras. (44) and (45) above.