xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမေရိကန်အစိုးရ ကွန်ပြူတာစံနစ်များ တိုက်ခိုက်ခံရပါက စစ်ရေးအရအရေးယူနိုင်မည့် ဥပဒေရေးဆွဲနေ

Tuesday, June 7, 2011

အမေရိကန်အစိုးရ ကွန်ပြူတာစံနစ်များ တိုက်ခိုက်ခံရပါက စစ်ရေးအရအရေးယူနိုင်မည့် ဥပဒေရေးဆွဲနေ

General Keith Alexander, Commander, U.S. Cyber Command, and Director of the National Security Agency
 
အမေရိကန်အစိုးရ၏ အမျိုးသားလုံခြုံရေးအတွက်အရေးပါသော ကွန်ပြူတာကွန်ယက်များကို ကမောက်ကမဖြစ်အောင် ၀င်ရောက်နှောက်ယှက်ပါက ထိုသို့ဝင်ရောက်တိုက်ခိုက်သည့် နိုင်ငံကို စစ်ရေးအရအရေးယူ နိုင်မည့် ဥပဒေမူကြမ်းတစ်ရပ်ကို ပင်တဂွန်စစ်ဌာနချုပ်ကရေးဆွဲ လျှက်ရှိကြောင်း ဝေါစထရိ သတင်းဂျာနယ်မှာ ဖေါ်ပြလိုက်ပါတယ် ။

အမေရိကန် အရာရှိတွေ၊ အမေရိကန်ရောက် တရုတ်နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ စာနယ်ဇင်းသမားတွေ အပါအ၀င် လူရာပေါင်းများစွာရဲ့ E-mail တွေကို တရုတ်နိုင်ငံက ကွန်ပြူတာစနစ်ထဲ ၀င်ရောက် တိုက်ခိုက်သူ hacker တွေက ထိုးဖောက် ၀င်ရောက်ခဲ့တယ်လို့ Google အင်တာနက် ကုမ္ပဏီက စွပ်စွဲထားတာတွေကို အမေရိကန် အာဏာပိုင်တွေက စုံစမ်း စစ်ဆေးသွားမယ့် အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပြီးမကြာခင်မှာပဲ ခုလိုသတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ် ။
 
တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူကတော့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို အပြစ်ဖို့တာဟာ လက်ခံနိုင်စရာ မရှိကြောင်း ဒါဟာ ဂူဂဲကုမ္ပဏီရဲ့တာဝန်သာဖြစ်ကြောင်း ကြာသပတေးနေ့ကပဲ သတင်းစာ ရှင်းလင်းပွဲအတွင်း တုံ့ပြန် ပြောဆို ထားကြောင်း လည်းသိရပါတယ် ။

U.S. Cyber Command

မကြာသေးမီက အမေရိကန်ကာကွယ်ရေးနဲ့ ၊ အမိမြေလုံခြုံရေး ဌာနတို့အတွက် ကွန်ပြူတာလုံခြုံရေးဆိုင်ရာ ကန်ထရိုက်ရရှိထားတဲ့ လော့ခ်ဟိမာတင်ကုမ္ပဏီ ၏ကွန်ပြူတာကွန်ယက်စံနစ်အတွင်းသို့ ဟက်ကာများ ၀င်ရောက်တိုက်ခိုက်မှုခံခံရပြီးအချက်အလက်များရယူခြင်းမပြုနိုင်မီ အချိန်မီကာကွယ်ခဲ့ရသည့်အဖြစ် မျိုးလည်းဖြစ်ခဲ့သေးကြောင်း ဝေါစထရိဂျာနယ်မှာဖေါ်ပြထားပါတယ် ။ 

 ကိုယ့်နိုင်ငံက ကွန်ပြူတာစံနစ်အတိုက်ခံရတာနဲ့ တခြားနိုင်ငံကို စစ်ရေးအရ ၀င်ရောက်အရေးယူမယ် ဆိုတာ  တရားနည်းလမ်းကျတဲ့လုပ်ရပ်မျိုးတော့မဟုတ်ဘူး ဒီလိုသာဆို သူနဲ့နိုင်ငံရေးအရ အဆင်မပြေတဲ့နိုင်ငံတွေ ကို သူ့ကွန်ပြူတာတွေတိုက်လို့ပါဆိုပြီး စစ်ရေးအရ၀င်ရောက် တိုက်ခိုက်တာမျိုးတွေ ဖြစ်လာဘို့အခွင့်အရေး ယူထားသလိုမျိုးဖြစ်နေမှာ ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုတွေ ရှိနေတဲ့အကြောင်းလဲသတင်းရရှိပါတယ်။

Voice Of Myanmar