xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: E. coli ဘက်တီးရီးယားပိုး ဆိုသည်မှာ

Sunday, June 12, 2011

E. coli ဘက်တီးရီးယားပိုး ဆိုသည်မှာ

စပိန်နိုင်ငံမှ ပြန့်ပွားခြင်းဟု ယူဆရသော အီကိုလိုင်ဗက်တီးရီး ယားကြောင့် ကမ္ဘာ့နိုင်ငံအချို့ဝယ် ဇွန်လ ၇ ရက်နေ့အထိ သိရသော စာရင်းများအရ  ၂၂ ဦးသေဆုံးကာ လူပေါင်းနှစ်ထောင်ကျော် ကူးစက်ခံ နေ ရကြောင်း သိရှိရပါသည် ။ အဆိုပါသတင်းကြောင့် အီကိုလိုင်ပိုးအကြောင်းသည် ကမ္ဘာ့သတင်းမီဒီယာ များတွင် ပေါ်ပြူလာသတင်းတစ်ပုဒ်ဖြစ်လာပါသည် ။
 

အီကိုလိုင်ပိုး(Escherichia coli/ E. coli)ဆိုသည်မှာ များ သောအားဖြင့် အူသိမ်ထဲတွင်တွေ့ ရတတ်သော အချောင်းပုံသဏာန် ဗက်တီးရီးယားတစ်မျိုးဖြစ်ပြီး များသောအားဖြင့်မူ မည်သည့် အန္တရာယ်မျှ မပေးသော်ငြား အချို့သော အီကိုလိုင် ဗက်တီးရီး ယားတို့ကမူ စိုးရိမ်ရသော အစာ အဆိပ်သင့်ခြင်း ဝေဒနာမျိုးကို ဖြစ်ပွားစေတတ်ကြောင်းသိရသည်။အီကိုလိုင် ဗက်တီးရီးယားတို့ သည် အူသိမ်အတွင်းတွင် ရှင်သန် ပေါက်ဖွားနိုင်ခြင်းမျှသာမက လူ့ခန္ဓာ ကိုယ်ပြင်ပတွင်လည်း ရှင်သန်ပေါက် ဖွားနိုင်ကြပြီး ရှင်သန်ပွားများလွယ် သည့်သဘောရှိကြောင်း သိရပါသည် ။
 
ဂျာမန်ဗက်တီးရီး ယား ဗေဒပညာရှင်Theodor Escherich
 
ယင်းဗက် တီးရီးယားကို ဂျာမန်ဗက်တီးရီး ယား ဗေဒပညာရှင်Theodor Escherich က ၁၈၈၅ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သဖြင့် ဗက်တီးရီး ယား၏အမည်တွင် သူ၏အမည် ကိုပါ ဂုဏ်ပြုထည့်သွင်း၍ Escherichia coli ဟုခေါ်ဆိုရာမှ E  Coli ဟု အမည်တွင်လာခြင်း ဖြစ်သည်။
 

ရန်ကုန်မြို့ရှိ လမ်းဘေးအကင် ဆိုင်အချို့မှ ရောင်းချသော အကင် များတွင် အီကိုလိုင်ဗက်တီးရီး ယားကို ယမန်နှစ်က တွေ့ရှိခဲ့ ဖူးကြောင်း သိရသည်။
ယင်းဗက်တီးရီးယားကြောင့် HUS(Hemolytic-uremic syndrome) ခေါ် ရောဂါ တစ်မျိုး ဖြစ်ပွားနိုင်ပြီး ရောဂါလက္ခဏာမှာ ဝမ်းလျှောခြင်းနှင့် ဆင်တူကြောင်း သိရသည်။ ယင်းကြောင့် ကျောက် ကပ်နှင့် ဗဟိုအာရုံကြောစနစ်ကို လည်း ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။ ရောဂါဖြစ်ပွားနေသူနှင့် နီးစပ် သူတို့အားလည်း ထပ်မံကူးစက်နိုင် ကြောင်းသိရပြီး၊ ယင်းသို့သောတစ် ဆင့်ခံကူးစက်ခြင်းကိုမူ တစ်ကိုယ် ရည်သန့်ရှင်းရေးကို ဆင်ခြင်ဂရုစိုက် ခြင်းဖြင့် တားဆီး ကာကွယ်နိုင် ကြောင်းပညာရှင်များကဆိုကြသည်။

အီကိုလိုင်ဘက်တီးရီးယားပါဝင်နေသော ဂျာမဏီမှပဲပင်ပေါက်များ

ယင်း အီကိုလိုင်ဗက်တီး ရီးယားသည် ဂျာမနီပြည်တွင်းတွင် ပင်စိုက်ပျိုးသော ပဲပင်ပေါက်များနှင့် ဆက်စပ်နေသည်ဟုဆိုပြီး ဂျာမနီ နိုင်ငံ မြောက်ပိုင်းတွင် နေထိုင်ကြ သူများအနေဖြင့် ပဲပင်ပေါက်စားသုံးမှု ကို ယာယီရပ်တံ့ထားကြရန်သက်ဆိုင်ရာကတိုက်တွန်းထားကြောင်းသိရှိရပါတယ် ။ ဂျာမနီသို့ မကြာမီအတော အတွင်းက ရောက်ခဲ့သူ  အမေရိ ကန်ပြည်ထောင်စုနှင့် အခြားဥရောပ ၁ဝ နိုင်ငံမှ လူ ၉ဝ ခန့်တွင်လည်း အီကိုလိုင်ဗက်တီးရီးယား ကူးစက် ခြင်း ခံနေရကြောင်း သတင်းများအရ သိရှိရပါသည်။

 အဆိုပါသတင်းကြောင့် ဥရောပတစ်လွှားမှ ဟင်းသီးဟင်းရွက်တင်ပို့မှုများကို နိုင်ငံအတော်များများမှ ယာယီရပ်ဆိုင်းလိုက်ကြသဖြင့် ဥရောပသမဂ္ဂနိုင်ငံများမှ ဟင်းသီးဟင်းရွက် ထုတ်လုပ်သူများ များစွာထိခိုက်မှုရှိနေကြောင်း သတင်းရရှိပါသည် ။ ရုရှားနိုင်ငံကမူ ဥရောပသမဂ္ဂမှ ဟင်းသီးဟင်းရွက်တင်ပို့မှုကို ပြန်လည်ခွင့်ပြုလိုက်ပြီး အီကိုလိုင်ပိုးမပါဝင်ကြောင်း တင်ပို့သူများမှတာဝန်ခံရမယ်လို့ဆိုကြောင်း သတင်းရရှိပါသည်။

Voice Of Myanmar