xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာ ဒုသမ္မတ က ဂျွန်မက်ကိန်းအားလက်ခံတွေ့ဆုံ

Thursday, June 2, 2011

မြန်မာ ဒုသမ္မတ က ဂျွန်မက်ကိန်းအားလက်ခံတွေ့ဆုံ



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးဟာ မြန်မာနိုင်ငံကို အလည် အပတ်ရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကို သမ္မတရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရပါတယ် ။

အမေရိကန်အထက်လွှတ်တော်အမတ်ဟာ ပြည်ထောင်စုလွတ်တော်နာယက ဦးခင်အောင်မြင့် ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နဲ့ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံခဲ့ကြောင်း နဲ့ ညပိုင်းမှာနေပြည်တော်ဟိုတယ်ဇုံရှိ သင်္ဂဟဟိုတယ်မှာ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမောင်မြင့်က ညစာတည်ခင်းဧည့်ခံခဲ့ကြောင်းလည်း သိရပါတယ် ။
 
ထိုသို့တွေ့ဆုံကြရမှာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေး ဆွေးနွေးကြတယ် လို့သာ ဖေါ်ပြထားပြီး အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိကြောင်းလည်း သိရပါတယ် ။

ဂျွန်မက်ကိန်းဟာ ဒီကနေ့မှာ ဒေါ်စုကြည် နဲ့သီးခြားတွေ့ဆုံဘို့ရှိနေပြီး အခြားနိုင်ငံရေးအဖွဲ့အ စည်းတွေနဲ့လည်းတွေ့ဆုံဘို့ ရှိနေတယ်လို့သိရပါတယ် ။ ဒီနေ့ညနေမှာတော့ ဒဂုံမြို့နယ်မှာရှိတဲ့ အမေရိကန် စင်တာမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ကြောင်း သတင်းရရှိပါတယ် ။

Voice Of Myanmar