xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လစ်ဗျားတွင် နေတိုးစစ်အုပ်စု၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားများသေဆုံးကြပြန်

Sunday, June 19, 2011

လစ်ဗျားတွင် နေတိုးစစ်အုပ်စု၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားများသေဆုံးကြပြန်

 
လစ်ဗျားနိုင်ငံ ထရီပိုလီ (Tripoli) မြို့တော်က လူနေရပ်ကွက် တခုကို နေတိုး ခေါ် မြောက်အတ္တလန္တိတ် စစ်အုပ်စုက တနင်္ဂနွေနေ့မှာ ဗုံးကျဲခဲ့လို့ ကလေးတွေ အပါအဝင် အရပ်သား အနည်းဆုံး ၇ ဦး သေဆုံးသွားပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ လစ်ဗျား အရာရှိတွေက ပြောကြားလိုက်ပါတယ်။

 နေတိုးဟာ အရပ်သားတွေရဲ့ နေအိမ်တွေကို တမင်ရည်ရွယ် ပစ်ချခဲ့တာ ဖြစ်တယ်လို့ လစ်ဗျား ဒု-နိုင်ငံခြားရေးဝန်ကြီး ခါလက်ဒ် ခါအင်မ် (Khaled Kaim) က ပြောကြားလိုက်ပြီး ဒီတိုက်ခိုက်မှုက အနောက်နိုင်ငံတွေရဲ့ ရက်စက်မှုကို ပြသနေတယ်လို့လည်း သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး နေတိုးတာဝန်ရှိသူတွေကတော့ အတည်ပြုချက်မပေးဘဲ စုံစမ်းဆဲဖြစ်တယ် လို့သာတုန့်ပြန်ပါတယ် ။ နေတိုးဟာ လစ်ဗျားမှာဒီနေ့ထိ အရပ်သားသေကြေမှုတွေ မရှိပါဘူးလို့  တစိုက်မတ်မတ် ငြင်းဆိုလာတာလဲဖြစ်ပါတယ် ။
ထရီပိုလီမြို့တော် အာရာဒါ (Arada) မြို့နယ်က ပျက်စီးသွားတဲ့ အဆာက်အဦး တခုမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာကို အစိုးရ အရာရှိတွေက သတင်းထောက်တွေကို ခေါ်ပြခဲ့တာဖြစ်ပြီး
နေတိုးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ လူသေအလောင်းတွေကိုလည်း သတင်းထောက်တွေကို ဆေးရုံမှာပြသခဲ့ ပါတယ်။ အဲဒီထဲမှာ ကလေး ၂ ဦးရဲ့ ရုပ်အလောင်းတွေလည်း ပါဝင်ကြောင်းသတင်းရရှိပါတယ် ။ 
Voice Of Myanmar