xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နေတိုးစစ်အုပ်စုက တိုက်လေယာဉ်များအပြင် ရဟတ်ယာဉ် များပါသုံး၍ လစ်ဗျားအစိုးရတပ်များအားတိုက်ခိုက်မည်

Saturday, June 4, 2011

နေတိုးစစ်အုပ်စုက တိုက်လေယာဉ်များအပြင် ရဟတ်ယာဉ် များပါသုံး၍ လစ်ဗျားအစိုးရတပ်များအားတိုက်ခိုက်မည်

လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီကိုထောက်ခဲ့သူတွေနဲ့ လစ်ဗျားအစိုးရတပ်တွေကို တိုက်ခိုက်ရာမှာ တိုက်လေယာဉ်တွေအပြင် ဖျက်စွမ်းအားကြီးတဲ့ လက်နက်တွေတပ်ဆင်ထားတဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကိုပါ အသုံးပြုပြီးတိုက်ခိုက်သွားတော့မှာဖြစ်ကြောင်း နေတိုးစစ်အုပ်စုက ဒီကနေ့ ( ၄.၆.၁၁) မှာ အတည်ပြု ပြောကြားခဲ့ပါတယ် ။

အပါချီတိုက်ခိုက်ရေး ရဟတ်ယာဉ်
 
အမေရိကန် ၊ ဗြိတိန် နဲ့ ပြင်သစ် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများက အပါချီ(Apache) အမျိုးအစားတိုက်ခိုက်ရေး ရဟတ်ယာဉ်များ ၊ ပြင်သစ်နိုင်ငံလုပ် တိုက်ဂါး(Tiger) နှင့် Gazelle အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို အသုံးပြုသွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားသွားကြောင်း ဆင်ဟွာ သတင်းမှာဖေါ်ပြထားပါတယ် ။

ဒါကတော့ ပြင်သစ်လုပ် EC-665 Tiger အမျိုးစား ပါ
 
 ဒီလို အဆင့်မြင့်တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကိုသုံးပြီး ကဒါဖီနေထိုင်နေတယ်လို့ယူဆထားတဲ့ အရပ်ဘက်အဆောက်အဦများ ၊ စစ်ဘက်အဆောက်အဦများ ၊ စစ်ဘက်ဆိုင်ရာယာဉ်များ နဲ့ လစ်ဗျားအစိုးရ မြေပြင်တပ်ဖွဲ့ တွေ ကို တိုက်ခိုက်သွားမယ်လို့ နေတိုးရဲ့ ၀က်ဘ်ဆိုဒ်မှာဖေါ်ပြထားပါတယ် ။

ပြင်သစ်နိုင်ငံလုပ် Gazelle အမျိုးစားတိုက်ခိုက်ရေး ရဟတ်ယာဉ်
 
ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အမေရိကန် ၊ ပြင်သစ် နဲ့ ဗြိတိန်နိုင်ငံတို့ဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီ ပြုတ်ကျရေးအတွက် မတ်လ ၁၉ ရက်တည်းက တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ခိုက်မှုတွေမှာ တစ်လုံးကို ဒေါ်လာ တစ်သန်းတန်ဘိုးရှိတဲ့ ခရုဇ် ဒုံးပျံများ ၊ ဗုံးတစ်လုံးကို အလေးချိန် တစ်တန်ကျော်လေးတဲ့ ဗုံးခိုကျင်းတွေကိုပါ ပျက်စီးစေနိုင်သော ပေါက်ကွဲအားပြင်း ဗုံးများ ၊ လူအမြောက်အများသေစေနိုင်သော ဆင့်ကွဲဗုံးများ ကို အသုံးပြုပြီး တိုက်ခိုက်နေတာ ဖြစ်ပြီး အခု တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကိုပါ ထပ်မံ အသုံးပြုဦးမယ်လို့ ဆိုလာတာဖြစ်ပါတယ် ။ နေတိုးရဲ့ ခုလို တိုက်ခိုက်မှုတွေကြောင့် လစ်ဗျားပြည်သူ အမြောက်အများ သေဆုံးခဲ့သော်လည်း နေတိုးကတော့ အရပ်သားတစ်ယောက်မှ မသေဘူးလို့ သာ သတင်းထုတ်ပြန်နေတာဖြစ်ပါတယ်။

ဒီနိုင်ငံတွေဟာ မြန်မာ့တပ်မတော်က စစ်ဆင်ရေးတွေမှာ မြေမြှုတ်မိုင်း သုံးစွဲတဲ့အတွက် ကန့်ကွက်ထားတဲ့ နိုင်ငံတွေဖြစ်ပါတယ် ။ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကလည်း မြန်မာ တပ်မတော်က မြေမြှုတ်မိုင်းသုံးတာကို ကန့်ကွက်ပြီး အခုလို လူမမြောက်အများသေစေနိုင်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်နေတာကိုတော့ ထောက်ခံတယ်လို့ဆိုပါတယ် ။

Voice Of Myanmar