xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တောင်ကိုရီးယားတို့ မြေပြင်မှ မြေပြင်ပစ်ဒုံးများ နေရာချ

Friday, June 17, 2011

တောင်ကိုရီးယားတို့ မြေပြင်မှ မြေပြင်ပစ်ဒုံးများ နေရာချ

 တောင်ကိုရီးယားနယ်စပ်စခန်းတစ်ခုပုံ
 
တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ နီးတဲ့နယ်စပ်ဒေသအချို့ကို အမေရိကန်လုပ် မြေပြင် မှ မြေပြင်ပစ် ဒုံးပျံတွေ ရွေ့ပြောင်းနေရာချထားနေတယ်လို့ မြောက်ကိုရီးယားက လာတဲ့ သတင်းတွေ မှာဖေါ်ပြထားပါတယ် ။

ဒါကတော့ The high-mobility artillery rocket system (HIMARS) လို့ခေါ်တဲ့ ရွှေ့ပြောင်းဒုံးပစ်စင် တွေနဲ့  ATACMS missiles တွေကိုပစ်နေပုံပါ 

တောင်ကိုရီးယားတပ်တွေဟာ အမေရိကန်လုပ် The deployment of the Army Tactical Missile System (ATACMS) ဒုံးပျံတွေကို မြောက်ကိုရီးယားမြို့တော်ပြုံယမ်းကို ပစ်လို့ လက်လှမ်းမှီမယ့်နေရာတွေ ကို ရွှေ့ပြောင်းနေတာဖြစ်ကြောင်း ဒီလိုအမျိုးအစား ဒုံးပျံ အစင်းရေ  ၂၂၀ ကို အမေရိကန်ပြည်ထောင်စု က ရောင်းချပေးထားတာဖြစ်ကြောင်းနဲ့ ဒီဒုံးပျံတွေဟာ ၁၆၅ ကီလိုမီတာ အကွာဝေးလောက်ထိ ပစ်ခတ်နိုင်ကြောင်း အဆိုပါသတင်းမှာဖေါ်ပြထားပါတယ် ။


မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားတစ်နိုင်ငံလုံးကိုပစ်ခတ်နိုင်တဲ့ တာဝေးပစ် ဒုံးလက်နက်များ အပါအ၀င် အမြောက်လက်နက် ရာပေါင်းများစွာကိုနေရာချထားပြီးဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ကြောင်း သတင်းရရှိပါတယ် ။

Voice Of Myanmar



SEOUL, June 17 (Xinhua) , YONHAP