xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အစ္စရေးစစ်တပ်က အလွန်အကျွံပစ်ခတ်မှုကြောင့် ဆီးရီးယားဆန္ဒပြသူ ၂၀ သေဆုံး ၃၂၅ ဦးဒဏ်ရာရ

Monday, June 6, 2011

အစ္စရေးစစ်တပ်က အလွန်အကျွံပစ်ခတ်မှုကြောင့် ဆီးရီးယားဆန္ဒပြသူ ၂၀ သေဆုံး ၃၂၅ ဦးဒဏ်ရာရ

 
လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ ဆီးရီးယား ဆန္ဒပြပြည်သူတွေကို အစ္စရေး စစ်တပ်က လက်နက်အင်အား အလွန် အကျွံသုံးပြီး ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် အပြစ်မဲ့ ဆန္ဒပြပြည်သူ ၂၀ သေဆုံးပြီး ၃၂၅ ဦးဒဏ်ရာ ရရှိသွားတယ်လို့ ဆီးရီးယားရုပ်သံက ထုတ်လွှင့်သွားပါတယ်။ 

ဒါတွေဟာ ရာဘာကျည်ဆံတွေတဲ့လား
 
ဒီဆန္ဒပြပွဲဟာ ၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ၆ ရက်ကြာ အရှေ့အလယ်ပိုင်း စစ်ပွဲ ၄၄ နှစ်မြောက် နှစ်ပတ်လည် အဖြစ်နဲ့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။ အဲဒီစစ်ပွဲမှာ အစ္စရေးတို့က ဆီးရီးယားဘက်က ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ အစ္စရေးပိုင်နက်ထဲမှာမဟုတ်ဘဲ ဆီးရီးယားနိုင်ငံထဲမှာ အပစ်ခံရတာဖြစ်ပါတယ်
 
ဆီးရီးယားဆေးရုံ တာဝန်ရှိသူတွေကလည်း သေဆုံးသူ စာရင်းကို ထုတ်ပြန်ပြီး သေဆုံးသူ အရေအတွက်ကို အတည်ပြုပါတယ်။ ဒဏ်ရာရရှိသူတွေထဲက ၁၂ ဦးဟာစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ် လို့ ဆေးရုံ တာဝန်ရှိသူတွေကဆိုပါတယ် ။ အစ္စရေးတပ်ဖွဲ့တွေဟာ ရော်ဘာကျည်ဆံတွေကို အသုံးပြုခဲ့ကြပြီး ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့ကြ တယ်လို့ အနောက်တိုင်း မီဒီယာတွေမှာ ဖေါ်ပြထားပေမဲ့ သေဆုံးသူတွေဟာ ကျည်အစစ်အမှန်တွေ ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး ဦးခေါင်းအပါအ၀င် ခန္ဓာကိုယ် နေရာအနှံ့မှာ ထိမှန်သေဆုံးခဲ့ကြတာလို့ဆို ပါတယ် ။
အစ္စရေးနိုင်ငံဟာ အမေရိကန်ထောက်ခံအားပေးတဲ့နိုင်ငံဖြစ်ပြီး အမေရိကန်အခြေစိုက် VOA CNN စတဲ့သတင်းဌာနတွေကတော့ အစ္စရေးတပ်တွေဟာ အသံချဲ့စက်တွေနဲ့အကြိမ်ကြိမ် သတိပေးကြောင်း ဆန္ဒပြ ပြည်သူတွေက ထိန်းမနိုင်သိမ်းမရဖြစ်လာတာကြောင့် ရာဘာကျည်ဆံတွေ နဲ့ ခြေထောက်ပိုင်းတွေကိုသာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း  ဒဏ်ရာရသူအနည်းငယ် ရှိနိုင်ပေမယ့် သေဆုံးသူ မရှိနိုင်ကြောင်း တို့ကို သာ ရေးသား ထုတ်လွှင့်နေ တယ်လို့ သတင်းရရှိပါတယ် ။

Voice Of Myanmar