xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် မဲလသို့သွားရောက်ပြီး KNU နဲ့တွေ့ဆုံ

Sunday, June 5, 2011

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် မဲလသို့သွားရောက်ပြီး KNU နဲ့တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်(အင်္ကျီဖြူ) အားမဲလဒုက္ခသည်စခန်းတွင် တွေ့ရပုံ
 
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ် Mr Andrew Heyn သည် ကြာသပတေးနေ့ မွန်းလွဲပိုင်းက ထိုင်းမြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းသို့  သွားရောက် လေ့လာခဲ့ ပြီး ဒုက္ခသည်စခန်း တာဝန်ရှိသူများ အပြင် KNU ခေါ် ကရင်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ် ။

ဗြိတိသျှ သံအမတ်ဟာ KNU အထွေထွေ အတွင်းရေးမှူးနဲ့တွေ့ဆုံခဲ့ပြီး အသေးစိတ်ဆွေးနွေး မှုတွေ ပြုလုပ် ခဲ့တယ်လို့ သိရပြီး အသေးစိတ်ကိုတော့မသိရသေးပါဘူး ၊ KNU အထွေထွေ အတွင်းရေးမှူးကတော့ သူဟာ အစိုးရဘက်ကပြောတာတွေချည်း နားမထောင်ဘဲ နှစ်ဘက်သဘောထားကို နားထောင်ချင်လို့ ကျွန်တော်တို့နဲ့တွေ့တာပါလို့ ပြောဆိုလိုက်ကြောင်းလဲ သိရပါတယ် ။

ဒုက္ခသည် စခန်း ကော်မတီဝင်များ၊ ဒုက္ခသည်များနှင့် တွေ့ဆုံ စကားပြောခဲ့သည့် သံအမတ် က နယ်စပ်တိုက်ပွဲများကြောင့် ဒေသခံများ ဒုက္ခသည်စခန်းသို့ ထွက်ပြေးရပုံ နှင့် ဒုက္ခသည်တို့၏ အခြေအနေများကို မြန်မာအစိုးရထံ ပြန်လည် တင်ပြပေးမည်ဟု ပြောဆိုသွားတယ်လို့ နယ်စပ်ကလာတဲ့ သတင်းများအရ သိရပါတယ် ။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟာ ကုလသမဂ္ဂမှ လူ့အခွင့်ရေးကိုယ်စားလှယ် ကင်တားနား ၊ အမေရိကန် ဆီးနိတ်တာ ဂျွန်မက်ကိန်း တို့ လာရောအပြီး ဆက်တိုက်ဆိုသလို မဲလဒုက္ခသည်စခန်းကို လာရောက်တဲ့ သံတမန်တစ်ဦးဖြစ်ကြောင်းလဲသိရပါတယ် ။ အစိုးရက မတရားအသင်းကြေငြာထားပြီး အစိုးရကိုလက်နက်ကိုင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တွေနဲ့ ခုလို တွေကဆုံတာဟာ သံတမန်ကျင့်ဝတ်နဲ့ ညီညွတ်တဲ့ လုပ်ရပ်မျိုးမဟုတ်ဘူးလို့ သုံးသပ်ပြောဆိုမှုများရှိနေကြောင်း သတင်းရရှိပါတယ်။

Voice Of Myanmar