xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဒေါ်ဘောက်ဂျာ ရွေးကောက်ပွဲကန့်ကွက်လွှာ ပြန်ရုပ်သိမ်း

Thursday, June 2, 2011

ဒေါ်ဘောက်ဂျာ ရွေးကောက်ပွဲကန့်ကွက်လွှာ ပြန်ရုပ်သိမ်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ခံရသူ ဦးအုန်းမြင့်အပေါ် ယင်းမဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့သည့် ဒေါ်ဘောက်ဂျာက ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းခဲ့သည့် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ ခုံအဖွဲ့ကို ဖွဲ့စည်းလျက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ယနေ့ထုတ်ကြေးမုံသတင်းစာတွင် ဖေါ်ပြထားပါသည် ။

ရွေးကောက်ပွဲ ခုံအဖွဲ့သည် ယင်းအမှုကို မေ ၃၀ ရက်က ရုံးချိန်း ခေါ်ယူစစ်ဆေးခဲ့ရာ လျှောက်ထားသူ ဒေါ်ဘောက်ဂျာမှ ၎င်း၏ ကန့်ကွက်လွှာ အမှုအား တရားမ ကျင့်ထုံးဥပဒေ အမိန့် ၂၃၊ နည်း ၁ တို့အရ ရုပ်သိမ်းခွင့်ပြုရန် ခုံအဖွဲ့သို့ တင်ပြ လျှောက်ထား ခဲ့သည်။ ရွေးကောက်ပွဲ ခုံအဖွဲ့အနေဖြင့် လျှောက်ထားသူသည် ၎င်း၏ လွတ်လပ်သော သဘောဆန္ဒအရ ရုပ်သိမ်းလွှာ တင်သွင်းကြောင်း ယုံကြည်သဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၉၆(က)အရ ကန့်ကွက်လွှာကို ရုပ်သိမ်းခွင့် ပြုခဲ့ကြောင်း သတင်းရရှိသည်။

Voice Of Myanmar