xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အသက်ငယ်ရွယ်သူများအား အရက်၊ဘီယာ ရောင်းချခြင်းမှ တားမြစ်သည့် ဥပဒေတစ်ရပ် ရုရှားတွင်ထုတ်ပြန်

Tuesday, June 14, 2011

အသက်ငယ်ရွယ်သူများအား အရက်၊ဘီယာ ရောင်းချခြင်းမှ တားမြစ်သည့် ဥပဒေတစ်ရပ် ရုရှားတွင်ထုတ်ပြန်

 
ရုရှားနိုင်ငံတွင်  အရက် ၊ ဘီယာ အစရှိသော အယ်လ်ကိုဟော ပါဝင်သည့် ထုတ်ကုန်များအား အသက်အရွယ်ငယ်ရွယ်သူများ ၀ယ်ယူခြင်းမှ တားမြစ်သည့် ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သတင်း ရရှိပါသည် ။ 

အဆိုပါဥပဒေသည် လာမည့် ၁၀ ရက်အတွင်း အသက်ဝင်လာမည်ဖြစ်ပြီး rules for purchasing alcohol ဟုခေါ်ဆိုကာ ဥပဒေဖေါ်ပြချက်များတွင် အရက်ဝယ်ယူသူများ၏ အသက်သတ်မှတ်ချက် အသေးစိတ်ပါ ၀င်ကြောင်း သိရှိရပြီး အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး ။

အသက်ငယ်နေတယ်ထင်ရင် ဆိုင်ရှင်က မှတ်ပုံတင် (ပတ်စ်ပို့) စစ်ဆေးပြီးမှ ရောင်းတော့မယ်လို့ ဆိုပါတယ်


ကီးယော့စ် ဟုခေါ်သော လမ်းဘေးဈေးဆိုင်ငယ် ကလေးတွင် အရက်ဘီယာရောင်းချသူတစ်ဦးကမူ " အသက် ၁၈ နှစ် မကျော်ရင် အရက်၊ ဘီယာ မရောင်းရတော့ဘူးလို့ပြောတယ် အချက် ၁၃ ချက်ပါတယ်ပြောတယ် သတ်မှတ်ချက်ကလေ....ခုတော့ ဒီ ၁၈ နှစ်မပြည့်ရင် မရောင်းရဘူးဆိုတာပဲ သိသေးတယ် အသေးစိတ်မသိရသေးဘူး  " ဟုပြောဆိုပါသည် ။


ပညာရှင်များကတော့ " ခုလောလောဆယ်တော့ ခုထုတ်ပြန်တဲ့ ဥပဒေဆိုင်ရာအချက်အလက်တွေကို အသေးစိတ်တိတိ ကျကျ နဲ့ ရှင်းရှင်းလင်းလင်း မသိရသေးတော့ နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် အကျိုးအကြောင်း အဆိုးအကောင်း အားနည်းချက် အားသာချက်တွေကို မှတ်ချက်ပြုဘို့ စောနေ ပါသေးတယ်  " ဟု သုံးသပ်ပြောဆိုမှုများရှိကြောင်း သတင်းရရှိပါတယ် ။

Voice Of Myanmar