xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမေရိကန်ရှိ ထူးချွန်ဟက်ကာ ၄ ဦးတွင် တစ်ဦး FBI အတွက်အလုပ်လုပ်နေသူများဖြစ်

Friday, June 10, 2011

အမေရိကန်ရှိ ထူးချွန်ဟက်ကာ ၄ ဦးတွင် တစ်ဦး FBI အတွက်အလုပ်လုပ်နေသူများဖြစ်

Cumbajohnny ဟုလူသိများသည့် အမေရိကန်အစိုးရဟက်ကာတစ်ဦး

ကွန်ပျူတာ ဟတ်ကာများ (hackers) က မိမိရဲ့ ဒေတာအချက်အလက်များ ဖောက်သွားမှာကို စိုးရိမ်နေပါသလား။ သို့မဟုတ် ဟတ်ကာ လူငယ်များ အလုပ်အကိုင်ကောင်း ရလိုပါသလား။The Guardian သတင်းစာကြီးက မကြာခင်က သတင်းထူးတစ်ခု အဖြစ်ဖေါ်ပြခဲ့ပါသည် ။

အဆိုပါသတင်းတွင် အမေရိကန်တွင် အထူးချွန်ဆုံး ဟတ်ကာများအနက် ၂၅ ရာခိုင်နှုန်း (လေးဦးတွင် တစ်ဦးနှုန်း) မှာ အမေရိကန် အစိုးရ သတင်းထောက်လှမ်းရေး အဖွဲ့ (FBI) အတွက် အလုပ် လုပ်ပေးနေသူများ ဖြစ်သည်ဟု ဆိုသည်။ ဖောက်ထွင်းဝိဇ္ဇာ ဟတ်ကာများက သူတို့ ထူးထူးခြားခြား နှိုက်ရရှိတဲ့အချက်အလက် များကို FBI အေးဂျင့်များသို့  တရားမ၀င်နည်းဖြင့် ရောင်းလေ့ရှိသည်။ ဟတ်ကာတွေက ငွေရရှိဖို့၊ သူတို့ ပြစ်ဒဏ်  လျော့ဖို့ အတွက် ထိုသို့ FBI နှင့် အလုပ်လုပ်ကြသည် ဟုဆိုပါသည် ။

အယ်လ်ဘတ် ဂွန်ဇာလက်
ဥပမာ အနေဖြင့်  ဆိုက်ဘာ အမှောင်လောကမှာ Cumbajohnny ဆိုပြီး လူသိများတဲ့ အဲလ်ဘတ် ဂွန်ဇာလဇ် ဆိုရင် နယူးယော့ခ် ဘဏ်စက်တစ်ခုမှ ငွေများစွာ ခိုးယူမှုနဲ့ ထောင်ကျခဲ့ပြီး၊ ယခု FBI အတွက် လျှို့ဝှက် အလုပ်လုပ်ပေးနေတဲ့ လူငယ် ဖြစ်သည်။ ဂွန်ဇာလဇ် ကို လစာအဖြစ်  FBI မှ တစ်နှစ် ဒေါ်လာ ၇၅,၀၀၀ လျှို့ဝှက်ပေးနေရပါသည် ။

တရားဝင်အားဖြင့် FBI အေးဂျင့်များက The Guardian မှ ဖော်ပြတဲ့ ဟတ်ကာများ အသုံးပြုမှု သတင်းကို ဝေဖန်ချက်မပေးခဲ့သော်လည်း အစိုးရ  ပြောရေးဆိုခွင့်ရှိသူတစ်ဦးက FBI အေးဂျင့်တွေဟာ အမေရိကန် ရှေ့နေချုပ်ရဲ့ လမ်းညွှန်မှုအောက်တွင်သာ ဥပဒေကို လိုက်နာ ဆောင်ရွက်ကြကြောင်း ကာကွယ် ပြောဆိုသွားပါ သည်။

ဤသို့ အမေရိကန်အစိုးရ သတင်းထောက်လှမ်းရေးအဖွဲ့က ဟက်ကာများကိုအသုံးချ၍ သတင်းအချက် အလက်များကို ဖေါက်ထွင်း မှုများ တွင်တွင်ကျယ်ကျယ် ပြုလုပ်နေသော်လည်း ၄င်းတို့၏ ကွန်ပြူတာစံနစ်အတွင်းသို့ ထိုးဖေါက်ဝင်ရောက်ပါက သက်ဆိုင်ရာ နိုင်ငံကို စစ်ရေးအရ အရေးယူနိုင်ဘို့ အတွက် ဥပဒေမူကြမ်းတစ်ရပ်ကို ပင်တဂွန်စစ်ဌာနချုပ်မှပြုစုလျှက်ရှိပါသည် ။

အကျိုးအကြောင်း အဆိုးအကောင်း အမှားအမှန် သုံးသပ်ဆင်ခြင်နိုင်ပါရန် တင်ပြအပ်ပါသည် ။

Voice Of Myanmar


ဆက်စပ်သတင်း

အမေရိကန်အစိုးရ ကွန်ပြူတာစံနစ်များ တိုက်ခိုက်ခံရပါက စစ်ရေးအရအရေးယူနိုင်မည့် ဥပဒေရေးဆွဲနေ