xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အယ်လ်ဇာဝါရီ အယ်လ်ခိုက်ဒါးခေါင်းဆောင်သစ်ဖြစ်လာ

Thursday, June 16, 2011

အယ်လ်ဇာဝါရီ အယ်လ်ခိုက်ဒါးခေါင်းဆောင်သစ်ဖြစ်လာ


အယ်လ်ဇာဝါရီ
 
အိုစမာ ဘင်လာဒင် (Osama Bin Laden) နေရာကို ဆက်ခံဖို့အတွက် အီဂျစ်နိုင်ငံဖွား အိုင်မန် အယ်လ်ဇာဝါရီ (Ayman al-Zawahri) ကို ရွေးချယ်လိုက်ပြီလို့ အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ အစ္စလာမ် အင်တာနက် စာမျက်နှာတခုမှာ ဖေါ်ပြလိုက်ပါတယ်။

ဒီအဖွဲ့က အမေရိကန်နိုင်ငံနဲ့ အစ္စရေးနိုင်ငံတွေဟာ အစ္စလာမ်ဘာသာကို ကျူးကျော် စော်ကား ဖျက်ဆီးသူတွေ ဖြစ်တယ်လို့ သုံးနှုန်း ခေါ်ဆိုလိုက်ပြီး ဒီနိုင်ငံတွေကို ချက်ချင်းပဲ ဘာသာရေး စစ်ပွဲ၊ မြင့်မြတ်တဲ့ စစ်ပွဲတွေ ဆင်နွှဲသွားမယ်လို့ ကတိပြုလိုက်ကြပါတယ်။
 
အယ်လ်ဇာဝါရီ နှင့် ဘင်လာဒင် အတူလက်တွဲခဲ့စဉ်က 
 
အယ်လ်ခိုင်းဒါး အဖွဲ့ကပဲ အစ္စလာမ်ပိုင်နက် နယ်မြေထဲမှာ ကျူးကျော် ၀င်ရောက်နေတဲ့ ဒီတပ်တွေ မထွက်ခွာသ၍ တိုက်ပွဲ ဆက်ဝင်သွားမှာဖြစ်ကြောင်း လည်း ကြေညာလိုက်ပါတယ် ။ ခေါင်းဆောင်သစ် ဇ၀ါရီဟာ နောက်အပတ်မှာ အသက် ၆၀ ပြည့်မှာဖြစ်ပြီး သူဟာခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ကာ   ဘင်လာဒင် ရဲ့ လက်ထောက် အဖြစ် အချိန်ကြာမြင့်စွာ လုပ်လာသူ ဖြစ်ပါတယ်။

 
အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် သူတွေကတော့ ဇာဝါရီဟာ အယ်လ်ခိုင်းဒါးရဲ့ အဓိက မဟာဗျူဟာကျကျ စဉ်းစားနိုင်သူနဲ့ စစ်ဆင်ရေး စီမံသူ ဖြစ်တယ်လို့ ယူဆကြပါတယ်။ ပညာတတ် အလယ်အလတ် လူတန်းစာအလွှာက လာတဲ့ ဇာဝါရီဟာ ဆယ်ကျော်သက်အရွယ် ကတည်းက အစ္စလာမ်ဘာသာ အစွန်းရောက်သူ ဖြစ်လာခဲ့ပြီး လက်ရှိ ပါကစ္စတန်၊ အာဖဂန်နစ္စတန် နယ်စပ်နားက တောင်ထူထပ်တဲ့ နေရာမှာ အခြေစိုက် နေထိုင်နေတယ်လို့ ယုံကြည်နေ ကြ ကြောင်းသတင်းရရှိပါတယ် ။