xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကရုဏာရှေးရှုမြန်မာမှု အစီစဉ်ဖြင့်စုပေါင်းသွေးလှူ

Sunday, June 26, 2011

ကရုဏာရှေးရှုမြန်မာမှု အစီစဉ်ဖြင့်စုပေါင်းသွေးလှူ


 
မြန်မာဘရူဝါရီ လီမိတက်၊ ကရုဏာရှေးရှုမြန်မာမှု အစီအစဉ်မှ ကြီးမှူးကျင်းပသည့် ၂ဝ၁၁ ခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့ကို ဂုဏ်ပြုသောအားဖြင့် ၈ ကြိမ်မြောက် သွေးလှူပွဲကို ဇွန်လ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသားသွေးဌာန၌ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည် ။

အဆိုပါမြန်မာဘရူဝါရီလီမိတက်သည် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် ဖက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီ တစ်ခုဖြစ်ပြီး နာမည်ကျော် မြန်မာဘီယာကို ထုတ်လုပ်နေသော ကုမ္ပဏီဖြစ်ပါသည် ။

မြန်မာဘရူဝါရီ လီမိတက်ရဲ့ ကရုဏာရှေးရှုမြန်မာမှု အစီအစဉ်မှာ ၂ဝဝ၆ ခုနှစ်ကစတင်ပြီး ရန်ကုန်မြို့ နဲ့မန္တလေးမြို့တွေမှာ သွေးလှူဒါန်းပွဲများ ပြုလုပ်ခဲ့တာ စုစုပေါင်းသွေးပုလင်း ၃၆ဝဝ ကျော် လှူဒါန်းပြီး ဖြစ်ကြောင်းလဲသိရပါတယ် ။
အမျိုးသားသွေးဌာနမှအမည်မဖေါ်လိုသူ တာဝန်ရှိသူတစ်ဦးက " သွေးလှူရှင်များရဲ့ မွန်မြတ်သန့်စင်တဲ့ သွေးနဲ့လူနာများရဲ့ လိုအပ်ချက်များကို ပြည့်ပြည့်ဝဝ ဖြည့် ဆည်းပေးနိုင်မယ်လို့ယုံကြည်ပါတယ် ဘာလို့ဒီလိုပြောရသလဲ ဆိုတော့ ခုပဲဒီမှာကြည့် သွေးလှူမဲ့သူ ၄၀၀ ကျော်ရှိတယ် သူ့ဟာသူအစီစဉ်တကျအေးအေးဆေးဆေးပါပဲ တစ်ချို့က ၁၄ ယောက် ၁၅ ယောက်လောက်နဲ့ ဓါတ်ပုံလာရိုက်ပြီး နိုင်ငံရေးလုပ်စား တာမျိုးတွေရှိနေတော့ တခါတစ်လေ အင်မတန်စိတ်ညစ်ရတယ် အဲဒါမျိုးကိုကြတော့ သိပ်ပြီးမွန်မြတ်တယ်လို့ ပြောလို့မရဘူး.. "
အဆိုပါ အခမ်းအနားတွင် မြန်မာဘရူဝါရီလီမိတက်၏ မန်နေးဂျင်းဒါရိုက်တာ Mr.Lim Yew Hoeမှ အလှူငွေကျပ်သိန်း ၃ဝကို အမျိုးသား သွေးဌာနမှ တာဝန်ခံဆရာဝန် ကြီး ဒေါက်တာသီတာအောင် ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း နှင့်  သွေးလှူရှင်စုစုပေါင်း ၄၂၃ ယောက် ကသွေးလှူဒါန်းခဲ့ကြောင်း သိရှိရပါတယ် ၊ အဆိုပါ ၄၃၂ ယောက်တွင် စီးပွားဖက် မိတ်ဆွေဆိုင်များမှ သွေးလှူရှင်ပေါင်း ၃၂၅ ယောက်နှင့်  မြန်မာဘရူဝါရီ လီမိတက်ရဲ့ ရန်ကုန်အရောင်းရုံးက ဝန်ထမ်း ၂၈ ယောက်တို့က စုပေါင်းသွေးလှူဒါန်း ခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ် ။