xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မိတ္ထီလာရဲ လူကုန်ကူးသူများအား ရုပ်ရှင်ဆန်ဆန်ဖမ်းဆီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်

Monday, June 27, 2011

မိတ္ထီလာရဲ လူကုန်ကူးသူများအား ရုပ်ရှင်ဆန်ဆန်ဖမ်းဆီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်

မိတ္ထီလာ၊ ဇွန် ၂၁- မိတ္ထီလာမှ လူကုန်ကူး သူများကို မိတ္ထီလာခရိုင်တရားရုံးက အလုပ် နှင့်ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။
    လားရှိုးမြို့မှ ဇေယျာလင်း(ခ) သားငယ်နှင့် မအိအိခိုင်တို့သည် မိတ္ထီလာ မြို့မှ အမျိုးသမီးငယ်များကို ငွေပေးဖြား ယောင်းသွေးဆောင်ပြီး မိတ္ထီလာမြို့ ပြည် သာယာမြောက်ရပ်ကွက်(၁)လမ်းနေ မလဲ့ လဲ့ဝင်းဆိုသူနှင့်ပူးပေါင်း၍ အခြေစိုက်နေ ထိုင်ပြီး လူကုန်ကူးရန်အတွက် အမျိုးသမီး ငယ်များစုဆောင်းနေကြောင်း သတင်းရရှိ ခဲ့သည်။ ဇေယျာလင်းနှင့် အိအိခိုင်တို့သည် အမျိုးသမီးငယ်များကို ငွေသုံးသိန်းပေး၍ တရုတ်နှင့် အတူနေရမည်ဖြစ်ပြီး ၎င်းက အ လုပ်အကိုင်ရှာပေးမည်ဖြစ်ကြောင်း၊ အပျော် မယားအဖြစ် ထားရှိမည်ဖြစ်ကြောင်း၊ မိတ္ထီလာတွင် အလုပ်လုပ်မည်ဆိုပါက ဒီလောက် ငွေရမည် မဟုတ်ကြောင်း၊ မက်လုံးအမျိုးမျိုး ပေး၍ အမျိုးသမီးငယ်များကိုစုဆောင်းနေ ကြောင်း သတင်းအတိအကျ စုံစမ်းရရှိခဲ့ သည်။ ထို့ကြောင့် မိတ္ထီလာခရိုင် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ မှ အမာခံသတင်းပေးအမျိုးသမီးငယ်တစ်ဦး အား ငွေသုံးသိန်းပေး၍ ၎င်းတို့နှင့်အတူ လိုက်သွားရန် စီစဉ်ခဲ့သည်။
    လားရှိုးမြို့မှ ဇေယျာလင်း၊ မအိ အိခိုင်နှင့် မိတ္ထီလာမြို့ ပြည်သာယာရပ်နေ မလဲ့လဲ့ဝင်းတို့သုံးဦးသည် အမာခံသတင်း ပေးအမျိုးသမီးငယ်နှင့်အတူ ၂၀၁၀ ဇူလိုင် ၂၃ရက်တွင် မိတ္ထီလာကားဝင်းကြီးမှ မန္တလေး မြို့သို့ထွက်ခွာသည့် သ/၆၇၄၃ (ငြိမ်း မြန်မာ)ကားဖြင့် မန္တလေးမြို့သို့ခေါ်သွားစဉ် မိတ္ထီလာခရိုင် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ရဲ တပ်ဖွဲ့ဝင်များက သပြေ၀ကားဂိတ်မှ ၎င်းတို့ သုံးဦးအား ဖမ်းဆီး လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
    လူမှောင်ခိုကူးသည့် ဇေယျာ လင်း (ခ)သားငယ် (၂၆)နှစ်၊ ရပ်ကွက်(၉)၊ နယ်မြေ(၁)၊ လားရှိုးမြို့၊ မအိအိခိုင်(၂၆) နှစ် ခင်းနေရွာ လားရှိုးမြို့နေသူနှင့် မလဲ့လဲ့ဝင်း (ခ)မချစ်စု(၂၇)နှစ်၊ မိတ္ထီလာ ပြည်သာယာ မြောက်ပိုင်း (၁)လမ်းနေသူ သုံးဦးတို့အား မိတ္ထီလာခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ဒုရဲ အုပ်ကျော်ဆန်းဝင်းက တရားလိုပြုလုပ်၍ ၂၀၁၀ခုနှစ် ဇူလိုင် ၂၃ ရက်တွင် မိတ္ထီလာ အမှတ်(၃)ရဲစခန်း၌ အမှုဖွင့်တိုင်ကြားရာ အမှတ်(၃)ရဲစခန်းက ၎င်းင်းတို့သုံးဦးအား ရဲ စခန်း(ပ)၇၁/၂၀၁၀၊ ပုဒ်မ ၃၃၆(က)/ ၃၇၂ ဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။
    အမှတ်(၃)ရဲစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းထွန်းက အမှုကိုခိုင်မာစွာတည် ဆောက်ပြီး မိတ္ထီလာခရိုင်တရားရုံးသို့ တရား စွဲတင်ပို့ခဲ့ရာ မိတ္ထီလာခရိုင်တရားရုံးမှ လူ ကုန်ကူးမှုပုဒ်မ ၂၄/၂၀၁၀၊ အမှုကြီးအမှတ်-၂၆ ဖြင့် လက်ခံကြားနာစစ်ဆေးခဲ့သည်။
    မိတ္ထီလာခရိုင်တရားရုံးက တရား လို၊ သက်သေ၊ တရားခံများကို သေချာတိကျ ခိုင်လုံစွာ ကြားနာစစ်ဆေးပြီး ဇေယျာလင်း (ခ)သားငယ်၊ မအိအိခိုင်နှင့် မလဲ့လဲ့ဝင်းတို့ အား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ-၂၄ကို ကျူးလွန်ကြောင်းထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်စီကျခံစေရန် ဧပြီ ၃၀ရက်က မိတ္ထီလာခရိုင် ဒုခရိုင်တရား သူကြီးရုံးမှ စီရင်ချက်အမိန့်ချမှတ်လိုက် ကြောင်း သိရသည်။ 
ကိုတင်လှိုင် (မိတ္ထီလာ) 

Credit : Yangon Media Group