xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သမ္မတ ဦးသိန်းစိန် အိန္ဒိယသို့ ချစ်ကြည်ရေးခရီးသွားမည်

Tuesday, June 7, 2011

သမ္မတ ဦးသိန်းစိန် အိန္ဒိယသို့ ချစ်ကြည်ရေးခရီးသွားမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မကြာမီကာလ အတွင်း မြန်မာ့အိမ်နီးချင်း နိုင်ငံကြီးတစ်ခုဖြစ်သော အိန္ဒိယ နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာနေဇင်လတ်၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းထုတ် The Voice Weekly ဂျာနယ်တွင် ဖေါ်ပြထားပါသည် ။

အင်ဒိုနီးရှား နိုင်ငံတွင်ကျင်းပသော အာဆီယံအစည်းဝေး ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးပြီးလျှင် သမ္မတ ဦးသိန်းစိန်၏ သမ္မတရာထူးလက်ခံပြီးနောက်ပိုင်း တတိယမြောက် ခရီးစဉ်ဖြစ်ပြီး  လက်ရှိသမ္မတကြီးသည် နိုင်ငံတကာနှင့်ပိုမိုတိုးတက်ဆက်ဆံလိုသည့် သဘောကို ပြ သနေသည်ဟု သုံးသပ်ပြောဆိုမှုများရှိကြောင်း သတင်းရရှိပါသည် ။


တောင်အာရှတွင်ရှိသောအိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် အကျယ်အ၀န်းအားဖြင့် သတ္တမအကြီးဆုံး လူဦးရေအားဖြင့်ဒုတိယအများဆုံး ဒီမိုကရေစီထွန်းကားသောနိုင်ငံများတွင် လူဦးရေအများ ဆုံးဖြစ်ပြီး မြန်မာနိုင်ငံနှင့် မိုင်ပေါင်း၁၃၅၀ကျော် နယ်နမိတ်ချင်းဆက်စပ်နေသော အာရှတိုက်၏ သက်တမ်းအရင့်ဆုံးဒီမိုကရေစီ နိုင်ငံဖြစ်ပါသည် ။


Voice Of Myanmar