xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကန်ဥပဒေပြုအမတ် အညှီအဟောက်ဓာတ်ပုံများ အမျိုးသမီးများထံ အွန်လိုင်းမှပေးပို့ခဲ့ကြောင်းဝန်ခံ

Thursday, June 23, 2011

ကန်ဥပဒေပြုအမတ် အညှီအဟောက်ဓာတ်ပုံများ အမျိုးသမီးများထံ အွန်လိုင်းမှပေးပို့ခဲ့ကြောင်းဝန်ခံ

 
နယူးယောက်မြို့တော်ဝန်အဖြစ်လွှဲပြောင်းတာဝန်ယူရန် ရှေ့ဆုံးမှ အလားအလာရှိနေသည့် အမေရိကန်ဥပဒေပြုအမတ်တစ်ဦးသည် အားပေးသူ အမျိုးသမီးငယ်များရှိရာ အွန်လိုင်းပေါ်တွင် သူ၏အညှီအဟောက်မကင်းသောရုပ်ပုံ များကိုပို့ခဲ့ကြောင်း ၀န်ခံခဲ့သော်လည်း သူ့အနေဖြင့် ရာထူးမှနုတ်ထွက်သွားမည်မဟုတ် ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။   ဥပဒေပြုအမတ်၏ အမည်မှာ အန်သိုနီဝိုင်နာဖြစ်ပြီး အသက်(၄၆) နှစ် အရွယ်ရှိသူဖြစ်သည်။
 
မစ္စတာဝိုင်နာက သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပ ကာ သူ့အနေဖြင့် အွန်လိုင်းပေါ်တွင် အနည်း ဆုံး အမျိုးသမီးခြောက်ဦးနှင့်အဆက်အသွယ် ရှိခဲ့ကြောင်း ၀န်ခံသည်။ သတင်းစာရှင်းလင်း ပွဲတွင် သူသည် မျက်ရည်လည်ရွဲနှင့် စကား အထစ်အထစ်ဖြစ်ကာ သူသည်သူ၏ဘ၀ မှန်ကို လိမ်လည်၍ လိင်မှုရေးရာဆွဲဆောင် မှုပြုသော သူ့ကိုယ်တိုင်၏ ဓာတ်ပုံတစ်ပုံ ကို အမျိုးသမီးငယ်တစ်ဦးထံ Twitter မှနေ ၍ ပေးပို့ခဲ့သည်ဟု ဆိုခဲ့သည်။

    ကွန်ဆာဗေးတစ်ဘလော့ဂ်ဂါ  တစ်ဦးဖြစ်သူ မစ္စတာ အင်ဒရူးဘရိတ်ဘတ် က အွန်လိုင်းပေါ်တွင် အမျိုးသမီးတစ်ဦးထံ မစ္စတာဝိုင်နာပို့ခဲ့သော ဓာတ်ပုံများကို လူ အများသိစေရန် ပြုလုပ်ခဲ့ပြီးနောက် မစ္စတာ ၀ိုင်နာက ယခုကဲ့သို့ ၀န်ခံဖြောင့်ချက်ပေး လာခဲ့ခြင်း ဖြစ်သည်။ မစ္စတာဘရိတ်ဘတ် က သူ၏၀က်ဘ်ဆိုက်မှနေ၍ မစ္စတာဝိုင်နာ ၏ဓာတ်ပုံများကို တစ်ပုံပြီးတစ်ပုံ လှစ်ဟပြ ခဲ့ခြင်းဖြစ်သည်။ မစ္စတာ ဘရိတ်ဘတ်၏ ဖွင့်ချမှုနှင့်ပတ်သက်၍ မစ္စတာဝိုင်နာနှင့် သူ၏ရုံးအဖွဲ့ဝင်များမှာ ငြင်းဆိုမှုမပြုနိုင် သည်အထိဖြစ်သည်။ မစ္စတာဝိုင်နာ၏ ဓာတ်ပုံကို အွန်လိုင်းမှနေ၍ ပေးပို့ခဲ့သည့် အမျိုးသမီးမှာ အသက်(၂၆)နှစ်အရွယ်ရှိ မစ္စမီဂန်ဘ ရောက်ဆတ်ဆိုသူဖြစ်သည်။ မစ္စ ဘရောက်ဆတ်ကမူ သူမအနေဖြင့် မစ္စတာ ၀ိုင်နာနှင့် ပုဂ္ဂိုလ်ရေးအမှာစကားများ အပြန် အလှန်လဲလှယ်မှုပြုခဲ့ကြောင်း ပြောကြားခဲ့ သော်လည်း သူမအနေဖြင့် ဓာတ်ပုံများနှင့် ပတ်သက်၍ သံသယရှိခဲ့ကြောင်းကိုမူ ဖော် ပြခဲ့သည်။ 
 
     ပေးပို့သော ဓာတ်ပုံတစ်ပုံထဲ  တွင် အိမ်ရှိကွန်ပျူတာရှေ့တွင် ခန္ဓာကိုယ် အပေါ်ပိုင်း ကိုယ်ဗလာနှင့် ထိုင်နေပုံပါရှိပြီး ဓာတ်ပုံနောက်ခံတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာဓာတ် ပုံများ အစီအရီထောင်ထားလျက်ရှိခြင်းက မစ္စတာဝိုင်နာအတွက် ငြင်းဆိုနိုင်ခြင်းမရှိ သည့် အထောက်အထားများဖြစ်ခဲ့သည်။ မစ္စတာဝိုင်နာသည် အမျိုးသမီးငယ်လေး များနှင့် အင်တာနက်တွင် လိင်မှုဆိုင်ရာ ကျီစယ်စကားများ ပြောဆိုခဲ့ပြီး သူကိုယ် တိုင် အညှီအဟောက်မကင်းသော ဓာတ်ပုံ များအား သူ၏ Black Berry ဖုန်းဖြင့် ရိုက်ယူကာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

Credit: Yangon Media Group