xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာနိုင်ငံမြေငလျင် နောက်ဆက်တွဲသတင်း

Thursday, March 24, 2011

မြန်မာနိုင်ငံမြေငလျင် နောက်ဆက်တွဲသတင်း

 
တာချီလိတ် မြို့ခံတစ်ဦးအား Voice Of Myanmar မှ ဆက်သွယ်မေးမြန်း ကြည့်ရာ တာချီလိတ်တွင်လည်း လှုပ်ခတ် မှုများရှိကြောင်း အပျက်အစီး အနည်းငယ်ရှိကြောင်း ည ၈းနာရီ၂၅ မှ ယခုသတင်းရေးသားချိန် မြန်မာ စံတော်ချိန် ည ၁၂ နာရီအထိ ၁၂ ကြိမ်ခန့် လှုပ် ခတ်ခဲ့ကြောင်း တာလေမြို့နှင့် ဖုန်းအဆက်အသွယ်မရသေးကြောင်းတံတားများပျက်စီးမှုရှိသည်ဟု ကြားသိရကြောင်း  ပြောကြားသွားခဲ့ပါ သည်။
ည ၁ နာရီခန့်တွင် ထပ်မံ လှုပ်မည်ဟု သတင်းများဖြစ်ပေါ်နေသဖြင့် တာချီလိတ်မြို့ခံများ အနေဖြင့် စိုးရိမ်ပူပန်မှုများရှိပြီး ယခုအခါ ကွင်းပြင်များတွင်ထွက်၍ နေနေ ကြကြောင်း ။ တာချီလိတ် တစ်ဘက်ကမ်းရှိ မယ်ဆိုင်မြို့ တွင်လည်းအလားတူစိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သတင်းရရှိပါသည်။