xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: လွှတ်တော်ရေးရာ ကော်မတီများတွင် ပါတီစုံ ပါဝင်လာ

Tuesday, March 1, 2011

လွှတ်တော်ရေးရာ ကော်မတီများတွင် ပါတီစုံ ပါဝင်လာ

ဒီကနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပြည်သူ့ လွှတ်တော် ဥပဒေမူကြမ်း ကော်မတီ အတွက် လျာထားတဲ့ အမည် စာရင်းကို လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက တင်သွင်းခဲ့ပါတယ်။
ဥပဒေမူကြမ်း ကော်မတီမှာ အဖွဲ့ဝင် ၁၅ ဦးရှိတဲ့ အနက် ၁၀ နေရာကို ပြည်ခိုင်ဖြိုး ပါတီက ရယူထားပြီး ကျန်တဲ့ ငါးနေရာ ကိုတော့ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ ပါတီ၊ တစည၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ချင်း အမျိုးသား ပါတီနဲ့ စည်းလုံး ညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီတို့ တစ်နေရာစီ ရရှိ ထားပါတယ်။ တပ်မတော် ကိုယ်စားလှယ် တွေတော့ မပါဘူးလို့ သိရပါတယ်။
ပါဝင်သူများ ထဲမှာ ပြည်ခိုင်ဖြိုး ပါတီက လေးဦးက လွဲရင် ကျန်တဲ့သူ အားလုံးဟာ ဥပဒေဘွဲ့ ရရှိထားသူများ ဖြစ်တယ်လို့ သိရပါတယ်။ ပါတီငယ် များရဲ့ ကိုယ်စားလှယ် များထဲမှာ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ ပါတီက အသက် အငယ်ဆုံး အမျိုးသမီး ကိုယ်စားလှယ် ဖြစ်တဲ့ ကွန်ဟိန်း မြို့နယ်က ဒေါ်နန်းဝါနုလည်း ပါတယ်လို့ သိရပြီး အမည်စာရင်း ကြေညာ ပြီးချိန်မှာ ဒေါ်နန်းဝါနုဟာ အလွန်အံ့သြ နေခဲ့တယ်လို့ ကိုယ်စားလှယ် တစ်ဦးက ပြောပြပါတယ်။ ဘာပဲဖြစ်ဖြစ် ရေးရာ ကော်မတီ တွေမှာ
ပြည်ခိုင်ဖြိုးနဲ့ တပ်မတော် ကိုယ်စားလှယ် တွေက လက်ဝါးကြီး အုပ်မထားပဲ အခြား ပါတီများကို ဖိတ်ခေါ် ဖွဲ့စည်း ထားတာဟာ လွှတ်တော်တွင်း နိုင်ငံရေးလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ပါတီများရဲ့ ဆုံးဖြတ်ချက် မှန်တယ် ဆိုတာ သက်သေ ပြလိုက်တာလည်း ဖြစ်ပါတယ်။
ပိတောက်မြေ