xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: NLD ဇာတ်သဘင်အဖွဲ့ ကြီး ပြန်လာပြီ

Tuesday, March 8, 2011

NLD ဇာတ်သဘင်အဖွဲ့ ကြီး ပြန်လာပြီ

၂၀၁၁ ခုနှစ်တွင် လူဟောင်းများဖြင့်ပြန်လည် ဖွဲ့စည်းတည်ထောင်ထားသော အမေရိကားပြန် ဒေါ်စု၏ NLD ဇာတ်သဘင်အဖွဲ့ကြီးအား လိုအပ်သော အကြိုပြင်ဆင်မှုများပြုလုပ်ပြီး ဖြစ်ပါ၍ မကြာမီ မြန်မာပြည်အနှံ့ အပြားသို့ ကပြအသုံးတော်ခံသွားတော့မည်ဖြစ်ကြောင်း ယခုအခါ ပြည်နယ်တိုင်း အသီးသီးမှ ပွဲကန်ထရိုက်များ နှင့် ရန်ကုန်မြို့တွင် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရျိကြောင်း ဇာတ်သဘင်အသိုင်းအ၀ိုင်းးမှ သတင်းရရှိပါသည်။NLD ၏ ထူးခြားဆန်းပြားသော ကကွက်ဆန်းများ အံ့သြဘွယ် တင်ဆက်မှုများ ပါဝင်လာမည်ဖြစ်ကြောင်းလည်း သိရပါသည်။
ထူးခြားမှုတစ်ခုကိုဖေါ်ပြရပါလျှင် မြန်မာ ကြိုးဆွဲရုပ်သေးအကအား ခေတ်မီနည်း စံနစ်များအသုံးပြုကာ အဝေးထိန်း ရုပ်သေးအက အဖြစ် တီထွင်တင်ဆက်မှု ဖြစ်ပါသည်။
အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော NLD ဇာတ်သဘင်အဖွဲ့ကြီးတွင် အမေရိကားပြန်ဒေါ်စုနှင့်အတူ အတိတ်မေ့သွားသူ ပြဇာတ်ဖြင့် ပရိတ်သတ်လက်ခံလာသော အကယ်ဒမီမောင်တင်ဦး ၊ အပြာရောင်အင်္ကျီတစ်ထည်  ပြဇာတ်ဖြင့် လူသိများနေသော နာမည်ကြီး လူငယ်ဒါရိုက်တာ မောင်မောင်ဝင်းတင် ၊ ရှေ့နေငှားမှ ထောင်လုံးလုံးကျ ပြဇာတ်ဖြင့် အောင်မြင် နေသော ဒါရိုက်တာ မောင်ဥာဏ်ဝင်း ၊ အစရှိသော နာမည်ကြီးဒါရိုက်တာများ အပြင် လူငယ် တက်သစ်စများစွာဖြင့် အင်အားဖြည့် ထားကြောင်းလဲသိရပါသည်။
ဇာတ်သဘင်ကြီးဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ လမ်းညွှန်မှုများပေးခဲ့ပါသော အကို အိုဘားမားနှင့် ဒေါ် ဟီလာရီ ကလင်တန်အား၎င်း ကမ္ဘာသိအောင် ကြော်ငြာပေးခဲ့ပါသော BBC VOA RFA အပါ အ၀င် ကြော်ငြာဌာန အသီးသီးအား၎င်း အနီးကပ်လမ်းညွှန်မှုများပြုယုံမက ပါဝင်ကပြ နေကြသော အနောက် အုပ်စု သံရုံးများမှ ၀ါရင့်သရုပ်ဆောင်အသီးသီးအား၎င်း အထူးပင်ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း NLD ဇာတ်သဘင်အဖွဲ့ ကြီးမှ သတင်းထုတ်ပြန်ထားကြကြောင်းလဲ သိရှိရပါသည်။
NLD ဇာတ်သဘင်အဖွဲ့ကြီး၏ ထူးခြားသောတင်ဆက်မှုများအနက်မှ အချို့ကို Voice Of Myanmar ပရိတ်သတ် ကြီးသိရှိနိုင်ပါရန် တင်ပြလိုက်ပါသည်။

 ရှမ်းအိုးစည်ဖြင့် ကရသော မြန်မာမင်းသားအကတစ်မျိုးနှင့် အထူးလေ့ကျင့်ထားသေား မင်းသားလေး
(၄င်းမင်းသားပွဲထွက်လာပါက လက်ရှိနာမည်ကျော် မင်းသားဖိုးချစ် မှေးမိန်သွားဖွယ် ရှိကြောင်းလည်းသိရပါသည်)


တက်သစ်စမင်းသမီးလေး ဖြူဖြူသင်း အား ပွဲထုတ်ထားသည့် မျောက်ပြဆန်တောင်း ပြဇာတ်မှ ဇာတ်ဝင်ခန်းတစ်ခု

အမေရိကားပြန်ဒေါ်စု စီစဉ်ညွှန်ကြားသည့် ကျောင်းပိတ်ချိန်တွင်ကျောင်းဖွင့်သည်  ပြဇာတ်မှ ဇာတ်ဝင်ခန်း တစ်ခုအားတွေ့ရစဉ်


ဧည့်သည် သရုပ်ဆောင် ကျော်သူ(၀မ်းတွင်းရူး) ပါဝင်တင်ဆက်သည့်  မသာတစ်ခုအရင်းပြု ပြဇာတ်မှ ဇာတ်ဝင်ခန်းတစ်ခု


NLD ၀ိုင်းတော်သားများစုပေါင်းပါဝင် ကပြသည့် ခမောက်ယိမ်း


ငါသေမှအေးမယ် တော်လှန်ရေးဇာတ်ကြမ်းမှ လူကြမ်းသရုပ်ဆောင် စောလားဘွယ် 


လူဆိုးတွေနဲ့မေတိုင်ပင် ပြဇာတ်မှ သရုပ်ဆောင်ဒါရိုက်တာကြီးများ

(ဆက်လက်ဖေါ်ပြပါမည်)