xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရန်ကုန်မြစ်ကြောင်းပြုပြင်ခြင်းလုပ်ငန်းများ တရုတ်ကုမ္ပဏီက ဆောင်ရွက်မည်

Wednesday, March 2, 2011

ရန်ကုန်မြစ်ကြောင်းပြုပြင်ခြင်းလုပ်ငန်းများ တရုတ်ကုမ္ပဏီက ဆောင်ရွက်မည်

 တန်ချိန် သုံး သောင်းခွဲရှိ ပင်လယ်ကူးသင်္ဘောများ အလွယ် တကူဝင်ရောက်နိုင်ရေးအတွက် ရန်ကုန်မြစ်ဝ မှ ၄၈ကီလိုမီတာ(မိုင် ၃၀)အထိ သောင်တူး ဖော်ခြင်းနှင့်မြစ်ကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်း များကို တရုတ်ကုမ္ပဏီမှ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
    ထို CCCC TDG.Tianjin Dredging ကုမ္ပဏီအနေဖြင့် ရန်ကုန်မြစ်ကြောင်း အား ယခင် တန်ချိန်တစ်သောင်းခွဲသင်္ဘော ကြီးများ ၀င်ထွက်သွားလာနိုင်ရာမှ တန်ချိန် သုံးသောင်းခွဲ ပင်လယ်ကူးသင်္ဘောကြီးများ အလွယ်တကူသွားလာနိုင်ရန် ပြုပြင်သွားမည် ဖြစ်သည်။
    ''မြစ်ကြောင်းတစ်ခုပြုပြင်ထိန်း သိမ်းဖို့ဆိုတာ သောင်တူးဖော်ခြင်းနဲ့ပြုပြင် ခြင်း တွေကို တစ်ပြိုင်နက်ပူးတွဲဆောင်ရွက် မှသာ အောင်မြင်မှာဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာရှိတဲ့ မြစ်ကြောင်းတွေက အကွေ့ အကောက်တွေပေါများတဲ့အတွက် ပြုပြင် ထိန်းသိမ်းတဲ့နေရာမှာ အခက်အခဲတွေရှိ နိုင်ပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာ ဌာနတွေနဲ့ပူးပေါင်းပြီး ရန်ကုန်မြစ်ကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီစဉ်တာပါ''ဟု CCCC TDG Tianjin Dredging, Overseas Business Dept အထွေထွေ မန်နေဂျာ ဖုကျင်းချန်က ပြောသည်။
    ယင်းရန်ကုန်မြစ်ကြောင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆိုပါကုမ္ပဏီအနေ ဖြင့် ကနဦးဖြစ်နိုင်ဖွယ်ရာ လေ့လာဆန်း စစ်မှုများကို မကြာခင်စတင်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။
    ''ကျွန်တော်တို့အနေနဲ့ ဒီရန်ကုန် မြစ်ကြောင်းမှမဟုတ်ပါဘူး။ မြန်မာနိုင်ငံ အတွင်းက မြစ်ကြောင်းတွေ ပြုပြင်ချင် တယ်ဆိုရင်လဲ ကူညီပေးဖို့အဆင်သင့်ရှိပါ တယ်။ အဲဒီအတွက် မြစ်ကြောင်းများ ပြု ပြင်ရေးနဲ့ပတ်သက်ပြီး ဆက်လက်ဆောင် ရွက်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ဆွေးနွေး နေပါတယ်။ သက်ဆိုင်ရာဌာနက ခွင့်ပြု မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အရေးပါ တဲ့မြစ်ကြောင်းတွေကို ထိန်းသိမ်းရေးလုပ် ငန်းတွေ ဆက်လက်ဆောင်ရွက်သွားမှာပါ'' ဟု ဖုကျင်းချန်က ဆိုသည်။
    အဆိုပါကုမ္ပဏီသည် ကမ္ဘာ့ အအောင်မြင်ဆုံးကုမ္ပဏီများစာရင်းတွင် ပါဝင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြည်ပ နိုင်ငံပေါင်း ၇၀ကျော်နှင့်
ဆောက်လုပ်ရေး လုပ်ငန်းများ၊ မြစ်ကြောင်းပြုပြင်ခြင်းနှင့် သောင်တူးခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်သည်။
Yangon Media Group