xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြေငလျင် နောက်ဆက်တွဲ သတင်း ( ၂)

Thursday, March 24, 2011

မြေငလျင် နောက်ဆက်တွဲ သတင်း ( ၂)

ထိုင်းနိုင်ငံချင်းရိုင် မြို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများကို ချင်းရိုင် ဆေးရုံမှ သူနာပြုများက ပြုစုမှုများဆောင်ရွက်နေပုံ
 
တာလေမြို့ ဗဟိုပြု မြေငလျင်ကြောင့် မန္တလေး နှင့် နေပြည်တော် မြို့များတွင်လည်း အနည်းငယ်လှုပ်ခတ်မှုများရှိကြောင်း ထပ်မံသတင်းရရှိပါတယ် မန္တလေး မြို့ခံ တစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင်မူ " ကျွန်တော်ကတော့ အဲဒီအချိန်က ကားမောင်းနေတာ သိတောင်မသိလိုက်ဘူး အိမ်ရောကတော့ အမေက ငလျင်လှုပ်တာနင်မသိဘူးလား လို့မေးမှ လှုပ်သွားတယ်ဆိုတာ သိရတာပါ " ဟု ပြန်လည် ပြောကြား ခဲ့ပါသည်။
 
နေပြည်တော် ၀န်ကြီးဌာန မှ အရာရှိတစ်ဦးကိုမေးမြန်းခဲ့ ရာ " လှုပ်တယ်..စက္ကန့်ပိုင်းလောက်ပါပဲ ကျွန်တော်နေတဲ့နေရာတော့ ဘာမှမဖြစ်ဘူး ကျွန်တော့သူငယ်ချင်းအိမ်မှာတော့ မှန်ကွဲသွာတယ်ပြောတယ်...ပြူတင်းပေါက်က မှန်.."  ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
 
ထိုင်းနိုင်ငံချင်းရိုင်မြို့တွင်မူ ထိခိုက်ဒဏ်ရာရရှိမှုများ အနည်းငယ်ရှိကြောင်း သိရပါတယ်။