xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမေရိကန်စပိုင် တစ်ဦအား ကျူးဘားတရားရုံး ထောင်ဒဏ်စီရင်

Monday, March 21, 2011

အမေရိကန်စပိုင် တစ်ဦအား ကျူးဘားတရားရုံး ထောင်ဒဏ်စီရင်


အမေရိကန်စပိုင်ဟု ဆိုသည့် အဲလန်ဂလော့စ် အားကျူးဘား တရားရုံးက ၄င်းတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဥပဒေကိုထိပါးမှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကျခံရန် ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က အမိန့်ချမှတ်လိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရှိရ သည်။
တရားဝင်သတင်းဖော်ပြချက် များအရ ဂလော့စ်သည် ထိုစီရင်ချက်အား ဆန့်ကျင်ကန့်ကွက်နိုင် ခြေရှိကြောင်း၊ ၅ နှစ်မျှ လျှော့ပေါ့ ပေးရန် တောင်းဆိုထားကြောင်းသိ ရသည်။ ဂလော့စ် သည် ၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က  တည်းကအဖမ်းခံခဲ့ရပြီး အစိုးရနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများထံ သို့ ဂြိုဟ်တုဆက်သွယ်မှုစနစ် သုံး ကာ ဆက်သွယ်မှုကြောင့် ဟာဘား နားလေဆိပ်တွင် အဖမ်းခံ ခဲ့ရခြင်း ဖြစ်သည်။
သို့သော် အမေရိကန်ဘက်မှမူ ဂလော့စ်သည်Development Alternative ဆိုသည့် ကုမ္ပဏီတစ်ခု မှဝန်ထမ်းတစ်ဦးသာဖြစ်ပြီး ကျူးဘားရှိ ဂျူး များနှင့် နိုင်ငံရပ်ခြား ရှိဂျူးများကို ကူညီဆက်သွယ်ပေး ခြင်းသာဖြစ်ကြောင်း ဖုံးကွယ် ပြောကြားခဲ့ သည်။
အမေရိကန်အစိုးရသည် ၄င်းတို့ ၏ စပိုင်များနှင့် ပတ်သက် ၍ မည်သည့်အခါကမှ ၀န်ခံပြောကြားလေ့ မရှိကြောင်း  ၄င်းသည် အမေရိကန်စပိုင်တစ်ဦးဖြစ်ကြောင်းမိမိတို့တွင် အထောက်အထား အပြည့်အစုံ ရှိကြောင်း ကျုးဘားတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ဆင်ဟွာသတင်း ဌာနမှ ကိုးကားဖေါ်ပြပါသည်။
တစ်ဖန် ကျူးဘားရှိ ဂျူးလူထု အဖွဲ့မှ ခေါင်းဆောင် အယ်ဒီလာ က သူမအနေဖြင့် ဂလော့စ်ဖြင့် မည်သည့်အခါကမျှ တွေ့ဆုံခဲ့ဖူး ခြင်းမရှိကြောင်း ပြောကြားခဲ့ပြန် သည်။
ထို့ကြောင့် ကျူးဘား၏ခေါင်းဆောင် Raul Castro က ဂလော့စ်၏ အမှုအား ”အမေရိကန် တို့သည် ကျူးဘားကျွန်းနိုင်ငံအပေါ် ရန်လိုသည့် မူဝါဒများ အဆက်မပြတ် ရှိနေဆဲ ဆိုသည်ကို ပြသနေသည့် နမူနာတစ်ခု” ဟု ပါလီမန်တွင် ချပြခဲ့သည်။