xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သင်ရော တပ်မတော်ချစ်သောအတိုက်အခံဖြစ်ပါရဲ့လား

Thursday, March 10, 2011

သင်ရော တပ်မတော်ချစ်သောအတိုက်အခံဖြစ်ပါရဲ့လား

ယခုတစ်လောအပြောများနေသည့်ကိစ္စတစ်ခုမှာ အီဂျစ်တပ်မတော် ကဆန္ဒပြ  ပြည်သူလူထုနှင့် ပူးပေါင်းကာ နိုင်ငံကို နှစ်ရှည်အုပ်ချုပ်ခဲ့သော သမ္မတ မူဘာရက် နှုတ်ထွက်ရေး တွင် တက်ကြွစွာ ဆောင်ရွက် မှု ကို အကြောင်းပြု၍ မြန်မာ့တပ်မတော် သားများအား ပြည်သူနှင့်မပူးပေါင်းပဲ လက်ရှိအစိုးရ ဘက်မှ ရပ်တည် ခဲ့သည်ဟုဆိုကာ စွပ်စွဲ  ပြစ်တင် ပြောဆိုမှုများပင်ဖြစ်ပါသည် ။
အဆိုပါကိစ္စနှင့်ပတ်သက်၍ Voice Of Myanmar မှ စစ်မှုထမ်းဆောင် နေသော တပ်မတော်အရာရှိအချို့ နှင့် စစ်မှုထမ်းဟောင်းအရာရှိအချို့ အားသဘောထားမေးမြန်း ခဲ့ပါသည်။
စစ်မှုထမ်းဟောင်း ဗိုလ်မှုးတစ်ဦးက " ဒီနေရာမှာကျွန်တော်က ခင်ဗျားတို့ကို မေးခွန်းလေးတစ်ခု ပြန်မေးချင် တယ် လက်ရှိပြည်တွင်းပြည်ပက အတိုက်အခံအမည်ခံပြီး တပ်မတော်အစိုးရကိုဆန့်ကျင်နေတဲ့ သူတွေက ရော တပ်မတော်ချစ်သော အတိုက်အခံဖြစ်ရဲ့လားဆိုတာပါပဲ ဒီမေးခွန်းကို ကိုယ့်ကို ကိုယ် အရင်မေးကြည့်စေချင်တယ် ...နောက်ပြီး ဒီအတိုက်အခံဆိုတဲ့ပုဂ္ဂိုလ်တွေ ကလည်း ကျွန်တော့ အမြင်တော့ ပြည် သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုနေတယ်လို့ ကျွန်တော်တော့မထင်ဘူး ..ဒါ ကျွန်တော့် အမြင်ကိုပြောတာပါ ..."
ရန်ကုန်မြို့ တွင် လုံခြုံရေးတာဝန်ယူနေသော ဗိုလ်ကြီးတစ်ဥိးကမူ " ခင်ဗျားမေးတာကျွန်တော်မရှင်းဘူး ကျွန်တော်တို့တပ်မတော်သားတွေက ခုရော ပြည်သူဘက်က မရပ်လို့ ဘယ်သူ့ဘက်ကရပ်နေလို့လဲဗျာ ခုဆိုရင် ကျွန်တော်ဒီမှာ လုံခြုံရေးတာဝန်ယူနေတယ် ဟိုမှာ(လမ်းသွားလမ်းလာ များကိုညွှန်ပြလျှက်) မိဘ ပြည်သူတွေ အေးအေးဆေးဆေး သွားလာလှုပ်ရှားနေတယ် ကျွန်တော်တို့ ဘာမှမလုပ်ဘူး ဒီပြည်သူတွေ ခုလိုအေးချမ်းစွာ လှုပ်ရှားနေထိုင်နေတာကို နှောက်ယှက်လာရင် ဥပဒေအရ အရေးယူရမယ် 
မယူလို့မရဘူး ယူကိုယူရမယ် ဒါကျွန်တော်ပြည်သူ့ဘက်က ရပ်တည်နေတာဘဲလေ..ဒီလိုပဲ ကျွန်တော်မြင်တယ် "
အခြား အမည်မဖေါ်လိုသူအရာရှိငယ်တစ်ဦးကမူ
" အကိုဆိုလိုတာက လက်ရှိအစိုးရကိုဆန့်ကျင်နေတဲ့ အတိုက်အခံ တွေကို ပြောတာလား ...အဲဒီလူတွေနဲ့ဆိုတော့ကတော့ အကိုလျှောက်မေးမနေနဲ့ လေကုန်တယ် အချိန်ကုန်တယ် ဘယ်တော့မှ ပေါင်းမှာမဟုတ်ဘူး သူတို့က တပ်ကို အမြဲမကောင်းပြောတယ် ရှေ့တန်းစစ်မျက်နှာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေမှာ ကျွန်တော်တို့ဘက်က ရဲဘော်လေးတွေ ထိခိုက်ရင် အားရ၀မ်းသာဖြစ်ကြတယ် ခုလောလောဆယ်ပဲကြည့် ရုရှားမှာ လေယာဉ်ပျက်ကျလို့ အရာရှိ ၂ဦး ကွယ်လွန်သွားတာရှိတယ် အတိုက်အခံ ဘလော့တွေ အင်တာနက်စာမျက်နှာတွေမှာကြည့် ပျော်နေကြတယ် တစ်ခုမှာဆိုရင် စစ်ခွေး နှစ်ကောင်တော့ သေချင်းဆိုးနဲ့သေပြီဆိုပြီးတောင်ရေးတယ် ကျွန်တော်တို့တွေ မိသားစုနဲ့ အတူ စိတ်မကောင်းချိန်မှာ ဒီလိုရေးပြီး ပျော်နေတယ် ကျေနပ်နေတယ် ဒီလိုလူမျိုးတွေနဲ့ ကျွန်တော်တို့ ဘယ်လို ပေါင်းရမှာလဲ စိုင်းသိန်းဝင်းတို့လို သစ္စာမရှိတဲ့ လူတွေကတော့ချွင်းချက်ပေါ့ ..ကျွန်တော်ဆိုလိုတာက အများစုရဲ့ သဘောကိုပြောတာ....နောက်ဟိုတလောက RFA ကဗိုလ်နှုတ်ခမ်းမွှေးနဲ့ တွေ့ဆုံခန်း တစ်ခုမှ ရန်သူဘက်ကအကျအဆုံးအခြေအနေဘယ်လိုလဲ ဆိုပြီး တပ်ကို ရန်သူဆိုပြီးသုံးနှုံးသွားတာမျိုးတွေလဲရှိသေးတယ်  " ဟု ၄င်းတို့၏ အမြင်အသီးသီးကို ပြောကြားသွားခဲ့ပါသည်.။