xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ဖူကူရှီးမား အနုမြူဓါတ်ပေါင်း ဖိုအနီး ရေဒီယိုသတ္တိကြွမှု အလွန်မြင့်မားနေ

Saturday, March 26, 2011

ဖူကူရှီးမား အနုမြူဓါတ်ပေါင်း ဖိုအနီး ရေဒီယိုသတ္တိကြွမှု အလွန်မြင့်မားနေ

 
ဂျပန်နိုင်ငံ တွင် ငလျင်ဒဏ်အကြီးအကျယ်ခံလိုက်ရတဲ့ ဖူကူရှီးမား အနုမြူ ဓါတ် အားပေးစက်ရုံ မှာရှိတဲ့  ဓါတ်ပေါင်းဖို ၆ခု အထဲက တစ်ခုဟာ လုံးဝပျက်စီးသွားပြီ ဖြစ်တဲ့အကြောင်း အစိုးရ ကတရားဝင်ကြေငြာ သွားခဲ့ပါတယ်။
ဒီဓါတ်အားပေးစက်ရုံရဲ့အနီးတ၀ိုက်မှာ ရေဒီယိုဓါတ်သတ္တိကြွမှုဟာ အလွန်မြင့်မားနေကြောင်း သာမန်ရှိသင့် တာထက် အဆ ၁၂၅၀ ဆ ပိုမိုနေတာကိုစစ်ဆေးတွေ့ ရှိရကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားခဲ့ပါတယ် ။
ဂျပန်အစိုးရ၀န်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယူခိယို အဲဒနို (Yukio Edano) ကလည်း ဒီဓါတ်ပေါင်းဖိုရဲ့ ၁၂ မိုင်ကနေ ၁၈ မိုင်ပတ်လည်အတွင်း နေထိုင်ကြသူတွေ အမြန်ဆုံး  ရွှေ့ပြောင်းသွားကြဖို့ ယမန်နေ့က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီ  ရေဒီယိုတ္တိကြွ ဓါတ်ရောင်ခြည် အန္တရယ်ဟာ မျှော်မှန်းလို့ မရနိုင်တဲ့အခြေအနေမျိုးဖြစ်တာကြောင့် ဂျပန်ပြည်သူတွေ အနေ နဲ့ သတိကြီးကြီး နေထိုင်ကြဘို့ ၀န်ကြီးချုပ်ကလည်း သတိပေးပြောကြားထားကြောင်း သတင်းရရှိပါတယ် ။