xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အင်ဂျင်မပါဘဲ မောင်းနှင်နိုင်သည့် လျှပ်စစ်ခရီးသည်တင် ယာဉ်များ တင်သွင်းမည်

Sunday, March 6, 2011

အင်ဂျင်မပါဘဲ မောင်းနှင်နိုင်သည့် လျှပ်စစ်ခရီးသည်တင် ယာဉ်များ တင်သွင်းမည်

မော်တော်ယာဉ် မောင်းနှင်ရန်အတွက် အင်ဂျင်မပါဘဲ လျှပ်စစ်မော်တာဖြင့် ရွေ့လျားသွားလာနိုင်သည့် တရုတ်နိုင်ငံလုပ် ခရီးသည်တင် လျှပ်စစ်မော်တော်ယာဉ်များ ပြည်တွင်းသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း Treasure PalaceInternational Trading ကုမ္ပဏီမှ ၂၆-၁-၂၀၁၁ ရက် တွင် သိရသည်။  “ခြောက်နာရီလောက် အားသွင်းပြီးရင် ၀န်အပြည့် တင်ဆောင်ကာ အဲယားကွန်းဖွင့်ပြီး ကီလိုမီတာ ၅၀၀ လောက် မောင်းလို့ရတယ်။ ဒီခရီးက နေပြည်တော်-ရန်ကုန် အသွားအပြန် နီးနီးလောက်ရှိတယ်။ အဲယားကွန်းမဖွင့်ဘဲ မောင်းရင် ကီလိုမီတာ ၂၀၀၀ လောက်မောင်းလို့ရတယ်”” ဟု အဆိုပါ ကုမ္ပဏီမှဒါရိုက်တာ ဦးဝင်းနိုင်က အထက်ပါရက်တွင် ပြောသည်။အဆိုပါ လျှပ်စစ်ကားများသည် လောင်စာဆီအသုံးပြု၍ မောင်းနှင်ခြင်း မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားကို ကားအတွင်းရှိ ဘက်ထရီများတွင် သိုလှောင် ၍ မော်တာအသုံးပြု မောင်းနှင်ခြင်းဖြစ်ကြောင်း၊ မော်တော်ယာဉ်အတွင်း ကွန်ပျူတာထိန်းချုပ်စနစ် အသုံးပြုထားကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ထွက်ရှိမှုမရှိ သဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိကြောင်း ယင်းကပြောသည်။ လျှပ်စစ်ခရီးသည်တင်ကားများအတွက် ဈေးနှုန်းသည် ကျပ်သိန်း ၁၂၀၀ ခန့်ကျသင့်နိုင်ကြောင်း၊ ကနဦးရင်းနှီးမြှုပ်နှံမှု စရိတ်ကြီးမြင့်သော်လည်း လောင်စာဆီစရိတ်ချွေတာနိုင်သဖြင့် ရေရှည်တွက်ခြေကိုက်ကြောင်း ယင်းကပြောသည်။
အဆိုပါ လျှပ်စစ်ကားများသည်တရုတ်နိုင်ငံ အခြေစိုက် Zonda ကုမ္ပဏီ၏ နည်းပညာနှင့် ပစ္စည်းများ အသုံးပြု၍ တရုတ်နိုင်ငံတွင် ထုတ်လုပ်ခြင်းဖြစ် ကြောင်း သိရသည်။ Zonda ကုမ္ပဏီသည် ပြည်တွင်းကားဈေးကွက်သို့ ဇန်န၀ါရီ ၂၁ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပခဲ့သည့် ကားပြပွဲမှစတင်၍ ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ဈေးကွက်အတွင်းသို့ ဒေသတွင်း နိုင်ငံများဖြစ်သည့် အိန္ဒိယ၊၊တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ များက လာရောက်ရင်းနှီးမြှုပ်နှံ၍ ရောင်းချမှုများ ပြုလုပ်ရန်စိတ်ဝင်စား လျက်ရှိကြကြောင်း သိရသည်။