xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အမေရိကန် USF- 15 ဂျက်တိုက်လေယာဉ် တစ်စင်းပျက်ကျ

Tuesday, March 22, 2011

အမေရိကန် USF- 15 ဂျက်တိုက်လေယာဉ် တစ်စင်းပျက်ကျ


အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု ပူးပေါင်းတပ်တွေဟာ လစ်ဗျားမှာရှိတဲ့ ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်လျက် ရှိ ရာ တတိယနေ့ မှာတော့ အမေရိကန် က USF -15 ဂျက်တိုက်လေယာဉ် တစ်စင်း ဟာ လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့ အရှေ့ဘက် ကျေးရွာ တစ်ရွာအနီးက ကွင်းပြင်ထဲမှာ ပျက်ကျခဲ့ပါတယ် ။
လေသူရဲ ၂ဦးစလုံးကတော့  safely ejected ထိုင်ခုံစံနစ်တွေကတစ်ဆင့် လွတ်မြောက် ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ် ။လေယာဉ်ဟာ စက်ချွတ်ယွင်းမှု ကြောင့်ပျက် ကျခဲ့ရတာဖြစ်ပြီး လေသူရဲ ၂ ဦး ကတော့ဒေသစံတော်ချိန် ၁၁း၃၀ မှာ ကယ်ဆယ် ပြန်လည် ရောက်ရှိခဲ့တယ်လို့ AP သတင်းတစ်ရပ်မှာ ဖေါ်ပြထားပါတယ်။
ခုလို အင်အားသုံးတိုက်ခိုက်မှုတွေ မှာအရပ်သားပစ်မှတ်တွေ ပါဝင်နေပြီး အရပ်သားသေဆုံး ဒဏ်ရာ ရရှိမှုတွေရှိနေတဲ့အတွက် ရုရှားနဲ့ အာရပ်အဖွဲ့ချုပ် က ကန့်ကွက်ထားပါတယ် ။