xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: Tablet ကို ဘာကြောင့် ကြိုက်ရသလဲ

Tuesday, March 8, 2011

Tablet ကို ဘာကြောင့် ကြိုက်ရသလဲ

လက်ရှိ အချိန် ကွန်ပျူတာ ဈေးကွက် အတွင်း မှာတော့ “Tablet”၊ “Tablet” ဆိုတဲ့ ကြွေးကြော် သံတွေက အရှိန် ပြင်းပြင်းနဲ့ ပျံ့နှံ့ နေပြီး ကွန်ပျူတာ ၀ယ်မယ့် သူတွေ ကလည်း Tablet အကြောင်း ထည့်သွင်း စဉ်းစားကြရပါပြီ။ ဒီနေရာမှာ စဉ်းစားရမယ့် အချက် တစ်ချက်က Tablet ကို ဘာကြောင့် ၀ယ်ရမှာလဲ။ ဘာအတွက်ဝယ်ရမှာလဲဆိုတာပါ။ လူတော်တော် များများက အဲဒါကို သဘော မပေါက်ဘဲ Tablet ကို ၀ယ်နေကြတာပါ။ ဒါပေမဲ့ ဘာကြောင့် Tablet ကို ကြိုက်ရတယ် ဆိုတာနဲ့ ပတ်သက်ပြီး ကမ္ဘာကျော် နည်းပညာ မဂ္ဂဇင်း PC World  ရဲ့အယ်ဒီတာ ဖြစ်သူက ဘယ်လိုရှင်းပြ ထားတယ် ဆိုတာ လေးကို လေ့လာ ကြည့်ရ အောင်ပါ။


Portability

ဘာပဲပြောပြော ကွန်ပျူတာ တစ်လုံးကို လွယ်လွယ်ကူကူနဲ့  သယ် ယူ အသုံးပြုချင် သူတွေ အတွက် Tablet တွေထက် ပေါ့ပါးတဲ့ ကွန်ပျူတာ ဆိုတာကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ် လုပ်တဲ့ အလုပ်က အဲဒီ လိုမျိုး ပေါ့ပါးတဲ့ ကွန်ပျူတာနဲ့  အဆင်ပြေ မယ်ဆိုရင် ၀ယ်ယူ အသုံး ပြုလို့ အဆင်ပြေ မှာပါ။ ဒါပေမဲ့ အလုပ် ဆိုတာကို ကြိုတင်ပြီး ပြောလို့ မရဘူး ဆိုရင် တောင် ပေါ့ပေါ့ပါးပါးနဲ့  အသုံး ပြုနိုင်တဲ့အချက်က လူနှစ်သက်စရာ အချက် ပါပဲ။

Productivity

ဒီအချက် ကတော့ နည်းနည်း စဉ်းစား ရမယ့်အချက်ပါ။ Tablet ရဲ့ Virtual Keyboard ကို အသုံးပြုပြီး စာစီစာ ရိုက်လုပ်မယ့် သူက ရှားပါ တယ်။ အဲဒါထက် Tablet ရဲ့ အခြား အသုံး ၀င်တဲ့ အချက်တွေ ကိုနားလည် ရင် Tablet ဆိုတာ လည်း သုံးပျော် တဲ့အရာလို့  ဆိုရမှာပါ။ e-mail စစ် တာတို့ ၊အစီ အစဉ် ရေးဆွဲတာတို့ အပြင် အခြား ကွန်ပျူတာ တစ်လုံးရဲ့ အသုံး ၀င်တဲ့ ကိစ္စ တော်တော် များများကို လုပ် ဆောင်နိုင်တာက Tablet တစ်လုံးရဲ့ အားသာချက် တွေလို့ ပဲ ဆိုချင်ပါတယ်။

Entertainment

Tablet တွေဟာ ဖျော်ဖြေရေး ဆိုင်ရာမှာလည်း အတော်လေး အ ဆင်ပြေပါတယ်။ ဘာကြောင့်လဲဆို တော့ သူတို့ ရဲ့ screen အရွယ်အစား ဟာလည်း ရုပ်ရှင်တွေ၊ MTV သီ ချင်းတွေကြည့်ဖို့ ၊ နားထောင်ဖို့ အ တွက် အဆင်ပြေပြေနဲ့  ခံစားလို့ ရနိုင် မှာပါ။ နောက်ပြီး Nefflix တို့ လို Hulu တို့ လိုအွန်လိုင်းဗီဒီယိုဝန်ဆောင် မှုပေးတဲ့ ကုမ္ပဏီတွေနဲ့  အဆင်ပြေတဲ့ နိုင်ငံတွေ မှာဆိုပိုလို့  တောင်မှ ဖျော်ဖြေ ရေး ကဏ္ဍအတွက် ကျေနပ်စရာ ကောင်းနေတာပါပဲ။

Adaptability

Tablet ဆိုတာ Game တွေပဲ Download ချပြီးအသုံးပြုမယ့်အရာ မဟုတ်ပါဘူး။ adaptability ဆိုတဲ့ စကားကို နားလည်အောင်ပြောရရင် Tablet တွေရဲ့ အခြားအရာတွေအ ပေါ် အံဝင်ခွင် ကျရှိမှုပါပဲ။ တခြားအရာ ဆိုတာက Apps အသစ်တွေ ၀ယ် ယူအသုံးပြုနိုင်သလို အင်တာနက်က နေ အချို့ Application တွေကို လည်း အခမဲ့ download လုပ်ယူ လို့ ရသေးတယ်။ ဒါ့ကြောင့် Tablet သုံးစွဲသူတွေအတွက် အရမ်းကိုအ ကျိုးရှိပါတယ်။

Battery Life

Notebook အများစုဟာ (၃) နာရီဝန်းကျင်ခန့် လောက်ပဲ ဘက်ထရီ အသုံးခံပါတယ်။ တချို့စမတ်ဖုန်း တွေဟာလည်း နေ့ ဝက်လောက်ပဲအ သုံးခံပါတယ်။ ဒါပေမဲ့ Samsung Galaxy Tab လို Tablet မျိုးက တော့ တစ်နေ့ လုံးအသုံးခံတာကို တွေ့ရတဲ့အတွက် Portable ဆိုတဲ့ စကားကို အပြည့်အ၀အထောက်အပံ့ ပေးနိုင်မယ်လို့  ယူဆရပါတယ်။
IT WEEKLY