xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာ့ ကာကွယ်ရေးအသုံးစရိတ် တကယ်ပဲများနေပြီလား

Saturday, March 12, 2011

မြန်မာ့ ကာကွယ်ရေးအသုံးစရိတ် တကယ်ပဲများနေပြီလား

ယခုတစ်လော မြန်မာ့နိုင်ငံရေး လောကတွင်ရေပန်းစားနေသော ကိစ္စတစ်ခုကိုပြပါဆိုလျှင် ဘတ်ဂျက်ခွဲဝေ သုံးစွဲမှုနှင့် ပတ်သက်၍ ကာကွယ်ရေးအသုံးစရိတ်များလွန်းတယ် ကျန်းမာရေးနဲ့ ပညာရေးပေါင်းရင် ၅% ကျော်ပဲ သုံး ထားတာဆိုတော့ အနာဂတ်နိုင်ငံတော်အတွက် ရင်လေးစရာပဲ နိုင်ငံကြီးတွေမှာတောင် ဒီလောက် မသုံးဘူး အစရှိသဖြင့် ဝေဖန်ပြောဆိုမှုများပင် ဖြစ်ပါသည်။
အထက်ပါကိစ္စနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစား အရာရှိကြီးတစ်ဦးလဲဖြစ် ကာကွယ်ရေးဝန်ကြီးဌာန ကောင်စီတွင် ၀ယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ဘူးသူ ဗိုလိမှုးကြီးဟောင်းတစ်ဦးအား Voice Of Myanmar မှသဘောထား မေးမြန်း စုံစမ်းခဲ့ရာ..၄င်းက " ခုဘတ်ဂျက်မှာ ဖေါ်ပြထားတဲ့ အမေရိကန်ဒေါ်လာ သန်း၂၀၀၀ ကျော်ဆိုတာ နိုင်ငံတခုရဲ့ ကာကွယ်ရေးစရိတ် အနေနဲ့ များလှတယ်လို့မဆိုသာပါဘူး ..နောက်ပြီး ရာခိုင်နှုန်းတွေနဲ့ စကားပြောမယ့်အစား ငွေပမာဏ နဲ့ ပြောရင် ပိုသင့်တော်မယ် ဥပမာဆိုကြပါစို့ အမေရိကန်ပြည်ထောင်စုက သူ့ဘတ်ဂျက်မှာ ၁၇% ကို ကာကွယ်ရေး အသုံးစရိတ်အဖြစ်သုံးတယ် % နှုန်းနဲ့ဆိုရင်တော့ နည်းနေတယ်လို့ထင်စရာပေါ့ တကယ်တော့ သူ့ ၁၇% ဟာ တစ်ကမ္ဘာလုံး စစ်အသုံးစရိတ်ရဲ့ ထက်ဝက်ကျော် ပမာဏဖြစ်တယ် ၊ နောက်အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်တဲ့ တရုတ်ဆိုရင် ၂၀၁၁ မှာကာကွယ်ရေးအသုံးစရိတ်ကို ယွမ်ငွေ ၆၀၁.၁ ဘီလျံ ဒေါ်လာနဲ့တွက်မယ်ဆိုရင် ၉၂ ဘီလျံလောက် သုံးမယ်လို့ကြေငြာထားတယ် ..ဒါဥပမာပြောတာပါ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံတော့ တိုက်ရိုက်နှိုင်းယှဉ်လို့ ဘယ်ရနိုင်ပါ့မလဲ ကျားကြီး ချေရာကြီး ဆိုသလို သူ့အခြေအနေနဲ့သူပေါ့..ပြောချင်တာက မြန်မာနိုင်ငံက ၂ ဘီလျံဆိုတာ မများလှ ဘူးဆိုတာကို ပြောချင်တာပါ.."ဟု လက်ရှိဘက်ဂျက်ခွဲဝေမှုအပေါ် သုံးသပ်ပြောဆိုသွားပါသည် ။
ခုပြည်တွင်းမှာ ပြောဆိုနေကြတာတစ်ခုက အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် မြန်မာနိုင်ငံ ရဲ့ ပညာရေးကျန်းမာရေး ကဏ္ဍတွေဟာ နိမ့်ကျနေတယ် ဒါကြောင့် ဒီကဏ္ဍတွေမှာ အမှီလိုက်ဘို့ဆိုရင် ဒီထက်ပိုပြီးသုံးဘို့ လိုတယ်လို့ ပြောဆိုနေတာတွေလဲရှိတော့ ဒီအပေါ် အန်ကယ့် အမြင်ကလေး ပြောပြပေးပါဦးဟု မေးမြန်းရာ ၄င်းက " ခု ပေါ်လာမယ့် အစိုးရသစ်မှာ ၀န်ကြီးဌာန ၃၄ ခုရှိတယ် ဘယ်ဟာမှ အရေးမကြီးတာမပါပါဘူး အားလုံးဟာသူ့နေရာနဲ့သူ  အရေးကြီးနေကြတာပါပဲ ကျန်းမာရေး ပညာရေးမှ မဟုတ်ပါဘူး ခန္ဓာကိုယ် တစ်ခုမှာလိုပေါ့ဗျာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ လက် ၊ ခြေထောက် မျက်လုံး နား အစရှိသဖြင့်ပေါ့ဗျာ သူ့နေရာနဲ့ သူ မရှိမဖြစ် အရေးကြီးတာတွေကြီးပါပဲ ဒါပေမယ့် ဦးခေါင်းက ပိုအရေးကြီးတယ်ဆိုရင် ပိုမှန်မယ်  ကာကွယ်ရေးဆိုတာဒီသဘောပါပဲ နိုင်ငံတစ်ခုရဲ့ အသက်လို့ဆိုနိုင်တဲ့ အချုပ်အခြာအာဏာ တည်တံ့ ဘို့အတွက် သူက ပိုပြီးအရေးကြီးတယ်လို့ တွေးလိုက်ရင် အဖြေမှန်နဲ့ ပိုနီးစပ်မယ်"
၎င်းက ဆက်လက်ပြောကြားရာတွင်
" နောက်တခု ကျွန်တော်ပြောချင်တာက ကာကွယ်ရေးအသုံးစရိတ်ဆိုတာ တပ်မတော်အတွက် သုံးနေတယ်ဆိုတာထက် ပြည်သူတွေအတွက်သုံးနေတာလို့လဲ ပြောလို့ရပါတယ် အိမ်တစ်အိမ်မှာ ခြံစည်းရိုးတစ်ခုကာတယ်ဆိုပါစို့ဗျာ..ဒါ..အိမ်ထဲကလူတွေကို အကျဉ်းအကျပ်ဖြစ်အောင်လုပ် တာလား.... ဒီလူတွေကိုလုံခြုံအောင်လုပ်တာလား..ဒါလောက်တော့ခွဲခြားသိဘို့ကောင်းတယ်၊ ကာကွယ်ရေး အသုံးစရိတ်ဆိုတာ ဒီသဘောဖြစ်တယ်..."ဟု သူ၏ သဘောထားကိုပြောကြားသွားပါသည်။
NLD ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်တစ်ရပ်အပေါ် ၄င်း၏ သဘောထား အမြင်ကို မေးမြန်းရာ မှတ်ချက် ပြုရန် ငြင်းဆိုသွားပါသည်။