xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တိုကျိုနှင့် မိုင် ၂၄၀ အကွာ ပစ္စဖိတ်ပင်လယ်ဗဟိုပြု ပြင်းအား ရစ်ချတာစကေး ၈.၈ ရှိ အလွန်အင်အားပြင်းသော ငလျင်လှုပ်

Friday, March 11, 2011

တိုကျိုနှင့် မိုင် ၂၄၀ အကွာ ပစ္စဖိတ်ပင်လယ်ဗဟိုပြု ပြင်းအား ရစ်ချတာစကေး ၈.၈ ရှိ အလွန်အင်အားပြင်းသော ငလျင်လှုပ်

ယနေ့ သောကြာ၊ တိုကျိုအချိန် နေ့လည် ၂နာရီ ၄၆ အချိန်က တိုကျိုနှင့် မိုင် ၂၄၀ အကွာ ပစ္စဖိတ်ပင်လယ်ပြင် မိုင် ၂၀ အနက်တွင် ပြင်းအား ၈.၈ ရှိသည့် ငလျင်လှုပ်ပြီး ပေ ၂၀ ကျော် လှိုင်းများ ဂျပန်ကမ်းခြေ နေရာ Onahama city in Fukushima prefecture တွင် ဖုံးလွှမ်းသွားသည်ကို ယခုသတင်းရေးနေသည့် အချိန် တိုကျိုအချိန် ညနေ ၅ နာရီတွင် တွေ့နေရသည်။ မီးလောင်မှုများ ဖြစ်ပွားနေပြီး  အရေးပေါ်ကယ်ဆယ်ရေးများ  လောလောဆယ် ပြုလုပ်နိုင်ခြင်းမရှိသေးပေ။


အင်န်အိပ်ခ်ျကေ ဂျပန်ရုပ်သံက ဝေဟင်မှ တိုက်ရိုက်သတင်းထုတ်လွှင့်နေသည်ကို တွေ့နေရသည်။ အပျက်အစီး အသေအပျောက်များ သတင်းမထုတ်နိုင်သေးပေ။ တိုကျိုတွင် အိမ်ပေါင်း ၄ သန်း လျှပ်စစ်မီး ပြတ်တောက်နေသည်ဟု ဆိုသည်။



ထိုပင်လယ်ရေအောက် ငလျင်ကြောင့် ဆူနာမီလှိုင်းကြီးများ ကမ်းခြေသို့ တိုက်ခိုက်မည် ဖြစ်ရာ အမေရိကန်ပြည်ထောင်စု၏ ဟာဝိုင်အီကျွန်းနှင့် အနောက်ခြမ်းကမ်းခြေ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်ဘေးတို့အထိ လှိုင်းများ တက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေသည်။