xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဖွဲ့စည်း

Monday, March 7, 2011

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဖွဲ့စည်း

ဒေါက်တာအေးမောင်
အခြေခံ ဥပဒေထဲမှာ သတ်မှတ်ထားတဲ့ လွှတ်တော် ကော်မတီ လေးခုအနက် နောက်ဆုံးဖြစ်တဲ့ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန် ခံချက်များ စိစစ်ရေး ကော်မတီ နှစ်ခုကို အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်မှာ ဖွဲ့စည်းခဲ့ ပါတယ်။
အမျိုးသား လွှတ်တော်ရဲ့ ကော်မတီ ၁၅ နေရာမှာ ပြည်ခိုင်ဖြိုးက ၈ ယောက်၊ တစ်သီးပုဂ္ဂလ တစ်ယောက်နဲ့ ကျန်ပါတီတွေ က ခြောက်ဦး ပါပါတယ်။ ထူးခြားတာ ကတော့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ဒေါက်တာ အေးမောင်က ကော်မတီ ဥက္ကဌ တာဝန် ရရှိတာ ဖြစ်ပါတယ်။ လွှတ်တော် ကော်မတီ လေးခုအနက် အခု အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဟာ အစိုးရရဲ့ လုပ်ငန်းများကို တိုက်ရိုက် စိစစ်တဲ့ ကော်မတီ ဖြစ်တဲ့အတွက် အရေးအကြီးဆုံး ကော်မတီလည်း ဖြစ်ပါတယ်။ ဒီကော်မတီမှာ အရင်တုန်းက ဖွဲ့နည်းဖြစ်တဲ့ ပြည်ခိုင်ဖြိုးက ဥက္ကဌ၊ အတွင်းရေးမှူး အပါအ၀င် ဆယ်နေရာ၊ ကျန်ပါတီများ ငါးနေရာ အစား ရှစ်ယောက်၊ ခုနှစ်ယောက်နဲ့ ဥက္ကဌက တိုင်းရင်းသား ပါတီဖြစ် လာတဲ့အတွက် ထူးခြားတဲ့ တိုးတက်မှုလို့ ဆိုနိုင်ပါတယ်။
ပြည်သူ့ လွှတ်တော်မှာတော့ အရင် ပုံစံတိုင်း ပြည်ခိုင်ဖြိုးက ဥက္ကဌနဲ့ ၁၁ နေရာ၊ ကျန်ပါတီများက လေးနေရာ ပါဝင်ပါတယ်။