xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သူများ ယောင်လို့ ယောင်

Thursday, March 3, 2011

သူများ ယောင်လို့ ယောင်

ခုတလော သတင်းတွေမှာခေတ်စားနေတဲ့ အာရပ်ကမ္ဘာ ကလူထုလှုပ်ရှား မှုတွေ ကိုအားကျပြီး မြန်မာ့ လူစွမ်း ကောင်းကြီးများကလည်း အားကျမခံ အင်တာနက်ပေါ်မှာ လှုပ်ရှားနေကြပြန်ပါပြီ..သူများက စပယ် တော်လှန်ရေးဆိုတော့ သူတို့က..ဘာတဲ့...နှင်းဆီတော်လှန်ရေးဆိုလားပဲ..ဟာဟ ..ဒီကြားထဲ သူတို့ရဲ့ မဟာ နှင်းဆီ တော်လှန်ရေးကြီးရဲ့ LOGO မှာ သူတို့ကိုယ်တိုင် မီးအကြိမ်ကြိမ် ရှို့ခဲ့တဲ့ အလံကြီးကလဲပါသေးဗျား...

 ဟော...ဒီမှာနောက်တစ်ခုဗျား.. ထမီချုံထဲက လက်သီးပုန်း တံဆိပ်နဲ့  JUST DO IT ဆိုလားပဲ ..သူတို့ကတော့ လိုဂို ဆွဲပြီး နက်ပေါ်တင်ပြီးရင် တာဝန်ကျေသွားပြီ..ကျန်တာ ပြည်သူတွေဆက်လုပ်ပေါ့..ဒီ သဘောပေါ့လေ...ထွက်ပါလိမ့်မယ် ပြည်သူက ..


ဒါတွေနဲ့ ချိန်ကိုက်ပြီး NLD ရုံးချုပ်မှာ ဗဟိုကော်မတီ အဖွဲ့ဝင်တွေနဲ့ NLD တိုင်းနဲ့ပြည်နယ် ၁၃ ခုက စည်းရုံးရေး အဖွဲ့ဝင်တွေဟာ ဒီကနေ့ မတ်လ ၃ ရက်နေ့ကစလို့ မတ်လ ၁၈ ရက်နေ့ထိ အလှည့်ကျ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်မှာဖြစ်ပြီး ဒီကနေ့ ပထမဆုံးနေ့မှာ ရန်ကုန်တိုင်း တာဝန်ခံ စည်းရုံးရေးမှူးတွေ၊ ရန်ကုန်တိုင်း အတွင်းက မြို့နယ်တာဝန်ခံ စည်းရုံးရေးမှူးတွေနဲ့ ဆွေးနွေးပွဲ စခဲ့ပါတယ်။
ကမ္ဘာကျော်အနောက်မျှော် မယ်တော်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ယူထားတဲ့ တာဝန်ကို မကျေဘူးဆိုရင်လည်း လူထုကို အားနာစရာ ကောင်းတယ် တခါ NLD ပါတီဟာ လှုပ်ရှားသင့်သလောက် မလှုပ်ရှား၊ လုပ်သင့်သလောက် မလုပ်သလို တက်ကြွသင့်သလောက်လည်း တက်ကြွတာ မတွေ့ရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်သွားပါတယ်။ ဒါလူထုကို မြှောက်ပေးလိုက်တာပါ တခုခု ဖြစ်ရင်တော့ ငါမပါဘူးဆိုပြီး လုပ်လို့ရအောင် စကားကိုရွေးသုံး သွားတာတွေ့ရပါတယ် ...လူထုကတော့ထွက်လာမှာမဟုတ်ဘူး ထွက်လာမယ့် ခင်ဗျားတို့ကိုပဲ လူထုက စောင့်နေတယ်ခွေးမောင်းသလိုမောင်းထုတ်ဘို့...
ဝရဇိန်