xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ကိုယ့်ပေါင် ကိုယ်လှန်ထောင်းကြမယ် ဆိုပါရင်

Monday, March 7, 2011

ကိုယ့်ပေါင် ကိုယ်လှန်ထောင်းကြမယ် ဆိုပါရင်

မြန်မာနိုင်ငံအပေါ် မီဒီယာ နည်းလမ်း မျိုးစုံနဲ့ အနောက်နိုင်ငံ အများစုက ပြောဆို စွပ်စွဲမှုတွေ အများကြီး ရှိပါတယ်။ အဲဒီ အကြောင်း အရာတွေကို အခြေခံပြီး နိုင်ငံရပ်ခြားမှာ စားရေး သောက်ရေး နေရေး ထိုင်ရေး အဆင်ပြေဖို့ ကိုယ့်နိုင်ငံ မကောင်းကြောင်း တစ်တစ်ခွခွ ပြောကြတဲ့ အသားထဲက လောက်ကောင်တွေလည်း ရှိသပေါ့ဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံ တစ်နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ ရပ်တည်ကြရာတွင် အခက်အခဲတွေ မပြည့်စုံမှုတွေ လိုအပ်ချက်တွေ ဆိုတာ နေရာအလိုက် ကဏ္ဍ အလိုက် ရှိနေကြမှာ ဖြစ်နေကြမှာ ဓမ္မတာ ပါပဲဗျာ။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ ချိုးဖောက် နေတယ်။ လူကုန်ကူးမှုတွေ ရှိနေတယ်။ ဒါကြောင့် မြန်မာ့နိုင်ငံရေး အခြေအနေ အတွက် အလွန်ကိုမှ စိုးရိမ်စရာ အခြေအနေ ပါလို့ မကြာခဏ ပြောပြောနေတဲ့ အမေရိကန် နိုင်ငံ အကြောင်း ကို လေ့လာကြည့်ကြ ရအောင်ဗျာ။ ၂၀၁၀ ပြည့်နှစ် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အစီရင်ခံစာအရ တစ်ကမ္ဘာာလုံးမှာ လူကြီး လူငယ် ၁၂.၃ သန်းခန့်ဟာ အတင်းအကြပ် အလုပ်စေခိုင်းခံရမှု၊ ကြွေးမြီဖြင့် ခိုင်းစေခံရခြင်းတွေ နဲ့ အဓမ္မ ပြည့်တန်ဆာ လုပ်မှု ခံနေကြရတယ်လို့ ဆိုထားပါတယ်။ အဲဒီထဲကမှ ၄၁၆၆ မှုသာ တရားစွဲဆို နိုင်တယ်လို့ ပါရှိပါတယ်။ တကယ်တော့ ကမ္ဘာပေါ်မှာ လူကုန်ကူး ခံနေရသူက ခြောက်သောင်းကနေ ရှစ်သောင်းကြားမှာ ရှိပါတယ်။ အဲဒီထဲကမှ နှစ်စဉ် အမေရိကန် နိုင်ငံကို လူကုန်ကူးခံ ရောက်ရှိလာတာက ၁၄၅၀၀ ကနေ ၁၇၅၀၀ ဦးအထိ ရှိတယ်လို့ အမေရိကန်တို့က ခန့်မှန်းကြပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ တရားရေးဌာန အစီရင်ခံစာအရ အမေရိကန် လူငယ်ပေါင်း ၂၅၀၀၀ ကျော်ဟာ
လိင်ပိုင်းဆိုင်ရာ စီးပွားရေး ခေါင်းပုံဖြတ် ခံနေရတယ် လို့လည်း ဆိုကြပါတယ်။ ဒီမိုကရေစီ စံပြပါလို့ ပြောနေတဲ့ နိုင်ငံ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ဘယ်နိုင်ငံက မတရားဘူး၊ ဘယ်နိုင်ငံကတော့ဖြင့် ဘယ်လို ချိုးဖောက်မှုတွေ လုပ်နေပါတယ်ဆိုပြီး ကုလသမဂ္ဂ အနေနဲ့ ဘယ်လို ဖြေရှင်းသင့်တယ်၊ အမေရိကန်တို့က ဘယ်လို ၀င်ဖြေရှင်းရမယ် စတဲ့ ကမ္ဘာ့ခုံရုံး သမာဓိတွေ သဖွယ် ပြုကျင့်နေတဲ့ အမေရိကန် နိုင်ငံရဲ့ လူသား အခွင့်အရေးတွေ အပေါ် လစ်လျူရှုမှု ချိုးဖောက်မှုတွေကို ဘယ်နိုင်ငံတွေက ထောက်ပြ ကြမှာလဲ၊ ဘယ်အဖွဲ့ အစည်းတွေက ပြုပြင် ပေးကြမှာလဲ။ ဒီမေးခွန်ဟာ ကမ္ဘာကြီး ငြိမ်းချမ်းရေး တရားမျှတရေး အတွက် တကယ်ကို အဓိက ကျတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်မြန်မာနိုင်ငံ အပေါ် ကိုယ်ပေါင် ကိုယ်လှန် ထောင်းနေ တတ်ကြတဲ့ မျိုးမစစ် မျိုးမချစ်တွေ နားလည် ခံစား စေတတ်တဲ့ အကြောင်းအရာ တစ်ရပ်ကို ချပြဆွေးနွေးခြင်းသာ ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်။ 
မောင်မင်းချင်း ( ကျေးစေတမန် )