xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သတင်းခေါင်းစဉ်များကပြောသော သတင်းဌာနများ၏ အတွင်းသရုပ်

Friday, March 4, 2011

သတင်းခေါင်းစဉ်များကပြောသော သတင်းဌာနများ၏ အတွင်းသရုပ်

သတင်းခေါင်းစဉ် တွေကိုဖတ်လိုက်တာနဲ့ ဒီသတင်းဌာန ဟာ ဘယ်သူကို ကိုယ်စားပြုတယ် ဘာကို ဦးတည်နေတယ်ဆိုတာသိသာပါတယ် သခင်အားရ ကျွန်ပါးဝ သတင်းဌာန တွေအများကြီးထဲက ဒီနေ့တော့ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီ သတင်းဌာန ရဲ့ မတ်လ ၄ ရက်နေ့ ပင်မစာမျက်နှာက သတင်းခေါင်းစဉ်တွေ ကို ကြည့်ကြရအောင်ပါ......လက်ရှိအစိုးရကို အပြစ်တင် အပုတ်ချ ဒေါ်စုကြည် ၊ အမေရိကန်နဲ့ ၊ လက်နက်ကိုင် သောင်းကျန်သူတွေကို အမွှန်းတင် ထားတဲ့ ကျွန်စော်နံတဲ့  သတင်းဌာန ဖြစ်ကြောင်း အထင်းသား ပေါ်နေပါတယ်..


- မြန်မာမူးယစ် နှိမ်နင်းမှု ပေါ့လျော့ဟု အမေရိကန်ပြော

-ယာယီနိုင်ငံကူး လက်မှတ်ဖြင့် မြန်မာပြည်ပြန်သူများ ငွေညှစ်ခံရ

 

-ကလေးစစ်သား စုဆောင်းမှုများ ဆက်လက်တိုးမြင့်ဆဲ

 

-အင်းစိန် ဗုံးကွဲမှု ဂယက် နိုင်ငံရေး အကျဉ်းသားဟောင်းများကို ရိုက်ခတ် 

 

-နေပြည်တော် ဆောက်လုပ်ရေး လုပ်သားများ ခေါင်းပုံဖြတ်ခံနေရ

 

-ကဒါဖီ သင်ခန်းစာနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

 

-ပင်လုံကဲ့သို့ ညီလာခ့တစ်ခု ကျင်းပသင့်

 

-တိုက်လေယာဉ် ပထမအသုတ် မတ်လအတွင်းရောက်မည်

 

-အရေးကြီးပြီ သွေးနီးကြစို့

 

-အကျဉ်းထောင်ထဲက ရွှေရတု ဇာဂနာ

 

ဒီသတင်းဌာနကိုဦးဆောင်နေသူဟာ.. ငွေကြေးမလိမ့်တပတ်မှုနဲ့ နာမည်ပျက်ရှိသူဖြစ်ပြီး အထောက်အပံ့ တွေဖြတ်တောက်ခဲ့ တဲ့အဖွဲ့အစည်းတွေကို မထောက်ပံ့တော့တဲ့အခါ အ မနာပ ပြောဆိုတတ်သူ ဖြစ်တာကြောင့် လက်ရှိထောက်ပံ့နေသော အဖွဲ့ အစည်းများကလဲ ဆက်လက် ထောက်ပံ့ရေး ပြန်လည်စဉ်းစားနေတာကြောင့် လောလောဆယ် ပုံနှိပ်ထုတ်ဝေ တဲ့ သတင်းဂျာနယ်ကို ရပ်ဆိုင်းထားရပြီး ၀န်ထမ်းများလည်းလျော့ချကာ ရပ်တည်ရေး အတော်ကြိုးစားနေ ရတယ်လို့လည်း ပြောဆိုမှုများ ရှိကြောင်း သတင်းရရှိပါတယ်။