xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြန်မာ့ဂြိုဟ်တု လွှတ်တင်ရေး ကော်မတီများ ဖွဲ့စည်းပြီး

Saturday, March 12, 2011

မြန်မာ့ဂြိုဟ်တု လွှတ်တင်ရေး ကော်မတီများ ဖွဲ့စည်းပြီး

တရုတ်နိုင်ငံမှ လူမဲ့ဂြိုလ်တုတစ်ခု လွှတ်တင်နေစဉ်

နိုင်ငံတော်၏ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးကဏ္ဍအား စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်အတွက်  နိုင်ငံတော်ပိုင် ဆက်သွယ်ရေးဂြိုဟ်တု  လွှတ်တင်ရေး    ဗဟိုကော်မတီ နှင့် လုပ်ငန်းကော်မတီအား   ဖွဲ့စည်းပြီးဖြစ်ကြောင်း ၂ဝ၁၁ ခုနှစ်    ဇန်နဝါရီ ၁၅ရက်နေ့စွဲပါ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအမိန့်ကြော်ငြာ စာအမှတ် ၁၁/၂ဝ၁၁ တွင် ဖော်ပြပါရှိသည်။ အဆိုပါ ဗဟိုကော်မတီတွင် အဖွဲ့ဝင် ၅ ဦးပါရှိကာ နာယက အဖြစ် အတွင်းရေးမှူး(၁)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၊ ဥက္ကဋ္ဌအဖြစ် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနဝန်ကြီးတို့မှ ဆောင်ရွက်မည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့မှ တာ ဝန်ရှိသူများ ပါဝင်သည်။
ယင်းကော်မတီအနေဖြင့် နိုင်ငံတော်ပိုင် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရေးဆိုင်ရာ မူဝါဒများ ချမှတ်ပေးခြင်း၊ ဂြိုဟ်တုလွှတ်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ စာချုပ်စာတမ်းများ အတည် ပြုနိုင်ရေးလမ်းညွှန် ဆောင်ရွက်ခြင်းနှင့် အာကာသဆိုင်ရာနည်းပညာများ ရရှိပြန့်ပွားနိုင်ရေး လမ်းညွှန်ဆောင်ရွက်ခြင်းများကို လုပ် ဆောင်မည်ဖြစ်သည်။
လုပ်ငန်းကော်မတီတွင် အဖွဲ့ဝင် ၇ ဦးပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် ဆက်သွယ်ရေးညွှန်ကြားရေးမှူး၊ ဆက် သွယ်ရေး ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းရေးမှူးအဖြစ် ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနတို့မှ တာဝန်ယူကာ သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာန၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပါဝင်သည်။
အဆိုပါ ကော်မတီ၏လုပ်ငန်း တာဝန်များမှာ
နိုင်ငံတော်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တုလွှတ်တင်ရေး ဆိုင်ရာလုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက် နိုင်ရန် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်မှုများကို ဗဟိုကော်မတီသို့ တင်ပြ၍ လမ်းညွှန်မှု ခံယူခြင်း၊ ပြည်တွင်းပြည်ပ ပညာရှင်များ ပေါင်းစည်း၍ ဂြိုဟ်တုနှင့်အာကာသ နည်းပညာဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ဂြိုဟ်တုတည်ဆောက်ခြင်း၊ လွှတ် တင်ခြင်း၊ ထိန်းချုပ်ခြင်း၊ သုံးစွဲခြင်း နှင့် အခြားလိုအပ်သည့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များ စီမံဆောင်ရွက် ခြင်း၊ International Telecom munication Union (ITU) အပါအဝင် ပြည်ပအဖွဲ့အစည်းများနှင့်  ဆက်သွယ်ရေးနှင့်အာကာသဆိုင် ရာလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက် ခြင်း၊ သဘောတူညီမှုကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် အာကာသဆိုင်ရာ နည်းပညာများ ရရှိပြန့်ပွားနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ ဖြစ်ကြောင်းသိရသည်။
ပေါ်ပြူလာနယူးစ်