xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မြ၀တီမြို့နှင့် ပတ်ဝန်းကျင်တွင် လက်ကမ်းစာစောင်များဖြန့်ဝေ

Saturday, March 26, 2011

မြ၀တီမြို့နှင့် ပတ်ဝန်းကျင်တွင် လက်ကမ်းစာစောင်များဖြန့်ဝေ


ပုံပေါ်နှိပ်၍ အကြီးချဲ့ကြည့်ရှုနိုင်ပါသည်


ကရင်ပြည်နယ် မြ၀တီမြို့ ပေါ်နှင့် ပတ်ဝန်းကျင်ဒေသများတွင်  ပြီးခဲ့သည့်နှစ် နိုဝင်ဘာ လ ၇ ရက်မှ စတင်၍ အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်များကို ချိုးဖေါက်ကာ ဗိုလိနှုတ်ခမ်းမွှေး ဦးဆောင်သော DKBA ခွဲထွက် တပ်ဖွဲ့များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံး ဒဏ်ရာရ ရှိပုံ ၊ဒေသခံများ တဖက်နိုင်ငံသို့ ဘေးလွတ်ရာပြေးရင်း အတိ ဒုက္ခ ရောက်ရပုံ ဗိုလ်နှုတ်ခမ်းမွှေး၏ ဦးဆောင်မှု ညံ့ ဖျင်းသဖြင့်၎င်း လက်နက်ကိုင်လမ်းစဉ်ကို မနှစ်သက်တော့၍၄င်း ဗိုလ်နှုတ်ခမ်းမွှေး ၏လက်အောက်မှ တပ်ဖွဲ့ဝင်များသည် မိမိတပ်မတော်စစ်ကြောင်းများဖြင့် လာရောက်ပူးပေါင်း နေပုံများ ဆက်လက် ၀င်ရောက်လာမည့်သူများအား လက်ကမ်းကြိုဆိုကြောင်း ဖေါ်ပြပါရှိ သည့် "ရွှေလက်ကမ်းလို့ ကြိုလင့်လျက် " အမည်ရှိ လက်ကမ်းစာစောင်များအား ဒေသဆိုင်ရာ တာဝန်ရှိသူများ နှင့် ငြိမ်းချမ်းရေး လိုလားသူများက ယခုရက်ပိုင်းများတွင် လိုက်လံဝေ ငှလျက်ရှိကြောင်း သတင်းရရှိ ပါသည်။