xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: UnionPay ကတ်သုံးနိုင်မည့် စာရင်း၌ မြန်မာပါဝင်

Monday, March 21, 2011

UnionPay ကတ်သုံးနိုင်မည့် စာရင်း၌ မြန်မာပါဝင်

ကမ္ဘာ့နာမည်ကြီးဘဏ် တစ်ခုဖြစ်သည့် Citibank အနေဖြင့် မြန်မာနိုင်ငံ အပါအ၀င် အာရှခုနစ်နိုင်ငံတွင် တရုတ်နိုင်ငံ၏ UnionPay cards များကို လက်ခံသုံးစွဲနိုင်ရန် တရုတ် ဘဏ်ကတ်အသင်းနှင့် Citibank တို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း ယခုလ ၁၀ ရက်နေ့တွင် ရှင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။
အဆိုပါသတောတူညီချက်ကို ယခုလ ၁၇ ရက်နေ့တွင် China's Bankcard Association ၊ China UnionPay တို့ က Citibank နှင့် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။ 


ယင်းသဘောတူညီချက်အရ Union Pay cards များ အသုံးပြုခွင့်ရ အာရှ ခုနစ်နိုင်ငံမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာ နှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ကြောင်း၊ ယင်းကတ် ကိုင်ဆောင်သူများအတွက် အွန်လိုင်းဆားဗစ်ကိုလည်း Citibank က မကြာခင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီလုပ်ဆောင်ချက်ဟာ အာရှနိုင်ငံတွေမှာ စီးပွားရေး ပိုတိုးချဲ့လာလိမ့်မယ်။ Citibank နဲ့ ကမ္ဘာလုံးဆိုင်ရာ နက်ရှိုင်းတဲ့ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုတွေလည်း ဖြစ်လာလိမ့်မယ်"ဟု China UnionPay မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
Credit : Myanmar Time