xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: ရေရှည်စစ်ပွဲ ဆင်နွှဲသွားမည်ဟု လစ်ဗျားခေါင်းဆောင် ကဒါဖီ ပြောကြား

Sunday, March 20, 2011

ရေရှည်စစ်ပွဲ ဆင်နွှဲသွားမည်ဟု လစ်ဗျားခေါင်းဆောင် ကဒါဖီ ပြောကြား

 အောက်ဖေါ်ပြပါဓါတ်ပုံတွေကတော့ အမေရိကန်နဲ့ အနောက်အင် အားကြီးနိုင်ငံတွေက လစ်ဗျားကို စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ပြီး လစ်ဗျားနိုင်ငံ ဘန်ဂါဇီ ( Benghazi ) မြို့ အနီးမှာပေါက်ကွဲမှုတွေ ဖြစ်နေတာ ဖြစ်ပါတယ် ။
ဒီတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ အနည်းဆုံး ၁၅၀ခန့်ဒဏ်ရာရရှိပြီး ၄၈ ဦးသေဆုံးခဲ့တယ်လို့ လစ်ဗျားနိုင်ငံပိုင် ရုပ်မြင်သံကြားက ကြေငြာ သွားပါတယ် ။ ဒီထက်ပိုနိုင်တယ်လို့လဲ အကဲခတ်များက သုံးသပ်နေကြပါတယ် ။


လစ်ဗျားခေါင်းဆောင် ကဒါဖီကတော့ ရေရှည်စစ်ပွဲကို ဆင်နွှဲ သွားမှာဖြစ်ကြောင်း တုန့် ပြန်ပြောဆိုခဲ့ပါတယ်။
အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက အခုလို လစ်ဗျားနိုင်ငံ အရေးကို ၀င်ရောက် စွက်ဖက်နေတာဟာ လုံးဝ တရားမျှတမှု မရှိဘူးလို့ တိုင်းပြည်ကို ရုပ်မြင်သံကြားကတဆင့် တယ်လီဖုန်းနဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ မစ္စတာ ကဒါဖီက ထည့်သွင်း ပြောကြားလိုက်တာပါ။ အခုလို လေကြောင်းက တိုက်ခိုက်မှုဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ တူတယ်လို့ ဆိုပါတယ်။
ကဒါဖီ၏သားဖြစ်သူ Saif al - Islam ကတော့အနောက်အုပ်စုတွေရဲ့ ခုလုပ်ရပ်ဟာ ကြီးမားတဲ့ အမှားတစ်ခုဖြစ်ကြောင်း  ABC သတင်းဌာနကိုပြောကြားခဲ့ပါတယ်။