xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: NLD ၏ အရက်သမားကွန်ယက်

Friday, March 25, 2011

NLD ၏ အရက်သမားကွန်ယက်

မြန်မာနိုင်ငံတွင် လယ်သမားများ၏ အကျိုးကို ထိရောက်စွာ ဖော်ဆောင်ရေး အတွက် လယ်သမား ကွန်ရက်ကို ၂၀၁၁ ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် ဖွဲ့စည်း လိုက်တယ်လို့ ဆိုပါတယ်။ NLD ဗဟို အစည်းအဝေးခန်းမမှာ မတ်လ(၉)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဧရာဝတီတိုင်း စည်းရုံးရေး ခေါင်းဆောင်များ၊ မြို့နယ် စည်းရုံးရေး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင် တက်ရောက်လာကြသော NLD အဖွဲ့ဝင် တောင်သူ လယ်သမားများ စုစည်းပြီး လယ်သမားကွန်ရက်ကို ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလယ်သမား ကွန်ရက်မှာ ပါတဲ့ လယ်သမားဆိုတဲ့ ငနဲတွေ အကြောင်း ပြည်သူတွေ သိအောင် ပြောပြချင်ပါတယ်။
အရင်ဆုံး ပြောလို တာကတော့ အဲဒီ လယ်သမားကွန်ရက်မှာ ပါဝင်သူတွေဟာ ဘယ်သူတွေ ဖြစ်တယ် ဆိုတာပါပဲ။ NLD က ဒေါ်စုကြည်တို့ ဦးတင်ဦးတို့ ဦးဝင်းတင်တို့က လယ်သမားတွေ ပါလို့ ပြည်သူကို ကြေညာပြီး လယ်သမားကွန်ရက်မှာ ပါဝင်ကြသူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

၁။ ဦးမန်းညွန့်သိန်း(ပန်းတနော်)
၂။ ဦးရွှေလှကြိုင်(ကံကြီးဒေါင့်)
၃။ ဦးသန်းထွန်းအေး(ကံကြီးဒေါင့်)
၎။ ဦးဝင်းထွန်း(ကျောင်းကုန်း)
၅။ ဦးမန်းဂျော်နီ(ကျုံပျော်)
၆။ ဦးအောင်ခင်ဘို(ဘိုကလေး)
၇။ ဦးသောင်းအေး(မအူပင်)
၈။ ဦးမောင်မောင်ကြီး(အိမ်မဲ)
၉။ ဦးကျော်မြင့်(ဇလွန်)တို့ ဖြစ်ကြပါတယ်။
ပန်းတနော်က မန်းညွန့်သိန်းဟာ ပန်းတနော်မြို့နယ်က ပြလင်း၊ မိန်းမပြေးရွာ တွဲဖက်အထက်တန်းကျောင်းနဲ့ အလယ်တန်း ကျောင်းတွေမှာ ကျောင်းဆရာ လုပ်ခဲ့ပြီး အခုချိန်မှာ ယောင်ခြောက်ဆယ်နဲ့ နိုင်ငံရေး ယောင်ယောင် ဘာယောင်ယောင် လုပ်နေတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ဘယ်လယ် ဘယ်ယာကိုမှ စိုက်ပျိုး လုပ်ကိုင်နေတဲ့ လယ်သမား တစ်ယောက်မဟုတ်ပါဘူး။
မအူပင်က ဦးသောင်းအေးဟာလည်း မူလတန်းနဲ့ အလယ်တန်း ကျောင်းဆရာ အဖြစ် လုပ်ခဲ့ပြီး အခုအချိန်မှာ မအူပင်မှာ နိုင်ငံရေး အကြောင်းပြပြီး ခပ်တည်တည်နဲ့ မိုးလုံးပြည့် မုသားတွေကို မစားရ၀ခမန်း ပြောနေတဲ့ အပြောကြီးသူ တစ်ယောက်အဖြစ် နာမည်ကြီးသူပါ။ လယ်သမားလို့ အမည်ခံရ လောက်အောင် လယ်ကို ဘယ်လိုထွန်ရတယ်၊ ဘယ်အချိန် ဘယ်အခါမှာ ပျိုးနှုတ်၊ ကောက်စိုက်၊ ကောက်ရိတ်ရတယ် ဆိုတာတောင် မသိပါဘူး။ အဲဒါကို NLD က လယ်သမားကွန်ရက်ထဲမှာ လယ်သမားအဖြစ် နာမည်တပ်ပြီး ထည့်ထားတာ ပြည်သူလူထုကို လိမ်နေတာပဲ မဟုတ်ပါ လားဗျာ။
ကျုံပျော်က မန်းဂျော်နီကလည်း ပုသိမ် ဆင်ခေါင်းကြီးရွာ ဇာတိဖြစ်ပြီး အလယ်တန်းပြ၊ အထက်တန်းပြ ကျောင်းဆရာအဖြစ် လုပ်ကိုင် ခဲ့ပြီး မြို့နယ် ပညာရေးမှူးကနေ အငြိမ်းစားယူထားတဲ့သူပါ။ သူ့အနေနဲ့ လယ်လုပ်ဖို့ နေနေသာသာ လယ်အကြောင်း လယ်သမား ဘ၀ကိုတောင် သေသေချချာ ဂဃနဏ သိတဲ့လူ မဟုတ်ပါဘူး။ အခုလို NLD ကဖွဲ့တဲ့ လယ်သမားကွန်ရက်မှာ မန်းဂျော်နီကို ထည့်ထားတာက ဧရာဝတီတိုင်းက ဖြစ်လို့ လယ်သမားဆိုတဲ့ ခေါင်းစဉ်တပ်လိုက်တာမျိုး ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို အသေအချာမသိတဲ့ ပြည်ပ သတင်းဌာနတွေ ပြည်ပြေးတွေနဲ့ ကောလဟလကို အယုံကြီး ယုံတတ်ကြတဲ့ တိုင်းဆူပြည်ဖျက်ရေး သမားတွေကတော့ မှန်မှာပဲ ဟုတ်မှာပဲလို့ တစ်ထစ်ချ ယုံကြည်နေကြမှာပေါ့ဗျာ။
နောက်တစ်ယောက်တော့ ဇလွန်က ဦးကျော်မြင့်ပါ။ သူကတော့ ဇလွန်မြို့နယ် ရေဘော်သောင် ကျေးရွာသား ဖြစ်ပြီး လယ်ယာ စိုက်ပျိုးစားတဲ့ သူမဟုတ်ပါဘူး။ ဇလွန်မြို့မှာ ဟောင်ဖွာဟောင်ဖွာနဲ့ ဒီမိုကရေစီကို ကျုပ်တို့ NLD သာ ဖော်ဆောင်နိုင်တယ်၊ ဒါကြောင့် NLDကို မြို့နယ်သား အားလုံးက ထောက်ခံကြရမယ်၊ ကျုပ်တို့လုပ်ရပ်တွေ အားလုံးက မှန်ကန်တယ်ဆိုပြီး လမ်းကြိုလမ်းကြား၊ အိမ်ကြိုအိမ်ကြားမှာ နိုင်ငံရေး သူရဲကောင်းကြီးသဖွယ် နေ့နေ့ညည လိုက်ပြောနေတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ အဲဒီလို လူမျိုးကို လယ်သမားအဖြစ် ခေါင်းစဉ်တပ်ပြီး လယ်သမားကွန်ရက်မှာ ပါဝင်ဖွဲ့စည်းထားတဲ့ NLD ရဲ့ ပြည်သူကို လှည့်စား လှည့်ဖြားချက်တွေကို တင်ပြလိုခြင်း ဖြစ်ပါတယ်။ အဲဒီလူတွေဟာ အများစုက အရက်သမားတွေပါ။ NLD အနေနဲ့ တကယ်တမ်း ဖွဲ့သင့်တာက လယ်သမားကွန်ရက်မဟုတ်ပါဘူး၊ အဲဒီအဖွဲ့ကို အရက်သမားကွန်ရက် လို့ အမည်ပေးသင့်ပါတယ်။ ဒါကြောင့် အခု NLD ရဲ့ ပြည်သူကို လှည့်စားချက်တွေဟာ ပြည်သူတွေ သိအောင် တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။
မောင်မင်းချင်း